မိတ်ဆွေ သင်ဗိုက်ဆာနေပါသလား? ဒါဆိုရင်တော့ ဒီစာကို ဆက်မဖတ်ဖို့ သတိပေးပါရစေ

မိတ်ဆွေ သင်ဗိုက်ဆာနေပါသလား? ဒါဆိုရင်တော့ ဒီစာကို ဆက်မဖတ်ဖို့ သတိပေးပါရစေ

0

တကယ်ပါဆို… အစားတလိုင်းတို့အတွက် မြင်တာနဲ့တင် ဗိုက်ဆာသွားမယ့် Blogger တွေကို ညွှန်းပေးချင်လို့။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ကိုရီးယားနဲ့တရုတ်အစားအစာတွေကို အမြဲမပြတ်တင်ပေး၊ အားပါးတရစားပြနေတဲ့ Blogger တွေကိုပေါ့။

1. Yang Soobin

 (https://www.facebook.com/officialYangSoobin/?epa=SEARCH_BOX)

သူ့ကိုတော့ အားလုံးသိကြမယ်ထင်တာပဲ။ ကိုရီးယားလူမျိုးဖြစ်ပြီး သူမရဲ့ဗီဒီယိုထဲက အစားအစာတွေက အဆန်းတကြယ်တော့ မဟုတ်ပေမယ့် သူမမြိန်ရေယှက်ရေစားပြတဲ့စတိုင်က သူမကို ပိုပြီးနာမည်ကျော်ကြားလာစေပါတယ်။ အသားကင်၊ ကြက်ကြော်၊ ဆူရှိ၊ ဟော့ပေါ့၊ ပင်လယ်စာ၊ ချိစ်၊ ပီဇာ စတာတွေကို အများဆုံးစားပြတာကို ကြည့်ပြီး သွားရည်ယိုသူတွေလည်း မနည်းမနောပါပဲ။

2. Seonkyoung Longest

(https://www.facebook.com/SeonkyoungLongest/)

သူမကလည်း ကိုရီးယားလူမျိုးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ကိုယ်တိုင်ချက်ပြလေ့ရှိပြီး ခေါက်ဆွဲအမျိုးမျိုး၊ ထမင်းသုပ်၊ ဖက်ထုပ်ပြုတ်၊ အသားကင်၊ အကြော်စတဲ့ ကိုရီးယားအစားအစာမျိုးစုံကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ်မွှေးပျံ့အရသာရှိမယ့် အရောင်နဲ့ ဟင်းပွဲတွေကြောင့် သူမကလည်း နောက်ပိုင်းမှာ နာမည်ပိုကြီးလာပါတယ်။

3. Ms Yeah

(https://www.facebook.com/OfficeChef.MsYeah/?epa=SEARCH_BOX)

သူမကတော့ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး သူမရဲ့ဗီဒီယိုတွေက အတော့်ကိုထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုထဲမှာဆိုရင် သူမက လုပ်ငန်းခွင်ထဲမှာပဲ ရှိနေပြီး မုန့်တွေတစ်မျိုးပြီးတစ်မျိုးလုပ်စားနေတတ်တာပါ။ သာမန် Cooking Appliance တွေနဲ့မဟုတ်ဘဲ လျှပ်စစ်ပစ္စည်းတွေကို ဖြုတ်ပြီး ချက်ပြုတ်ပြတဲ့အတွက် စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။ ဒါ့အပြင် သူမရဲ့ဗီဒီယိုထဲမှာ အစားအစာနဲ့ အချိုပွဲ Recipe တွေအပြင် လုပ်ဖော်ကိုင်ဖက်တွေကို ချစ်ခင်မျှဝေပေးသင့်တဲ့ရည်ရွယ်ချက်မျိုးလေးတွေကိုပါ တွေ့ရတတ်ပါတယ်။

4. Liziqi

(https://www.facebook.com/cnliziqi/)

ချောမောနုဖတ်နေတဲ့ တရုတ်ပျိုမေလေးဖြစ်ပြီး အတော့်ကိုထူးခြားတဲ့ ဘဝနေထိုင်မှုစတိုင်နဲ့ တင်ဆက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်စိုက်ခင်း၊ အသီးခြံမှာ ကိုယ်တိုင်ခူးဆွတ်ပြီး လိုအပ်သမျှကို ကိုယ်တိုင်ဖန်တီးပြုလုပ်ပြီး ချက်ပြုတ်ပြတဲ့အတွက် အားလုံးကြားမှာ အဆန်းတကြယ်ဖြစ်စေပါတယ်။ နောက်ဆုံးပေါ်ပစ္စည်းများမပါဘဲ သဘာဝနဲ့အနီးစပ်ဆုံး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်တဲ့သူဖြစ်တဲ့အတွက် အရမ်းအားကျစရာကောင်းပြီး ဗီဒီယိုကို ပြီးတဲ့အထိကြည့်ချင်အောင် ဆွဲဆောင်နိုင်လှပါတယ်။

(၅) Cookat

(https://www.facebook.com/cookatTV/)

သူကတော့ လူမဟုတ်ဘဲ ကိုရီးယားအစားအစာကို အဓိကတင်ပေးနေတဲ့ Page တစ်ခုဖြစ်ပါတယ်။ တော့ပုကီ၊ ခေါက်ဆွဲ၊ ကြက်ကြော်၊ ထမင်းလိပ်၊ အသားကင်များကို ချိစ်များများသုံး ပူပူနွေးနွေးနဲ့ တမူဆန်းအောင် တီထွင်ထားတဲ့အစားအစာတွေအပြင် အချိုပွဲမျိုးစုံကိုပါ တင်ဆက်ပေးနေတာဖြစ်ပါတယ်။ လိုက်ပြီးလုပ်စားရလွယ်ကူတဲ့ ဟင်းချက်နည်းတွေဖြစ်ပြီး Comment Box မှာ Recipe အတိအကျတင်ပေးတဲ့အတွက် အတော့်ကိုအဆင်ပြေပါတယ်။ ဒါကြောင့် ယူတို့ကို ဗိုက်ဆာရင် ဒီစာကို မဖတ်နဲ့လို့ပြောတာ။ ဒီလောက်ဆိုရင်တော့ ခံတွင်းပျက်နေတဲ့အချိန်မှာတောင် စားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့ Blogger တွေကို ပြောပြပေးပြီပြီဖြစ်တဲ့အတွက် ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Leave a Reply