Hala Madrid ကို ပြန်လည်ကယ်တင်ရမယ့် Zidane

Hala Madrid ကို ပြန်လည်ကယ်တင်ရမယ့် Zidane

0

Champions Leagues ကို သုံးနှစ်ဆက်တိုက်ယူပြီး La Liga ဖလားကို တစ်နှစ်သိမ်းပိုက်ခဲ့တဲ့ Zidane ဟာ ဒီနေ့မှာ Real Madrid ကို နည်းပြခွင့်ရဖို့ ပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ သူရဲ့ နည်းပြဘဝအောင်မြင်မှုတွေကို နောက်တစ်ရာသီမှာ ဆက်မထိန်းနိုင်မှာစိုးတဲ့အတွက်ကြောင့် Real ကို စွန့်ခွာသွားခဲ့ပေမယ့် အခုတော့ ကစားသမားဘဝ၊ နည်းပြဘဝ သံယောဇဉ်တွေက Real အပေါ်မှာရှိနေသေးကြောင့် ပြသခဲ့ပါတယ်။

အသင်းကနေထွက်ခွာသွားတာ ၁၀ လလောက်ရှိနေချိန် Real ရဲ့ ဒီရာသီရလဒ်တွေက ပရိတ်သတ်တွေကို စိတ်ကျေနပ်စရာတွေ မပေးဆောင်နိုင်ခဲ့ပါဘူး။ ၆ ရက်အတွင်းမှာ ဖလားနှစ်လုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေက နည်းပြ Solari ကို ယုံကြည်မှု ပျက်ပြားစေခဲ့ပါတယ်။ ဒိုလေးထွက်ခွာသွားမှု Zidane ထွက်ခွာသွားမှုတွေက ရာသီအစမှာ မသိသာခဲ့ပေမယ့် ရေရှည်သွားရတဲ့ ဘောလုံပြိုင်ပွဲမှာ နည်းပြ Solari ရဲ့ စွမ်းဆောင်မှုတွေဟာ ဖလားတွေနဲ့ အဝေးဆုံးမှာသာ နေရာယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Zidane ကတော့ အသင်းကို ပြန်ရောက်လာတာကို ဝမ်းသာလျက်ရှိနေပြီး လက်ရှိရလဒ်တွေကိုလည်း အကောင်းဆုံးပုံစံပြသသွားဖို့ ဆန္ဒရှိနေပါတယ်။ United နည်းပြအဖြစ်သတင်းထွက်ခဲ့ပေမယ့်လည်း သေချာပေါက်မခေါ်ယူနိုင်ခဲ့သလို နည်းပြ Mourinho ကလည်း Real နည်းပြ ဖြစ်မလာခဲ့လို့ Zidane ကပဲ Real ကို ပြန်လည်ဦးဆောင်သွားဖို့ ရှိနေပါတယ်။ Real အသင်းခေါင်းဆောင် Ramos က အကယ်၍ Mourinho သာနည်းပြအဖြစ် ရောက်ရှိလာရင် အသင်းက ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

Leave a Reply