ကမ္ဘာ့နာမည်အကြီးဆုံး သေကြောင်းကြံစည်မှုများ

ကမ္ဘာ့နာမည်အကြီးဆုံး သေကြောင်းကြံစည်မှုများ

0

လူတစ်ယောက် တခြားလူတစ်ယောက်ကို သတ်ဖို့ဆိုတာ ခွေးလေး၊ ကြောင်လေးတွေကို သတ်တာလောက်မလွယ်သလို ခွေးလေး၊ ကြောင်လေးတွေကို သတ်ဖို့ကိုတောင် တော်တော်လေး စိတ်သွင်းရတာမျိုးပါ(လက်ယှဉ်နေတဲ့ သားသတ်သမားတွေကို မဆိုလို)။ ကျွန်တော်တို့ လူသားတွေဆိုတာ တော်တော်များများက စိတ်ထားနူးညံကြပါတယ်။ သနားတတ်တဲ့ စိတ်ခံရှိနေကြပါတယ်။

ဆိုတော့ လူတစ်ယောက်ကို သတ်ဖို့ ဝေးစွ၊ သက်ရှိသတ္တဝါတစ်ကောင်ကောင်ကို သတ်ဖို့တောင် စိတ်က တွန်းအားပေးမနေပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို သတ်ဖို့မပြောတောင် မဖြစ်နိုင်ရင် ကိုယ်အသတ်ဆိုရင်ကော သေကြောင်းကြံစည်ဖို့ ပိုမဖြစ်နိုင်ဘူးမလား။ ဒါပေမယ့် ကိုယ့်အသက်ကို ဂရုစိုက်ဖို့ အရေးထက် စိတ်ပိုညစ်ထေးလာခဲ့ရသူတွေဟာ သေကြောင်းကြံစည်ဖို့ ဖြစ်လာပါတယ်။ အခုပြောပြပေးမှာကတော့ သူ့တို့ခေတ်၊ သူတို့အနေအထားမှာ အောင်မြင်မှုတွေရခဲ့တဲ့ နယ်ပယ်အသီးသီးက သူတွေရဲ့ သေကြောင်းကြံစည်မှုတွေပဲဖြစ်ပါတယ်။

The Most Beautiful Suicide

McHale က သူရဲ့ သာမာန်ဘဝလေးမှာ ကိုယ့်ဘဝကို ဦးဆောင်နိုင်သူဖြစ်ပေမယ့် သူမရဲ့ သေဆုံးမှုက အရမ်းကို ထူးခြားပါတယ်။ သူမကို Helen နဲ့ Vincent McHale တို့က California ပြည်နယ်၊ Berkeley မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၃၀ မှာ သူမရဲ့ အဖေနဲ့အမေက ကွာရှင်းခဲ့ကြတို့ သူမတို့ မောင်နှမ ၇ ယောက်က ဖခင်ဖြစ်သူနဲ့ New York မှာ ဆက်လက်နေထိုင်သွားခဲ့ကြပါတယ်။

McHale ဟာ အထက်တန်းကျောင်းနေစဉ်မှာ အမျိုးသမီးစစ်သည်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Baldwin ကို ပြောင်းရွေ့ပြီး Manhattan မှာ စာရင်းကိုင်လုပ်နေစဉ် သူမနဲ့ စေ့စပ်ထားတဲ့ Barry Rodes နဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ Rhodes ရှိရာ Pennsylvania ကို သွားရောက်မလည်ပတ်ရသေးခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ Rhodes ကလည်း နောက်ပိုင်းမှာ McHale သေဆုံးရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာပါတယ်။

၁၉၄၇ မေလ ၁ ရက်နေ့က New York မြို့ Empire Stat အဆောက်အဦးရဲ့ ၈၆ လွှာမှာရှိတဲ့ Observation deck (အထပ်မြင့်အဆောက်အဦးတွေမှာရှိတဲ့ လေ့လာစောင့်ကြည့်တဲ့ နေရာတစ်ခု) ကနေ ခုန်ချပြီး McHale က ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားခဲ့တာပါ။ ဒီလိုသေကြောင်းကြံစည်မှု မလုပ်ခင် သူမဟာ Coat အင်္ကျီကို လက်ရန်းပေါ်မှာ တင်ထားခဲ့ပြီး သေတမ်းစာတစ်စောင်ကို ရေးသားပြီးမှ ခုန်ချသွားခဲ့တာပါ။

