The Drug King

The Drug King

0

မြင်းဆေးဆိုတာ အိပ်ချင်စိတ်ကို လျော့နည်းစေပြီး အကြောက်တရားလည်း ကင်းမဲ့စေပါတယ်။ ဒီလိုဆေးစွမ်းကောင်းကို ပစိဖိတ်စစ်ပွဲကာလမှာ ဖန်တီးခဲ့ကြပြီး ဂျပန်တွေက စစ်ပွဲအတွက်ရည်ရွယ်အသုံးပြုခဲ့ကြပါတယ်။ သမိုင်းမှာတော့ ဒီဆေးကို ဂျပန်တိုက်လေယာဉ်မောင်းသူတွေဖြစ်ပြီး စက်ရုံအလုပ်သမားတွေကို မအိပ်ပဲအလုပ်လုပ်နိုင်ဖို့ တိုက်ခဲ့ကြသလို တိုက်ပွဲမှာ အကြောက်တရားမရှိ တိုက်ခိုက်နိုင်ဖို့ စစ်သားတွေကို တိုက်ခဲ့ကြပါတယ်။

စစ်ပွဲပြီးဆုံးချိန်မှာတော့ ဒီဆေးစွဲသွားသူတွေကျန်ရှိခဲ့လို့ ဂျပန်အစိုးရကတော့ တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် ဂျပန်မူးယစ်ရာဇာတွေက ကိုရီုးယားနယ်စွန်မြို့ဖြစ်တဲ့ ဘူဆန်ကို ခြေချလာကြပါတယ်။ လူတွေက ပြီးပြည့်စုံတဲ့ ဘဝတွေကို ပိုင်ဆိုင်ဖို့ အလုပ်ကြိုးစားလာချိန်၊ ဂျပန်ဘက်က စက်ရုံတွေတိုးချဲ့ဖို့ လိုအပ်လာချိန်၊ ကိုရီးယားဘက်ကလည်း ထုတ်ကုန်တွေ တိုးချဲ့ထုတ်လုပ်လာချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဒီအခါမှာတော့ မြင်းဆေးက တစ်ခေတ်ထလာပါတော့တယ်။ ဒီမြင်းဆေးခေတ်စားလာအောင် လုပ်ခဲ့တဲ့ တစ်ကိုယ်ကောင်းသမားတစ်ယောက်ပေါ်လာပြီး “Made in korea” ဆိုတဲ့ နာမည်နဲ့ မြင်းဆေးထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်မူးယစ်ဈေးကွက်ကိုလည်း မြင်းဆေးနဲ့အတူ လွှမ်းမိုးချုပ်ကိုင်လိုက်ပါတော့တယ်။

နာမည်ကျော်မူးယစ်ရာဇာကတော့ နေ့အချိန်မှာ တရားဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ညအချိန်ဆိုရင် မူးယစ်ရာဇာဆိုပြီး ဘဝနှစ်မျိုးနဲ့ နေထိုင်ခဲ့သူပါ။ သူ့ခေတ်အချိန်အခါမှာ သူတစ်ပါးရဲ့ ချစ်ခြင်း၊ မုန်းခြင်းကိုပါ ခံခဲ့ရသူပါ။ သူကတော့ Lee Doo-Sam ပဲဖြစ်ပါတယ်။ Lee Doo Sam ကတော့ မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ပြီး ပန်းထိမ်ပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမှောင်ခိုပစ္စည်းတွေ ပို့ဆောင်ဖို့ စစ်သင်္ဘောကို အသုံးပြုတာကို တာဝန်ရှိသူတွေသိရှိသွားချိန်မှာတော့ သူရဲ့သူဌေးက သူ့ကိုပဲအပြစ်တွေ ပုံချပြီး ထွက်ပြေးတိမ်ရှောင်သွားခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူဘဝကကို ဒီထက်ကောင်းမွန်တဲ့ လုပ်ငန်းကို လုပ်ကိုင်ဖို့ ထောင်ချနေစဉ်မှာ နောက်ထပ် လူမိုက်တစ်ဦးနဲ့ ပေါင်းစည်းမိပြီး မြင်းဆေးထုတ်မယ့်လုပ်ငန်းကြီးကို စတင်ခဲ့ပါတော့တယ်။

ဒီဇာတ်ကားက တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး တော်တော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူဟာဒီဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းကို နောက်ကွယ်ကလုပ်ကိုင်နေပြီး ရရှိတဲ့ငွေကြေးတွေကို နိုင်ငံတော်ကို ပြန်လှူပြီး ပြည်သူ့အချစ်တော်ခံရပါတယ်။ ဒါပေမယ့် လုပ်ငန်းတိုးချဲ့ဖို့အတွက် လူကြီးတွေကို လိုက်ကပ်ရင်း တိုင်းပြည်အခြေအနေဟာမငြိမ်သက်တဲ့နောက် ထိပ်တန်းအာဏာပိုင်တွေတောင် သူ့ကိုမကယ်နိုင်တော့တဲ့နောက် သူ့ဘဝနေဝင်ချိန်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဒီဇာတ်ကားကိုတော့ Woo Min-ho ကရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Song Kang-ho, Jo Jung-suk, Bae Doona တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Netflix ကနေဖြန့်ချိီခဲ့ပြီး IMDb rate 6.1 ပဲရတထားတယ်ဆိုပေမယ့် အရည်အသွေးနဲ့ ဇာတ်လမ်းက မနိမ့်တဲ့ဇာတ်ကားမျိုးပါ။ လူတစ်ယောက်ရဲ့ မအောင်မြင်ခင်စိတ်နဲ့ အောင်မြင်ပြီးစိတ်ကိုလည်း မြင်တွေ့ရမှာဖြစ်သလို ယောက်ျားတစ်ယောက်ကို တစ်ဘဝလုံးပုံပြီးချစ်တဲ့ မိန်းမတစ်ယောက်ကိုလည်း မြင်တွေ့ရမှာပါ။

Leave a Reply