Barcelona အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် Brazil အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ Coutinho

Barcelona အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် Brazil အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ Coutinho

0

ဒီကနေ့ မနက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ Copa America Group A ပွဲစဉ် Brazil နဲ့ Bolivia တို့ရဲ့ ပွဲစဉ်မှာ Brazil အသင်းက Bolivia အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့ ဒဏ်ရာပြဿနာကြောင့် Brazil အသင်းရဲ့ Copa America ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ Neymar ကို မေ့နိုင်လောက်အောင်ပဲ Coutinho က ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Brazil အသင်းအတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်းပြန်စပြီး မိနစ် ၅၀ မှာ Penalty ပြစ်ဒဏ်ဘောမှ တဆင့် Coutinho ကလည်းကောင်း၊ ၅၃ မိနစ်မှလည်း Coutinho ကပဲ သွင်းယူခဲ့ပြီး၊ နောက်ထပ်အနိုင်ဦးဆောင်းဂိုးကိုတော့ လူစားဝင်ကစားသမား Everton ၈၅ မိနစ်မှာ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ Brazil နည်းပြ Tite က Neymar မပါဝင်နိုင်ခဲ့တဲ့ Brazil အသင်းကို အကောင်းဆုံးမောင်းနှင်နိုင်ခဲ့သလို Barcelona အသင်းမှာ ခြေစွမ်းမပြနိုင်လို့ အသင်းက ထွက်ခွာဖို့ သတင်းတွေထွက်နေခဲ့တဲ့ Coutinho ကလည်း နိုင်ငံအသင်းအတွက် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

Brazil အသင်းက ပထမပိုင်းမှာကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးနေခဲ့ပြီး ဂိုးပေါင်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် Bolivia အသင်း နောက်ခံလူတွေနဲ့ ဂိုးသမားတို့က အကြိမ်ကြိမ် ရှင်းထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့လို့ ဂိုးရဖို့အတွက်တော့ ခက်ခဲနေခဲ့ရပါတယ်။ Brazil အသင်းက ဒုတိယပိုင်းမှ ပိုမိုဖိအားပေးပြီး ကစားနိုင်ခဲ့တာကြောင့် Bolivia ခံစစ် ပြိုဆင်းသွားခဲ့ပြီး Brazil အသင်းက ပွဲဦးထွက်နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။

Leave a Reply