လက်ထပ်ပြီးသားအမျိုးသမီးတွေက အပျိုမိန်းကလေးတွေထက် စောစောသေဆုံးနိုင်

လက်ထပ်ပြီးသားအမျိုးသမီးတွေက အပျိုမိန်းကလေးတွေထက် စောစောသေဆုံးနိုင်

0

အချက်အလက်အသစ် ထုတ်ပြန်ချက်တွေမှာ လက်ထပ်ပြီးသားမိန်းကလေးတွေက အပျိုမိန်းကလေးတွေထက် ပိုပြီး စောစောသေဆုံးနိုင်တယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှိအမျိုးသမီးရဲ့ ခင်ပွန်းနဲ့တော့ မသက်ဆိုင်ပါဘူး။

အမျိုးသမီးတော်တော်များများက အသက် ၂၅ နှစ်မှာ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်(ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်)မွေးပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ခြံနဲ့ မိသားစုဘဝလေးက ပျော်စရာကောင်းမယ်လို့ ယုံကြည်နေကြပါတယ်။ လူတစ်ယောက်ရဲ့ အမူအကျင့်တွေကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေကတော့ အပျိုမိန်းကလေး၊ ကလေးမရှိတဲ့အမျိုးသမီးတို့က လက်ထပ်ပြီးသား ကလေးအမေတွေထက် အမှန်တကယ်ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်လို့ ဆိုပါတယ်။ ပြီးတို့ သူတို့က အသက်ရှည်ရှည်နေနိုင်တယ်လို့ The Sun မှာ ဖော်ပြခဲ့ပါတယ်။

အမူအကျင့်လေ့လာတဲ့ သိပ္ပံပညာရှင် ပရော်ဖက်ဆာ Paul Dolan ကလည်း ပြီးခဲ့တဲ့ အပတ်က Hay Festival မှာ “ဒါတွေ အားလုံးရှိနေရင် ပျော်ရွှင်မှုမရနိုင်ဘူးဆိုတာ အာမခံတယ်၊ အထူးသဖြင့် လက်ထပ်ပြီးလို့ ကလေးရှိနေရင်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

Leave a Reply