ဟောင်းပေမယ့် ကောင်းနေဆဲ ကြိုးတန်း

ဟောင်းပေမယ့် ကောင်းနေဆဲ ကြိုးတန်း

0

တံငါသည်ဘဝက မလွယ်ပါဘူး။ တစ်ရက်တစ်ရက်ငါးကောင်းကောင်းလေး ရဖို့မနည်းဖြစ်ညှစ်ပြီး ကြိုးစားပေမယ့် အကုသိုလ်အလုပ်ဆိုတဲ့အတိုင်း ဘယ်လာအကျိုးပေးပါ့မလဲ။ ဖမ်းမိလိုက်ရင် ငါးစင်ရိုင်း၊ ငါးပြေစလက် ဒီလောက်ပဲ။ တံငါသည်တွေများလို့ ငါးတွေများ ရှားလာလေလျော့သလား။

ညနေစောင်းလို့ အိမ်ပြန်ရင် ဇနီးချောမျက်နှာမြင်ရပေမယ့် သူ့အတွက်လည်းအရမ်းပင်ပန်းလှသည်။ ကွန်ပစ်လို့ရလာသမျှငါးတွေကို တခြားတစ်ဖက်ကမ်းကဈေးမှာ သွားရောင်းရတာ မနက်ကတည်းကထွက် ညနေနေလုံးပျောက်လုနီးမှ ပြန်ရောက်တယ်။ ဒီအလုပ်ပဲလုပ်စားတတ်တော့ ဒါနဲ့ပဲဝမ်းစာရှာနေရတယ်။ ခြောက်ပိဿလောက်ရှိတဲ့ ကွန်ချက်မိဘူးတဲ့ ငါးဒန်တစ်ကောင်တော့ တွေ့ထားသည်။ ဖမ်းတော့မမိသေး ဒီကောင်ကြီးဖမ်းမိတဲ့ တစ်နေ့ ပွဲခံရအောင်တွေးထားလိုက်သည်။

တွေ့လိုက်တာနဲ့ ရန်စောင်ပြီး သတ်နေကျတဲ့ ကျုပ်တို့နှစ်ယောက်ကရောဘယ်သူတွေက အရမ်းချစ်တဲ့သူတွေဖြစ်သွားမယ့်လို့ထင်မှာလဲ။ အရေးကြုံရင် အသက်ပေးဝံ့တဲ့ယောက်ျား၊ မကောင်းတာလုပ်ပေမယ့် ကိုယ့်အပေါ်ဆို အရမ်းအနွံတာခံပြီး ခွင့်လွတ်တတ်တဲ့ ယောက်ျား ဒီလိုလူမျိုးကို ပြည့်စုံတဲ့ မိဘတွေကို ခြေစုန်ကန်ပြီ ရွေးချယ်မိတာ ကျုပ်မှားသလား။ ချစ်တဲ့သူနဲ့အတူနေရဖို့ ပင်ပင်ပန်းပန်း ယာစောင့်အလုပ်လုပ်ရပြီး အိမ်ပိုင်မရှိဘဝနဲ့နေရလည်း ကျေနပ်တယ်။ အဓိကကတော့ စိတ်ချမ်းသာဖို့အတွက်ပဲလေ။ သူများပစ္စည်းမတရားယူ ခိုးဆိုးလုယက်မှ စားသောက်ရတဲ့ဘဝမဟုတ်တော့ နေသာပါတယ်။

ဒီလိုဘဝနှစ်ခုကို မြင်ရင် သင့်အနေနဲ့ ရုပ်ရှင်လို့ထင်ရပါလိမ့်မယ် ဟုတ်ပါတယ်။ အမှန်တကယ်ရုပ်ရှင်ကားကြီးပါ။ ဆရာမခင်ခင်ထူးရဲ့ ၁၉၉၉ စက်တင်ဘာလ ရွှေအမြူတေ မဂ္ဂဇင်းမှာရေးသားခဲ့တဲ့ ဝတ္တုကို ကြိုးတန်းကို ရုပ်ရှင်နဲ့ပြန်လည် ပုံဖော်ခဲ့တဲ့ ဇာတ်ကားပါ။ ပခုက္ကူအညာဒေရဲ့ တံငါသည်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကို ပုံဖော်ခဲ့တဲ့ဇာတ်ကားပါ။ သရုပ်ဆောင်တွေအနေနဲ့ ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်တွေများများစားစားအသုံးမပြုထားပေမယ့် တော်တော်လေးကို အကွက်ကျကျဖန်တီးထားနိုင်တဲ့ ဇာတ်ကားပါ။

ဒီဇာတ်ကားထဲက တချို့ပြကွက်တွေ ဟာကွက်ရှိပေမယ့် ဒီနေ့ခေတ်ရုပ်ရှင်တွေနဲ့ နှိုင်းရင်တော်တော်လေး အစေ့အပေါက်တည့်တယ်လို့ ဆိုရပါမယ်။ အညာဒေသလို မြစ်ချောင်းရှားပါးတဲ့ ဒေသမှာ တံငါသည်လုပ်စားနေရတဲ့ဘဝ၊ ငါးစိမ်းသည်ဘဝကို ဖင်ထိုင်ခ၊ ဈေးဗန်းခပေးပြီး ရုန်းကန်ရတဲ့ အခြေအနေ၊ သူ့အလိုလျောက် မြစ်ကောပြီး ပေါ်လာတဲ့ သောင်ကတုံးပေါ်က မိသားစု နှစ်စုရဲ့ ဘဝတွေကို ထင်ဟပ်အောင် ပြသထားနိုင်ပါတယ်။ လူတွေဟာ ရည်ရွယ်ချက်ခြင်းမတူတဲ့ အချိန်မှာ မိတ်ဆွေလို ယုံကြည်ရပေမယ့်၊ စိတ်ကူးချင်းတူပြီး လောဘဇောကပ်လာတဲ့အခါ အားလုံးဟာ ရန်သူအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။ အထူးသဖြင့် မိန်းမဆိုတဲ့အတိုင်း မိန်းမတွေဟာ မိန်းမကျင့်အတိုင်း မနာလိုတာတွေ၊ စောင်းမြောင်းတာတွေ၊ ဖြစ်လာပြီဆိုရင်တော့ ယောက်ျားသားတွေကိုပါ အလုပ်ရှုပ်လာပြီး ထိခိုက်စေတယ်ဆိုတာကိုပါ ပြသထားနိုင်ပါတယ်။ ဒါရိုက်တာ မီးပွားရဲ့ အနုပညာဖန်တီးမှုတွေကို တကယ့်ဝါရင့်သရုပ်ဆောင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဟာကွက်ရယ်လိုတောင် မယ်မယ်ရရရှာမရအောင် ကောင်းမွန်တိကျလွန်းပါတယ်။ ဒါပေမယ့် ကြိုးတန်းဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီကို ရုန်ရှင်ဓာတ်ပုံဆု – သန်းညွန့်(ပန်သာ)ကပဲ တစ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply