ကောင်လေးတစ်ယောက်နဲ့ ပထမဆုံး Coffe Date ထွက်ရင် ဘာတွေပြင်ဆင်သွားသင့်သလဲ?

ကောင်လေးတစ်ယောက်နဲ့ ပထမဆုံး Coffe Date ထွက်ရင် ဘာတွေပြင်ဆင်သွားသင့်သလဲ?

0

အလှမကြိုက်တဲ့မိန်းကလေးတွေဆိုတာ အရှားသားပါ။ ဒီကြားထဲ ကိုယ်ရင်ခုန်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအကြိမ်ကော်ဖီသောက်ဖို့ ချိန်းလိုက်ပြီဆိုရင် ပိုပြီးစိတ်လှုပ်ရှားရင်တုန်စရာပဲပေါ့။ တကယ်နဖူးတွေ့၊ ဒူးတွေ့ကြုံရမှ အလွဲလွဲအမှားမှားမဖြစ်ရအောင် ဘာတွေပြင်ဆင်သွားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အသားအရေကို ရေဓာတ်ပြည့်စိုပြည်အောင် ထိန်းသိမ်းပါ။

ယောက်ျားလေးတွေက အသေးစိတ်ဂရုမစိုက်တတ်ကြဘူးထင်ပေမယ့် အသားအရေကိုတော့ ဂရုစိုက်ကြည့်တတ်ကြပါတယ်။ ဒါကြောင့် အသားအရေကို မွဲခြောက်မနေစေဘဲ နူးညံ့စိုပြည်အောင် ဂရုစိုက်သွားသင့်ပါတယ်။

(၂) ဆံပင်အလှကို ဂရုတစိုက်ပြုပြင်သွားပါ။

ဆံပင် နှစ်ခွဖြစ်တာမျိုးတွေ၊ မသပ်မရပ်ဖြစ်နေတာမျိုး၊ ပုံမကျတာမျိုးတွေကိုလည်း ကောင်လေးတွေက သတိထားတတ်ကြတယ်တဲ့။ ဒါကြောင့် ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဆံပင်စတိုင်ကို ပြင်ဆင်သွားလိုက်နော်။

(၃) ခြေသည်း၊ လက်သည်းတွေကို သေချာသန့်စင်သွားပါ။

စကားပြောတာနဲ့ ခြေ၊ လက်တွေကို အကြည့်ရောက်သွားတတ်တာ လူတွေရဲ့သဘာဝပါ။ ခြေသည်း၊ လက်သည်းတွေကို သေချာမသန့်စင်သွားရင် ပထမဆုံးအမြင်မှာတင် ကသိကအောက်ဖြစ်စရာပါ။ ဒါကြောင့် ခြေသည်း၊ လက်သည်းတွေကို သေချာသန့်စင်သွားပြီး သဘာဝအကြည်ရောင်လေးအတိုင်းပဲ ထားဖို့ မမေ့ပါနဲ့နော်။

(၄) သဘာဝကျတဲ့ မိတ်ကပ်ပါးပါးလေးပဲ ပြင်သွားပါ။

ဖြိုးဖြိုးဖြတ်ဖြတ်၊ လင်းလင်းလက်လက်မိတ်ကပ်မျိုးဟာ ဒီလိုနေ့မျိုးနဲ့ အဆင်မပြေပါဘူး။ ဒီနေ့မှ စတွေ့တဲ့နေ့ဆိုတော့ Heavy မပြင်သွားဘဲ ကိုရီးယားမလေးတွေလို မှုန်မှုန်လေးနဲ့ လင်းနေမယ့်မိတ်ကပ်မျိုးကို ပြင်ဆင်သွားပါ။

(၅) ဝတ်မယ့် Outfit ကို ကြိုတင်ပြင်ဆင်သွားပါ။

အချိန်နီးမှ ကပ်လုပ်မယ့်အစား အဲ့ဒီနေ့မှာ ဘာဝတ်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားပါ။ တိုလွန်းတဲ့၊ ကျပ်လွန်းတဲ့၊ ဟိုက်လွန်းတဲ့ ဝတ်စုံတွေက သက်တောင့်သက်သာမရှိတဲ့အတွက် ရှောင်ကြဉ်ပြီး ဒိတ်မယ့်နေရာနဲ့ လိုက်ဖက်ညီမယ့် Outfit ကို ပြင်ဆင်ထားပါ။

ဒီအချက် (၅) ချက်ကို ကြိုတင်ပြင်ဆင်သွားရင်တော့ အရိုးရှင်းဆုံးက အဆန်းဆုံးပဲဆိုတဲ့စကားအတိုင်း First Date မျိုးမှာ သဘာဝကျကျလှပကြော့မော့လှပနေတဲ့ မိန်းမပျိုလေးဖြစ်နိုင်ပြီပေါ့။

Leave a Reply