Southampton – Spur ပွဲကို ချဉ်းကပ်ကြည့်ခြင်း

Southampton – Spur ပွဲကို ချဉ်းကပ်ကြည့်ခြင်း

0

ဒီနေ့ည Premier League ညချမ်းမှာတော့ အသင်းကြီးပွဲတွေမရှိပဲ အသင်းငယ်တွေ အားပြိုင်ကြမယ့် ပွဲစဉ်တွေသာရှိနေပါတယ်။ ဒီပွဲစဉ်တွေထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မယ့် ပွဲစဉ်တစ်ပွဲကို ချဉ်းကပ်ကြည့်ရမယ်ဆို Southampton နဲ့ Spur အသင်းတို့ရဲ့ပွဲစဉ်ကို ရွေးချယ်ချင်ပါတယ်။

ဒီနှစ်သင်းကတော့ အဆင့်အတော်လေးကွာဟနေပြီး Southampton အသင်းက အဆင့် ၁၇၊ Spur အသင်းက အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ Southampton အသင်းက တန်းဆင်းဇုန်နဲ့ ၂ မှတ်သာကွာနေပြီး Spur အသင်းကတော့ အဆင့် ၄ နေရာကို United အသင်းနဲ့ ၃ မှတ်ကွာနေတာဖြစ်လို့ Champions League ဝင်ခွင့်နဲ့ တန်းဆင်းဇုန်တိုက်ပွဲကို မြင်တွေ့ရမှာပါ။ အမှားခံလို့မရတဲ့ ပွဲတစ်ပွဲဖြစ်လို့ တော်တော်လေးကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။

ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ Southampton အသင်းက ၁ ပွဲသာအနိုင်ရထားပြီး Spur အသင်းကတော့ ၁၀ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ ဒါကြောင့်ဒီနေ့ပွဲမှာလည်း Spur အသင်းကပဲ အနိုင်ယူသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ Spur အသင်းကတော့ Champions League ကို နောက်တစ်ဆင့်တက်လှမ်းသွားပြီးဖြစ်လို့ စိတ်ဓာတ်အမြင့်ဆုံးရောက်နေချိန် Southampton အသင်းရဲ့ တုံ့ပြန့်မှုကို ကောင်းကောင်းကြီးဖြတ်ကျော်နိုင်ပါလိမ့်မယ်။ အားထားရတဲ့ ကွင်းလယ်ကစား Alli ပြန်လည်း ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ထုတ်ပြန်ထားပါတယ်။

Southampton အသင်းကတော့ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာအနိုင်ရထားပြီး ၃ ပွဲရှုံး ၁ ပွဲ သရေကျထားပြီး စိတ်ဓာတ်ကျဆင်းနေတဲ့ အခြေအနေပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ United နဲ့ ပွဲကခြေစွမ်းအရဆိုရင်တော့ အသင်းရဲ့ ရုန်းကန်အားကို လျော့တွက်လို့မရသလို ဘာမဆိုဖြစ်သွားနိုင်တဲ့ Premier League ရဲ့ ထုံးစံကို မေ့ထားလို့မရတာကြောင့ှ်Southampton အသင်းကို လျော့တွက်လို့တော့မရပါဘူး။ Spur အသင်းအနေနဲ့ကလည်း Champions League ဝင်ခွင့်မှာ အနောက်ကအသင်းတွေက ဖိအားပေးနေမှုကို အကောင်းဆုံးပုံစံနဲ့ စွမ်းဆောင်ပြရမှာပါ။ Spur အသင်းကတော့ Premier League နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေကျထားလို့ တော်တော်လေးကောင်းမွန်နေတဲ့ အခြေအနေပါ။ ပွဲရလဒ်ကိုတော့ Spur ကို အနိုင်ပေးပြီး ၁ – ၂ လောက်မှန်းထားချင်ပါတယ်။ ပထမအကျော့မှာတော့ Spur ကတော့ အိမ်ကွင်းမှာ ၃ – ၁ ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူထားနိုင်ပါတယ်။

နောက်ထပ်အသင်းကြီးပွဲစဉ်တွေကတော့ မနက် ၁၂ နာရီမှာ Premier League က Man City – Watford ပွဲ၊ Spain La Liga က Barcelona – Vallecano အသင်းတို့ရဲ့ ပွဲစဉ်ရှိနေ့လို့ ဘောလုံးပရိတ်သတ်တွေပျင်းစရာတော့မရှိပါဘူး။ မနက်ဖြန်မှာလည်း Liverpool, Chelsea, Arsenal – Man United ပွဲစဉ်တွေရှိနေလို့ ဒီတစ်ပတ် Premier League ပွဲစဉ်တွေကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply