အချစ်နဲ့သွားတဲ့ခရီးမှာ ကြည်နူးစရာတွေ ဖန်တီးကြမယ်

အချစ်နဲ့သွားတဲ့ခရီးမှာ ကြည်နူးစရာတွေ ဖန်တီးကြမယ်

0

ချစ်သူနဲ့ခရီးသွားတယ်ဆိုတာ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်၊ ဘဝအမောတွေကို အပြန်အလှန် နှစ်သိမ့်ရင်း ပျော်စရာတွေကိုတူတူမျှဝေနိုင်လို့ တကယ်ကိုအကျိုးထူးပါတယ်နော်။ ဒါကြောင့် ခရီးထွက်တဲ့အခါ ချစ်သူတွေအနေနဲ့ ပျော်ရွှင်ဖွယ်အခိုက်အတန့်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ဖန်တီးသင့်လဲ ဆိုတာ ဝေမျှပေးလိုက်ပါတယ်။

* စိတ်ကိုပျော်ပျော်ထားပါ။

လမ်းခရီးမှာ စိတ်ညစ်စရာတွေ့ရင်တောင်မှ ရေယ်မောပါ့ပါးစွာနဲ့ အသေးအမွှားကိစ္စတွေကို လစ်လျူရှုပြီး ပျော်ရွှင်ဖွယ်ခရီးဖြစ်အောင်သာ ဂရုစိုက်ပေးပါ။

* နားလည်ခွင့်လွှတ်ပေးပါ။

တစ်ခါတလေ ချစ်သူချင်း ဘာမဟုတ်တာလေးနဲ့ စိတ်ဆိုးစိတ်ကောက်တတ်တာကြောင့် ဒါတွေကို စိတ်ထဲမထားဘဲ ရယ်စရာလုပ်ပြီး တစ်ဖက်လှည့်နဲ့ ကျော်လွှားလိုက်ပါ။

* တစ်ဦးနဲ့တစ်ဦး အကြိုက်တွေကိုညှိနှိုင်းပါ။

တချို့စုံတွဲတွေက အကြိုက်တူကြပေမယ့် တချို့ကျတော့ အကြိုက်တွေမတူပါဘူး။ ဒါက ပြဿနာတစ်ခု မဟုတ်လို့ အပြန်အလှန်ညှိနှိုင်းပြီး နားလည်မှုတွေ တည်ဆောက်နိုင်ပါတယ်။

* Surprise တစ်ခုခုဖန်တီးပေးပါ။

ချစ်သူနဲ့ခရီးထွက်တာ ပျော်စရာကောင်းပေမယ့် မမေ့နိုင်စရာ အမှတ်တရအနေနဲ့ ဥပမာ – romantic ဆန်ဆန် Dinner တစ်ခုစီစဉ်ပေးတာမျိုး စတဲ့ အံ့သြဝမ်းသာမှုတစ်ခုခု ဖန်တီးပေးသင့်ပါတယ်။ ဒါမျိုးက စိတ်ကောက်နေရင်တောင် ချက်ခြင်းပြေလျော့စေမယ့်အကွက်ဖြစ်တယ်ဆိုတာ မယုံမရှိနဲ့နော် DGR ပရိသတ်ကြီး . . .

Leave a Reply