နွေရာသီမှာ မွေးကင်းစ ကလေး အိပ်တဲ့အချိန် ဘယ်လို အဝတ်အစားဝတ်ပေးရမလဲ?

နွေရာသီမှာ မွေးကင်းစ ကလေး အိပ်တဲ့အချိန် ဘယ်လို အဝတ်အစားဝတ်ပေးရမလဲ?

0

မွေးကင်းစကလေးဆိုတာ အရမ်းအေးအောင်ထားလို့မရသလို အဝတ်အစားထူထူတွေဝတ်ပေးပြီး ပူအောင်ထားလို့လည်း မရပြန်ပါဘူး။ နွေရာသီမှာဆိုရင် ဖျားနာတာက ပိုအဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအဝတ်အစားမျိုးဝတ်ပေးမလဲ၊ ဘယ်လိုမျိုး ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါ့မယ်။

၁။ အဝတ်အစား

က။ ပေါ့ပါးတဲ့ ချည်ထည်တွေ ဝတ်ပေးပါ။ ပေါ့ပါးတဲ့ ဂွမ်းထည်၊ ချည်ထည်တွေက သင့်ကလေးကို အေးမြစေပါတယ်။   သိုးမွှေးထည်၊ ထူတဲ့ ဂွမ်းထည်တွေ ဝတ်ဆင်ပေးတာတော့ ရှောင်ကျဉ်သင့်ပါတယ်။ လက်တို  အဝတ်အစားတွေကတော့ နွေရာသီနဲ့ အသင့်တော်ဆုံးပါပဲ။

ခ။ ညဝတ် အင်္ကျီလို အဝတ်လည်း အဆင်ပြေပါတယ်။ ဒီအဝတ်အထည်ကတော့ ကလေးတွေအိပ်တဲ့အခါ သက်တောင့်သက်သာဖြစ်ပြီး ကောင်းစွာအိပ်စက်နိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ အဝတ်အစားတွေဖြစ်ပါတယ်။ ဒီအဝတ်အစားတွေကို နွေရာသီမှာ ကလေးငယ်ကို ညဘက်အိပ်တဲ့ အချိန်၊ တစ်ရေးတမော အိပ်တဲ့အချိန်မှာ ဝတ်ဆင်ပေးနိုင်ပါတယ်။

ဂ။ မျက်နှာကို ရှင်းရှင်းလင်းလင်းဖြစ်မယ့် အဝတ်အစားကို ရွေးပါ။ ခေါင်းစွပ်ပါတဲ့ အင်္ကျီ၊ ကော်လံရှည်တဲ့ အင်္ကျီ တွေကို အိပ်နေတဲ့အချိန်ဝတ်ပေးတာကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီလို အင်္ကျီတွေက ကလေးရဲ့မျက်နှာကို ဖုံးအုပ်ပြီး အသက်ရှုခက်ခဲစေနိုင်သလို ကလေးကို ပူလောင်စေပါတယ်။

ဃ။ ခေါင်းစွပ်မစွတ်ပေးပါနဲ့။ ခန္ဓာကိုယ်အပူချိန်က ပုံမှန်အားဖြင့်တော့ ခေါင်းက ဖြတ်သွားပါတယ်။ လူတော်တော်များကတော့ မွေးကင်းစကလေးရဲ့ ခေါင်းကို ကာကွယ်ဖို့ သို့မဟုတ် သက်တောင့်သက်သာ ဖြစ်စေဖို့ ဆိုပြီး ခေါင်းစွပ်စွတ်ပေးထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးထားတာက နွေရာသီမှာဆိုရင်တော့ ကလေးကို လျင်လျင်မြန်မြန် အပူတွေများစေပါတယ်။

င။ စောင်ထက် Sleepsack ကို သုံးပါ။ အတွေ့အကြုံရှိသူတွေက ကလေးကို စောင်နဲ့ ဖိပြီးသိပ်တာထက် Sleepsack ကို အသုံပြုဖို့ အကြုံပြုထားပါတယ်။ စောင်နဲ့ ဖိပြီးသိပ်ထားတာက အသက်ရှုကြပ်စေနိုင်လို့ပါ။ Sleepsack သုံးတာကိုတော့ ကလေးငယ်ပူနေတဲ့ ပုံစံမြင်ရရင်တော့ ဖယ်ရှားလိုက်ပါ။

