သင်္ကြန်ဆိုတာ ရာဇဝင်နဲ့ပါ

သင်္ကြန်ဆိုတာ ရာဇဝင်နဲ့ပါ

0

သင်္ကြန်ဆိုတာ မြန်မာနှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ ကာလဖြစ်ပါတယ်။ နွေရာသီရဲ့ အပူဒဏ်ကို သင်္ကြန်ရေနဲ့ အေးမြစေပါတယ်။ နှစ်ဟောင်းက အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင် လာစေတာလည်းဖြစ်ပါတယ်။

သင်္ကြန်ဆိုတာ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာတဲ့ ဝေါဟာရဖြစ်ပါတယ်။ သင်္ကန္တ၊ သင်္ကြန္တဆိုတာ ကူးပြောင်းခြင်းလို့ အနက်အဓိပ္ပါယ်ရပါတယ်။ သင်္ကြန်ကူးပြောင်းသည်ကို ဇာတ်လမ်း ၂ မျိုးနဲ့ မှတ်သားဘူးပါတယ်။ သိကြားမင်းနှင် ဗြဟ္မာမင်းကြီး ဗေဒင်ဆိုင်ရာပြဿနာတစ်ရပ်နဲ့ ပတ်သက်ပြီး အငြင်းပွားကြရာမှ သိကြားမင်းနိုင်ခဲ့ပါတယ်။ ဒီအငြင်းအခုံကို ဗေဒင်ပညာကြွယ်ဝတဲ့ ကဝါလမိုင်းဆရာကြီးက အဆုံးအဖြတ်ပေးခဲ့တာဖြစ်ပါတယ်။ ရှုံးတဲ့သူခေါင်းဖြတ်ကြေးလောင်းကစားပြုခဲ့တာကြောင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကို ဖြစ်ရမှာဖြစ်ပေမယ့် သကြားမင်း မဖြတ်လိုခဲ့ပါဘူး။ ဗြဟ္မာမင်းကတော့ ကတိအတိုင်း အဓိဌာန်လုပ်ပြီး မိမိဦးခေါင်းကို ဖြတ်စေလိုက်ပါတယ်။ ပြတ်သွားတဲ့ ဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ရေများခမ်းမည်ဖြစ်ပြီး မြေပေါ်ပစ်ချရင်လည်း မီးဟုန်းဟုန်းတောက်လောင်မည်ဖြစ်တာကြောင့် သကြားမင်းက နတ်သမီးခုနစ်ဖော်ကို အလှည့်ကျပွေ့ချီထားစေပါတယ်။

နတ်သမီးတစ်ဦးလက်မှ တစ်ဦးလက်သို့ ပွေ့ချီပြောင်းရွှေ့ပေးတဲ့ ကာလမှာ လူပြည်မှဆို တစ်နှစ်နဲ့ ညီမျှပါတယ်။ ဒီလိုလွှဲပြောင်းပေးခြင်းကို သက္ကရာဇ်ဦးခေါင်းပြောင်းတယ်လို့ ခေါ်ကာ အတာသဘက်ပွဲများ ကျင်းပခဲ့ကြပါတယ်။ ဒီအယူအဆက ယုတ္တိတန်သော်လည်း သင်္ကြန်ဝေါဟာရနှင့် သက္ကရာဇ်ဝေါဟာရက ဆက်စပ်လျက်ရှိနေပါတယ်။ ဒါကတော့ ကဝါလမိုင်းဝတ္ထုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး နောက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ သင်္ကြန်အစ မိဖုရားစောလုံက လို့လည်း ဆိုစမှတ်ပြုကြဘူးပါတယ်။ ပုဂံခေတ်တွင် နရသီဟပတေ့မင်းလက်ထက်တွင် ရေပက်ဖျန်းသဘင်ကျင်းပတယ်လို့ သမိုင်းမှတ်တမ်းအရာ သိခဲ့ဘူးပါတယ်။

နာရသီဟပတေ့မင်းက နွေလမှာ နန်းတော်မှ ဧရာဝတီမြစ်ဆိပ်ကို ဥမင်တဲနန်းဆောက်လုပ်စေခဲ့ပါတယ်။ မိဖုရား၊ မောင်းမမိဿံ၊ ခြွေရံသင်းပင်းများနဲ့ ပျော်ရွှင်စွာ ရေပက်ဖျန်းကစားတော်မှုခဲ့ပါတယ်။ နရသီဟပတေ့မင်းက ရှုကငြီးသောမိဖုရားစောလုံကို ရွှဲရွဲစိုအောင် ရေပက်ခဲ့တာကို မိဖုရားစောလုံ စိတ်ထဲမှာတော့ သူ့ကို အရှက်တကွဲဖြစ်အောင်လုပ်တယ်လို့ ထင်ပြီး အမျက်ထားခဲ့ပါတယ်။ တစ်နေ့တော့ မိဖုရားစောလုံက နာမကျန်းဟန်ဆောင်ပြီး စောမောက်အား အဆိပ်ခတ်ထားသော စားတော်အုပ်ကို နရသီဟပတေ့မင်းကို ဆက်သစေခဲ့ပါတယ်။ နရသီဟပတေ့မင်းက ဒီအပြုအမှုကို သံသရရှိတာကြောင့် စားတောအုပ်ကို အောက်မှာရှိတဲ့ ခွေးငယ်ကို ကျွေးလိုက်တဲ့အခါ ခွေးငယ်လည်း ချက်ချင်းသေသွားခဲ့ပါတယ်။

ဒီလုပ်ကြံမှုကို စောမောက်အားမေးမြန်ရာ မိဖုရားစောလုံ ခိုင်းစေတာဖြစ်ကြောင်း သိသွားပြီး မိဖုရားစောလုံအား ဖမ်းဆီးပြီး သံကျင်စင်မှာ မီးတင်ပြီး ကွပ်မျက်လိုက်ပါတယ်။ ဒီဇာတ်လမ်းတွေအရတော့ သင်္ကြန်ဟာ ဟိုးအရင်ခေတ်ကတည်းက ရှိခဲ့တာလို့ ယူဆနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သင်္ကြန်ဆိုတာကတော့ မြန်မာလူမျိုးတွေအတွက် နှစ်ဟောင်းက အညစ်အကြေးကို အတာရေနဲ့ ဆေးကြောတာလို့ပဲ မှတ်ယူထားကြပါတယ်။ အတာသင်္ကြန်မှာ ပျော်ရွှင်ကာလအဖြစ် ရေကစားသူကတွေက ရေကစားကျ၊ ဥပုသ်သီလဆောက်တည်သူများကလည်း တရားဘာဝနာပွားများကျနဲ့ မြန်မာတို့ရဲ့ ရိုးရာတစ်ခုလိုဖြစ်နေပါပြီ။ ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ၊ ဘာသာရေးပုဂ္ဂိုလ်များ( ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်) တို့ကို ရေပက်ခြင်းမပြုလုပ်တာကလည်း ချစ်စရာကောင်းတဲ့ သင်္ကြန်အလေ့အထလေးပါ။ သင်္ကြန်လေးရက် သို့မဟုတ် ငါးရက် ပြီးသွားလို့ နှစ်ဆန်း ၁ ရက်ရောက်ပြီဆိုရင်တော့ မြန်မာတို့ရဲ့ နှစ်သစ်ကို စတင်ပြီဖြစ်ပါတယ်။

Leave a Reply