ကန်စွန်းဥမီးဖုတ်တွေကို ဦးစီးရောင်းချနေတဲ့ ဂျပန်နိုင်ငံက ခွေးလေး Ken-Kun

ကန်စွန်းဥမီးဖုတ်တွေကို ဦးစီးရောင်းချနေတဲ့ ဂျပန်နိုင်ငံက ခွေးလေး Ken-Kun

0

ဒီနေ့ခေတ်ကြီးထဲမှာ လူတွေမကဘဲ ခွေးလေးတွေဟာ မျက်မမြင်လမ်းပြသူ၊ ဗုံးရှာသူ၊ မူးယစ်ဈေးရှာဖွေသူ၊ ဝေဒနာရှင်တွေကို စိတ်ဖိစီးမှုဖြေလျော့ပေးသူ စသဖြင့် နယ်ပယ်အရပ်ရပ်မှာ လုပ်ငန်းဝင်နေကြပါပြီ။

အခု ဂျပန်နိုင်ငံက Ken-Kun လို့ခေါ်တဲ့ ခွေးလေးဟာလည်း ကိုယ်ပိုင်ဈေးဆိုင်လေးနဲ့ ကန်စွန်းဥမီးဖုတ်တွေ ရောင်းနေပါပြီတဲ့။ ဝယ်ယူတစ်ယောက် သူ့ဆိုင်လေးမှာ အားပေးရင်းနဲ့ ရိုက်ထားတဲ့  ဗီဒီယိုလေးကို Twitter မှာတင်ရင်းက တဟုန်ထိုးနာမည်ကြီးတဲ့ Shiba မျိုးနွယ်ဝင် ခွေးလေးဖြစ်ပါတယ်။ အသက် (၃) နှစ်ရှိပြီ ဖြစ်တဲ့ Ken-Kun လေးဟာ ဂျပန်နိုင်ငံ၊ Sappro မြို့လေးမှာနေထိုင်ပြီးတော့ သူ့ရဲ့ ကန်စွန်းဥမီးဖုတ်ဆိုင် လည်ပတ်ပုံလေးကလည်း အလွန်ရိုးရှင်းပါတယ်။ ပလတ်စတစ်ပုံးထဲထည့်ထားတဲ့ မီးဖုတ်ပြီးသား ကန်စွန်းဥတွေကို ဝယ်ယူသူကကြိုက်နှစ်သက်တာရွေးချယ် ဝယ်ယူပြီး ပိုက်ဆံပုံးထဲ ငွေ(၁)ဒေါ်လာ ထည့်သွားရုံပါပဲ။

ဒါပေမယ့် ဝယ်ယူသူတွေဟာ Ken-Kun ရဲ့ အပြုံးချိုချိုနှုတ်ဆက်မှုကို ရရှိမှာဖြစ်လို့ ခွေးချစ်သူတွေအတွက် သဘောတွေ့စရာပါ။ ယုံကြည်မှုကိုအခြေခံထားတဲ့ ဒီဆိုင်လေးမှာ ကန်စွန်းဥယူသွားပြီး ပိုက်ဆံမထည့်ခဲ့ရင်တောင်မှ Ken-Kun လေးဟာ ရန်လိုမှာမဟုတ်ပါဘူး။ ဆိုင်လေးကို ချစ်စရာ ဆေးရောင်စုံနဲ့ စာသားလေးတွေရေးထားပြီး “ကျွန်တော်ဟာ ခွေးတစ်ကောင်ဖြစ်လို့ အကြွေးပြန်မအမ်းနိုင်ပါဘူး” ဆိုတဲ့ စာသားလေးတောင်ပါ ပါသေးတယ်။ ဒါ့အပြင် သူ့ကိုချီးမြှင့်တဲ့ အပိုဆုငွေတွေကိုလည်း ခွေးစောင့်ရှောက်တဲ့လုပ်သားတွေကို ပေးအပ်သွားမယ်လို့ဆိုပါသေးတယ်။

ကဲ…ပရိတ်သတ်ကြီးလည်း ခွေးချစ်သူတစ်ယောက်ဆိုရင် ဂျပန်ရောက်တုန်းရောက်ခိုက် Ken-Kun ဆိုင်မှာ ဝင်အားပေးခဲ့ပါအုန်းနော်။

Leave a Reply