Green Book

Green Book

0

လူဖြူ၊ လူမဲ ခွဲခြားဆက်ဆံခံနေရတဲ့အချိန် ဂီတနဲ့ လူတွေရဲ့စိတ်တွေကို ပြောင်းလဲဖို့ ကြိုးစားခဲ့သူ။ အသားအရောင်ဆိုတာ ကျွန်တော်တို့ လူသားတွေကြားမှာ အခုထိခွဲခြားနေတုန်း အဖြစ်အပျက်တွေပါ။ လူတစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်ဖို့ ဘာသာတွေ၊ လူမျိုးမတူတာတွေ၊ အသားအရောင်တွေက လိုအပ်လို့လား။

လူတစ်ယောက်နဲ့ တစ်ယောက်အသားအရောင်မတူတာလေးနဲ့တော့ ကျွန်တော်တို့ရဲ့ စိတ်တွေကို မညစ်တေးစေသင့်ပါဘူး။ Don Shirley ဆိုတာ ဒီကိစ္စတွေကို ကျော်လွှားဖို့ ကြိုးစားနေသူတစ်ယောက်။ The Negro Motorist Green-Book ဆိုတာ Shirley ရဲ့ အကြီးကျယ်ဆုံး ဂီတခရီးစဉ်စာအုပ်ပါ။ မြောက်ပိုင်းမှာ မွေးဖွာသူဖြစ်ပြီး လူဖြူ၊ လူမဲ ခွဲခြားဆက်ဆံခံနေရတဲ့ အရေးကို ဒီခရီးစဉ်ရဲ့ ဖျော်ဖြေပွဲတွေနဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့သူပါ။ ဒီခရီးစဉ်ကိုတော့ သူတစ်ယောက်တည်းဆို သူရဲ့ လုံခြုံရေးအတွက် ဘယ်လိုမှအဆင်မပြေနိုင်လို့ သက်တော်စောင့် ငှားဖို့ ဖြစ်လာပါတယ်။

ဒီအချိန် New York nightclub တွေမှာ ရမ်းကားတဲ့သူတွေကို ထိန်းသိမ်းဖို့ လုပ်ကိုင်နေသူ Tony Lip ဆိုတာ တော်တော်လေးနာမည်ကြီးလို့ နေပါတယ်။ ဒါပေမယ့် သူလုပ်ကိုင်နေတဲ့ Club က ပိတ်လိုက်ရချိန် အလုပ်လက်မဲ့ဘဝနဲ့တော့ အဆင်မပြေနိုင်တော့ပါဘူး။ ဒီတော့နောက်ထပ်အလုပ်တစ်ခုကို ရွေးချယ်ဖို့ စဉ်းစားရပါတော့တယ်။ ဒီအချိန် အသိတစ်ယောက်ရဲ့ လမ်းညွန်မှုနဲ့ ဒေါက်တာတစ်ယောက်ရဲ့ ဒရိုင်ဘာလုပ်ဖို့ အင်တာဗြူးသွားဖြေမိရာမှာတော့ သူမနှစ်မြိုတဲ့ လူမဲသူဌေးဖြစ်နေပါတယ်။

သူအခြေအနေကလည်း အလုပ်တွေရှားပါးနေချိန်ရဖို့ နီးစပ်တဲ့ အလုပ်တွေကို စွန့်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ Don Shirley ရဲ့ Music Tour မှာ သက်တော်စောင့်၊ ဒရိုင်ဘာအလုပ်နှစ်ခုတွဲလုပ်ဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ ကွာခြားနေတာကတော့ လူနေမှုအဆင့်အတန်းပါ။ Don Shirley ကတော့ ပိုက်ဆံရှိလူဂုဏ်ထံ အသိုင်းအဝိုင်းကလူ ပီပီနေပုံထိုင်ပုံကအစ သေရပ်ပြီး စည်းကမ်းရှိသူတစ်ဦးပါ။ Tony Lip ကတော့ စည်းကမ်းဆိုတာကို သူနဲ့မဆိုင်သလို နေတတ်သူပါ။

ဒီနှစ်ယောက်ရဲ့ Music Tour ဟာအဆင်ပြေနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေကြားကနေ ဒီခရီးစဉ်ကို အဆုံးသတ်မလဲဆိုတာ စဉ်းစားစရာပါ။ ဒီဇာတ်ကားကတော့ Oscar ဆုရဇာတ်ကားပီပီ ရိုက်ချက်နဲ့ သရုပ်ဆောင်ချက်တွေက အရမ်းကို ထိမိလှပါတယ်။ Don Shirley ရဲ့ နေရာက သရုပ်ဆောင် Mahershala Ali ကတော့ Don Shirley ဇာတ်ရုပ်ကို အကောင်းဆုံးအပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့လို့ ထိုက်တန်တဲ့ Oscar ဆုကို ရရှိခဲ့ပါတယ်။ Oscar ၃ ဆုရဒီဇာတ်ကားက IMDb 8.3 ထိရရှိထားတဲ့ ဆိုတဲ့ နှုန်းကလည်း အတော်လေးကို လူကြိုက်များနေတယ်ဆိုတာကို ပြသနေတာပါ။ အဓိကပြောချင်တာကတော့ ကျွန်တော်ပြောနေတာတွေထက် ဒီဇာတ်ကားက အဓိပ္ပါယ်ပိုလေးနက်နေတယ်ဆိုတာပါပဲ။ တကယ်ကို လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

Leave a Reply