သေတမ်းစာထဲမှာတော့ သူမရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်ကြီးကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်စေချင်ကြောင်း နောက်ဆုံးဆန္ဒကို တောင်းဆိုရေးသားထားပေမယ့် သူမရဲ့ ဆန္ဒနဲ့ ဆန့််ကျင်ဘက် ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ ဓာတ်ပုံကျောင်းသား Robert Wiles က ဇိမ်ခံမှန်လုံးကားကြီးပေါ်ကို ၈၆ လွှာကနေ ခုန်ချသေဆုံးသွားတဲ့ ဓာတ်ပုံကို သူမသေဆုံးပြီး ၄ မိနစ်အကြာမှာ ရိုက်ကူးပြီး Public တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ ဘယ်သူမှ မယ်မယ်ရရမသိခဲ့ပါဘူး။

Marilyn Monroe

Monroe ဆိုတာ ကျော်ကြားမှု၊ လှပမှု၊ ကြွယ်ဝချမ်းသာမှုတွေမှာ သူမတူအောင် ရှိနေပါလျက် သူမသေဆုံးဖို့ အတွက် ဘယ်လိုအရာတွေကများ ထိုးနှက်ခဲ့ပါလိမ့်။ Monroe ဟာ  Norma Jean Mortenson မှာ ၁၉၂၆ ဇွန်လ ၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူမဟာ သူမရဲ့ အဖေနဲ့အမေကို ဘယ်တုန်းကမှ မတွေ့ခဲ့ရပဲ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေ ရရှိခဲ့သူပါ။ ဒီလိုအကျိုးဆက်တွေက မွေးစာခံရပြီး ကြီးပြင်းလာခဲ့ရသလို အဆိုပါအိမ်မှာပဲ မကြာခဏ အစော်ကားခံခဲ့ရတာတွေကနေ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

သူမက စိတ်ရောဂါအခြေအနေက ပိုဆိုးလာခဲ့တာကြောင့် စိတ်ကျန်းမာရေးကုသမှုတွေခံခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ည သန်းခေါင်ယံမှာ Monroe ရဲ့ အိပ်ခန်းတွင်းမှာ မီးလင်းနေတာကို သူမရဲ့ အိမ်အကူက Monroe စိတ်ဖောက်နေပြီအထင်နဲ့ စိတ်ကျန်းမာရေးဆရာဝန်ကို ခေါ်ခဲ့ပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်ကတော့ Monroe ရဲ့ အိပ်ခန်းတံခါးကို ဖျက်ပြီးဝင်သွားတဲ့အခါမှာ ဘာမှမတုံ့ပြန်တော့တဲ့ Monroe ကို အိပ်ယာပေါ်မှာ တွေ့ခဲ့ပါတယ်။ သူမကတော့ ဝတ်လစ်စလစ်ဖြစ်နေပြီး မျက်နှာက အောက်ဆိုက်နေကာ လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး နောက်တစ်ဖက်မှာတော့ ဘာမှမရှိတော့တဲ့ ဆေးပုလင်းတစ်ခုကို ကိုင်ထားပါတယ်။ ဒီပုံစံတွေအရဆို သူမကို စိတ်ကျရောဂါတွေက နှိပ်စက်ခဲ့ပုံ ပေါ်လွင်နေပါတယ်။ Los Angeles ရဲဌာနကလည်း ဒီအမှုကို ကိုယ့်ကိုယ်တိုင် ဆေးအလွန်အကျွံသောက်ပြီး သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်သွားခဲ့ပါတယ်။

ဒီသေကြောင်းကြံစည်မှု နှစ်ခုကို ကြည့်မယ်ဆိုရင်တော့ သာမာန်လူ McHale က အသေလှခဲ့တယ်လို့ ပြောရလောက်အောင် ၈၆ လွှာကနေ အကောင်းစာဇိမ်ခံကားပေါ်ခုန်ချသေဆုံးသွားခဲ့တာကြောင့် အလှပဆုံးသေကြောင်းကြံစည်မှုလို့ နာမည်ကြီးခဲ့သလို အရာရာပြည့်စုံနေတဲ့ Monroe ရဲ့ သေဆုံးမှုကတော့ အတော်လေး စဉ်းစားရကြပ်စေတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Leave a Reply