Assault On Wall Street

Assault On Wall Street

2

Jim အာမခံ Company က Truck ကားမောင်း တဲ့ လူရိုး တစ်ယောက် ဖြစ်ပါတယ်။ ရိုးသား ကြိုးစားပြီး သူ့ရဲ့ ဇနီး ဖြစ်သူ Rosie ကိုလဲ အရမ်း ချစ်ပါတယ်။ Rosie ဟာ ကျန်းမာရေး မကောင်းလို့ ဆေးကုသမှု ခံယူ နေရသူလဲ ဖြစ်ပါတယ်။ နှစ်ယောက် စလုံးမှာ သားသမီး လိုချင်တဲ့ ဆန္ဒ ရှိပေမယ့် Rosie ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် မယူ ဖြစ်ခဲ့ ကြပါဘူး။

Rosie ရဲ့ ကျန်းမာရေး အမြန်ဆုံး သက်သာဖို့ အတွက် အသုံးပြု ရတဲ့ ဆေးဖိုးဟာ များလွန်းပါတယ်။ ဒါပေမယ့် ဇနီးကို သိပ်ချစ်တဲ့ Jim အတွက်တော့ အခက်အခဲ တွေရှိပေမယ့် Rosie ကို အသိမပေးပဲ ဖြေရှင်း နေခဲ့ရာကနေ ဆိုးရွားတဲ့ အမေရိကန် စီးပွားရေးကပ် ရဲ့ ရိုက်ခက် မှုကို Jim တစ်ယောက် ခံခဲ့ ရပါတော့တယ်။ ငွေတိုးပွားအောင် အရင်းထည့်ပြီး ရင်းနှီး မြုတ်နှံထားတဲ့ လုပ်ငန်းတွေကလဲ ဒေဝါလီခံ ကုန်ကြတဲ့ အပြင် Jim အနေနဲ့ ပေးဖို့ ဒေါ်လာ ၆၀၀၀၀ တောင် အကြွေး ပြန်တင်ခဲ့ ပါသေးတယ်။

ဒေါ်လာ ၆၀၀၀၀ ပေးဖို့ မဖြစ်နိုင်လို့ ရှေ့နေငှားပြီး တရားဆွဲဖို့ စီစဉ် ခဲ့ပေမယ့် ရင်းနှီး မြုတ်နှံထားတဲ့ လုပ်ငန်းတွေက ဒေဝါလီခံ ပြီးသား ဖြစ်နေလို့ အကြောင်း မထူး ခဲ့ပါဘူး။ Jim အလုပ်လုပ် နေတဲ့ Company ကလဲ အာမခံ Company ဖြစ်နေတဲ့ အတွက် အကြွေးတွေနဲ့ ရင်ဆိုင် နေရတဲ့ Jim ကို အလုပ်မှာ ဆက်ထားလို့ မဖြစ်နိုင်တော့လို့ အလုပ်ကနေ ရပ်နား လိုက်ကြပါတယ်။ တစ်ချိန်ထဲ မှာပဲ အကြွေးနဲ့ ဝယ်ယူထားတဲ့ Jim နဲ့ Rosie တို့ရဲ့ အိမ်ဟာလဲ ပြန်လည် သိမ်းယူ ခံရဖို့ သေခြာ သွားခဲ့ပါတယ်။

ဇနီးသည်ကို ဘာမှ မပြောပြပဲ တစ်ယောက်ထဲ ဖြေရှင်းဖို့ ကြိုးစား နေပေမယ့် မထင်မှတ်ပဲ Rosie က သိသွားပြီး သူရဲ့ ဆေးကုသ စရိတ်ကြောင့် ဒီလို ဖြစ်ရတာလို့ ထင်ပြီး စိတ်ဓါတ်တွေ ကျသွားတဲ့ Rosie ဟာ Jim အပြင် သွားနေတဲ့ အချိန် ကိုယ့်ကိုကိုယ် သတ်သေ သွားခဲ့ပါတယ်။ အရာအားလုံး ဆုံးရှုံး သွားတဲ့ Jim တစ်ယောက် စိတ်လေပြီး လျှောက်သွား နေတဲ့အချိန်မှာ သူရင်းနှီး မြုတ်နှံထားတဲ့ ဒေဝါလီ ခံသွား ပြီးသား လုပ်ငန်း ပိုင်ရှင်တွေရဲ့ ပျော်ပါးနေကြတဲ့ ညစာစားပွဲကို တွေ့သွားပြီး…

ဒါရိုက်တာ Uwe Boll ရဲ့ 97 မိနစ် ရှည်တဲ့ Drama Thriller ဇာတ်ကားကို Dominic Purcell, Erin Karpluk နဲ့ Edward Furlong တို့က ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

2 Comments

Leave a Reply