၂။ ပတ်ဝန်းကျင်

က။  ပုခတ်ထဲမှာ စောင်၊ ခေါင်းအုံး၊ အရုပ်တွေမထည့်ပေးပါနဲ့။ ကျွမ်းကျင်သူတွေကတော့ ကလေးကို ပုခတ်နဲ့ သိပ်ဖို့ အကြုံပြုထားပါတယ်။ ပုခတ်ထဲမှာတော့ စောင်၊ ခေါင်းအုံး၊ အရုပ်တွေ ထည့်ပေးထားရင် အသက်ရှုကြပ်နိုင်ပေး ကလေးကို ပိုစေနိုင်ပါတယ်။

ခ။ အခန်းထဲမှာ အပူချိန်တိုင်း ကရိယာတပ်ဆင်ပါ။ မွေးကင်းစ ကလေးရဲ့ အခန်းထဲမှာတော့ အပူချိန်တိုင်း ကရိယာတပ်ဆင်ဖို့ လိုအပ်ပြီး အရွယ်ရောက်ပြီးသား ကလေးအတွက်ဆိုရင်တော့ ပူတာ၊ အေးတာကို ဖြစ်စေဖို့ သိပ်မလိုအပ်တော့ပါဘူး။ နွေရာသီမှာတော့ မွေးကင်းစ အိပ်တဲ့အခန်းက အပူချိန် ၇၀ – ၇၂ ဒီဂရီဖာရင်ဟိုက် အတွင်းရှိသင့်ပါတယ်။ ဒါမှ ကလေးက သက်တောင့်သက်သာ အိပ်စက်နိုင်မှာပါ။

ဂ။ ပန်ကာဖွင့်ထားပါ။ အဲကွန်းမရှိလို့ ကလေးငယ်ကို အေးအေးချမ်းချမ်း အိပ်ပျော်စေချင်ရင် အခန်းထဲမှာ ပန်ကာတပ်ထားပြီး ဖွင့်ပေးထားလိုက်ပါ။ ပန်ကာကိုလည်း ကလေးရဲ့ မျက်နှာကို တိုက်ရိုက်လေ မတိုက်စေမယ့် နေရာ၊ ပုခတ်နဲ့ နည်းနည်းဝေးဝေးမှာ တပ်ဆင်သင့်ပါတယ်။

ဃ။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ နေရာမှာ မသိပ်ပါနဲ့။ အခန်းကအေးနေတယ်ဆိုပေမယ့် ကလေးကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ ထားရင် ကလေးအိပ်တာ သက်တောင့်သက်သာ မရှိတော့ပါဘူး။ နေခင်း သိပ်တဲ့အချိန်မှာတော့ ပုခတ်ကို အရိပ်ရတဲ့ နေရာမှာ ဆင်ထားပြီး သိပ်သင့်ပါတယ်။

င။ ကလေးရဲ့ ခန္ဓာကိုယ် ပူမပူစောင့်ကြည့်ပါ။ ပုံမှန်အားဖြင့်တော့ ကလေးငယ် ခန္ဓာကိုယ် ပူနေလာဆိုတာကို မြင်တာနဲ့ သိနိုင်တဲ့ အချက်တွေရှိပါတယ်။ ဒီလိုတွေ မြင်ရရင်တော့ ကလေးကို အဝတ်လဲပေးတာ၊ တခြားအေးတဲ့ နေရာကို ရွေ့ပေးတာလုပ်သင့်ပါတယ်။

  • ကလေးရဲ့ နဖူးမှာ ချွေးထွက်နေရင်
  • နားရွက်ကို စမ်းကြည့်လို့ ပူနေရင်
  • ကလေးနဖူးကို စမ်းကြည့်လို့ ပူနေရင်
  • အဆိုပါအချက်တွေ အကုန်ပေါင်းပြီးဖြစ်နေရင်

Leave a Reply

escort99.com