Unai Emery နဲ့ Ancelotti တို့ရဲ့ Europa League စီးချင်းထိုးပွဲ

Unai Emery နဲ့ Ancelotti တို့ရဲ့ Europa League စီးချင်းထိုးပွဲ

1

နည်းပြ Arsene Wenger ရှိစဉ်က သူနေရာမှာ အစားထိုးဖို့အတွက် ပိုအောင်မြင်မှုတွေ ပေးနိုင်မယ့် နည်းပြ Ancelotti ကို အလိုရှိခဲ့ပေမယ့် Arsenal အသင်းကတော့ Unai Emery ကိုပဲ ခေါ်ယူခဲ့ပါတယ်။ 

အခုဆို Arsenal အသင်းကတော့ Europa League ကွာတားဖိုင်နယ် အဆင့်မှာ Napoli အသင်းနဲ့ တွေ့ဆုံနေပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာက နည်းပြနှစ်ယောက်လုံးရဲ့ကြားမှာ ဝှက်ဖဲကိုယ်စီရှိနေတာပဲ။ ဒဏ်ရာရကစားသမား အများအပြားဖြစ်နေတဲ့အချိန် ဘယ်သူဝှက်ဖဲက ပိုပြီးအလုပ်ဖြစ်မလဲဆိုတာ သောကြာနေ့မနက်မှာ မြင်တွေ့ရဖို့ရှိနေပါတယ်။

နည်းပြနှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှုတွေ သို့မဟုတ် ခါးသီးမှုတွေလည်း ရှိမနေပါပဲ ကွာတားဖိုင်နယ် ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လိုကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာလိမ့်မလဲ? Arsenal အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အသင်းကို စွန့်ခွာခဲ့ပြီးနောက် အသင်းရလဒ်တွေကလည်း သိသိသာသာ တိုးတတ်ကောင်းမွန် လာတာမရှိသေးပါဘူး။ Wenger ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ သတင်းက ကမ္ဘာအနှံ့ကို ရိုက်ခက်ပြီး အသင်းပရိသတ်တွေကတော့ ဒီပြင်သစ်သားကြီးရဲ့ နေရာကို အစားထိုးနိုငိမယ့်သူကို ကြီးကြီးမားမား ပူပန်နေခဲ့ရပါတယ်။ Wenger ကတော့ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပေမယ့် သူ့နေရာနဲ့ သင့်တော်တဲ့ သူကို အကြံပြုခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီသူကတော့ AC milan, Chelsea နည်းပြဟောင်း ဖြစ်ဖူးသူ Champions League ၃ ကြိမ် ရဖူးထားတဲ့ Carlo Ancelotti ပဲဖြစ်ပါတယ်။ အခုတော့ သူနေရာအတွက် အစားထိုးဖို့ အကြံပြုခဲ့သူနဲ့ သူနေရာကို အသင်းက အစားထိုးခဲ့တဲ့ သူရဲ့ Europa League စီးချင်းထိုးပွဲကတော့ ဘယ်လိုဘယ်ပုံ ဖြစ်မယ်ဆိုတော့ စောင့်ကြည့်စရာကောင်းနေပါတယ်။ နည်းပြနှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်မယ်ဆိုရင် Ancelotti ကတော့ Premier League အတွေ့အကြုံကြွယ်ဝပြီး Premier League ရောက်ပြီး ပထမရာသီမှာတင် Chelsea အသင်းနဲ့ အမှတ်ပေးဖလားယူနိုင်ခဲ့သူပါ။ ဒီလို Premier League အသင်းတွေ အကြောင်းကောင်းကောင်းသိလို့လဲ Wenger က သူနေရာမှာ အစားထိုးချင်ခဲ့တာပါ။

တဖက်မှာ Unai Emery ဆိုတာကလည်း Sevilla အသင်းနဲ့ ၃ နှစ်ဆက်တိုက် Europa League ၃ ကြိမ်ယူပြီး ဘာလဲသိအောင် အစွယ်ထုတ်ပြနိုင်ခဲ့လို့ ပြင်သစ်ဘီလူးကြီး PSG က နည်းပြအဖြစ် ခေါ်ယူခန့်အပ်ခဲ့ပါတယ်။ PSG မှာလည်း League ဖလား၊ ပြည်တွင်းဖလားတွေကို သိမ်းပိုက်ပေးနိုင်ခဲ့လို့ Wenger ထွက်ခွာမယ့်အချိန် ဖိအားတွေနဲ့ Bayern Munich အသင်းမှာ Ancelotti တိုင်ပတ်နေလို့ Arsenal အသင်းက Unai Emery ကို ပဲ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီလို အစွမ်းအစကိုယ်စီနဲ့ နည်းပြနှစ်ဦးရဲ့ လက်ရှိ ဒဏ်ရာရကစားသမားစာရင်းကို ဘယ်လိုဝှက်ဖဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ဘယ်လို အသုံးတော်ခံမလဲဆိုတာကို သောကြာနေ့မနက်မှာ မြင်တွေ့ရပါတော့မယ်။ 

1 Comment

Leave a Reply