ဆေးလိပ်ဖြတ်ဖို့ အရင်ဆုံး စိတ်ကိုဘယ်လိုပြင်ဆင်မလဲ?

ဆေးလိပ်ဖြတ်ဖို့ အရင်ဆုံး စိတ်ကိုဘယ်လိုပြင်ဆင်မလဲ?

1

ဆေးလိပ်သောက်တာမကောင်းပါဘူး။ ဒါကို လူတိုင်းသိကြတယ်။ ဒါပေမယ့် ဖြတ်ဆိုရင်တော့ နီကိုတင်းရဲ့စွဲလမ်းမှုကနေ ရုန်းထွက်ဖို့ခက်လှပါတယ်။ မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ လုံးလည်လိုက်နေတော့ပေါ့။

ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ မိမိစိတ်ကိုအရင်ဆုံး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ DGR စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။ ဆေးလိပ်ကိုချက်ချင်း ဖြတ်လိုက်တာထက် တစ်လတန်သည် နှစ်လတန်သည် အချိန်တစ်ခုသတ်မှတ်ပြီး အဲဒီအချိန်အတွင်း သောက်နေကျထက် ဖြည်းဖြည်းချင်း လျှော့သွားပါ။

ဒီလို လျှော့သောက်ပါမှ ပြောင်းသွားတဲ့ အခြေအနေကို သင့်ကိုယ်ခန္ဓာက တဖြည်းဖြည်းလက်ခံလာပြီး ဆေးလိပ်ကို အရမ်းမတောင့်တတော့ဘူးပေါ့။ ဒါကြောင့် လက်မလျှော့လိုက်ပါနဲ့။ အားတင်းထားပါ။ ဆေးလိပ်ဖြတ်နေချိန် သင့်မှာဖြစ်လာမယ့် ခံစားချက်တွေကို ခံနိုင်ရည်ရှိအောင် ကြိုပြင်ထားပါ။ ဒါမှ တကယ်ကြုံရတဲ့အခါ စိတ်ကိုတင်းထားနိုင်မှာပါ။ တကယ်ပြတ်ချင်ရင် လုံးဝကိုလှည့်မကြည့်ပါနဲ့။

စီးကရက်တွေကို အိမ်မှာရော၊ အလုပ်မှာရော မထားပါနဲ့တော့။ သူများဆီကလည်း တောင်းမသောက်ပါနဲ့။ မခံစားနိုင်တဲ့အဆုံး ၁လိပ်တည်းပါဆိုပြီး ပြန်အစမချီလိုက်ပါနဲ့။ ကိုယ့်အသုံးအဆောင်တွေမှာ ဆေးလိပ်နံ့တွေ ကပ်ကျန်နေတတ်တဲ့အတွက် အနံ့တွေပျောက်အောင် သန့်ရှင်းလိုက်ပါ။ ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ လှုံ့ဆော်မှုကလည်း အရေးပါပါသေးတယ်။

ဒါမှ သင့်အစီအစဉ်ကို သူတို့သိပြီး လိုအပ်တဲ့ အကူအညီကို ပေးနိုင်မှာပေါ့။ ဆရာဝန်လောက် ဘယ်သူမှ ကျန်းမာရေးပညာမပြည့်စုံတဲ့အတွက် ဆေးလိပ်ကို နည်းမှန်လမ်းမှန်ဘယ်လိုဖြတ်ရမလဲဆိုတာ ဆရာဝန်တွေဆီမှာ အကြံဉာဏ်တောင်းပါ။ သင့်မှာသာ ဆေးလိပ်ဖြတ်ချင်စိတ် ခိုင်မာနေပါစေ။

1 Comment

Leave a Reply