အလှအပဆိုင်ရာ အရေးပေါ်ပြုပြင်နည်းလမ်း (၆)သွယ်

အလှအပဆိုင်ရာ အရေးပေါ်ပြုပြင်နည်းလမ်း (၆)သွယ်

0

အရေးအကြောင်း သွားစရာကရှိပြီဆို တလွဲဖြစ်တတ်တဲ့ ပျိုမေတွေရှိကြလား? ဒီလိုအချိန်မှာ ဖြတ်ထိုးဥာဏ်ရှိရှိနဲ့ အန္တရာယ်ကင်းကင်းဖြေရှင်းလို့ရမယ့် အလှအပဆိုင်ရာ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်နော်။

(၁) ချိုင်းလိမ်းတောင့်ကုန်နေပြီ !

Shopping ထွက်တုန်းက ဝယ်ဖို့မေ့သွားပြီလား? ဒါပေမယ့် စိတ်မပူပါနဲ့! မီးဖိုချောင်ထဲ အပြေးအလွှားလေး သံပရာသီးကို အလွှာပါးလေးလွှာ၊ ပြီးရင် ချိုင်းပေါ်ကို ပွတ်လိုက်နော်။ သံပရာသီးရဲ့ အက်စစ်အချဉ်ဓာတ်က ကျောက်ချဉ်လိုပဲ ချိုင်းအနံ့ဆိုးတွေနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။

(၂) ပန်ဒါမျက်ဝန်းကြောင့် စိတ်ညစ်နေလား!

ညဆိုနောက်ကျမှအိပ်၊ အိပ်ရေးမဝတော့ ဟော ဖြစ်ပြီပေါ့။ ဒါဆို ရုံးမသွားခင် သုံးပြီးသားလက်ဖက်ရည်အိတ်လေး (၂)ခုကိုယူ၊ ရေခဲသေတ္တာထဲခဏထည့်၊ ပြီးရင် မျက်လုံးပေါ် ၁၀မိနစ်လောက်ကပ်ပြီး အနားယူလိုက်နော်။

(၃) ဆံပင်အဖျားနှစ်ခွတွေ ပေါ်လာပြန်ပြီ!

ဆံပင်အဖျားတွေဖွာတာ Treatment ကောင်းကောင်းလုပ်နေမှနော်။ ဒါပေမယ့် လတ်တလော မြန်မြန်ဖြေရှင်းချင်တယ်ဆိုရင်တော့ သံလွင်ဆီကို ဇွန်းတစွန်းစာယူ၊ ပြီးရင် လက်ဖဝါးထဲပွတ်ပြီး ဆံပင်အဖျားလေးတွေကို သပ်ပေးနော်။ ဆံပင်တွေလည်းကျန်းမာမယ်၊ အဖျား နှစ်ခွတွေကို လည်း ထင်သာမြင်သာမရှိစေဘူး။

(၄) Macara တွေအလွန်အကျွံဖြစ်နေပြီ!

ကော့ရင်း ကော့ရင်းနဲ့ မဲမဲကြီးနဲ့ ကပ်ကပ်ကြီးတွေဖြစ်ကုန်ပြီ။ ထပ်ဖျက်ဖို့လည်းအချိန်မရတော့ဘူးဆို သွားကြားထိုးထံလေးယူပြီ ကပ်နေတဲ့ မျက်တောင်တွေကို ဖြေးညှင်းစွာ ခွာပေးနိုင်ပါတယ်။

(၅) သွားတွေကလည်း ဝါကျင့်ကျင့်နဲ့!

ကော်ဖီကလည်းကြိုက်ပြန်၊ တစ်ခွက်ထက်ပိုသောက်မိတော့သွားတွေက ထိန်ထိန်ဝါနေပြီလား? ဒါဆို အပြာရောင်အခြေခံတဲ့ နှုတ်ခမ်းနီဟာ သင့်သွားကို ဖြူတယ်လိုထင်စေနိုင်လို့ ဒီနည်းနဲ့
အမြန်ဆုံးဖြေရှင်းနိုင်ပါတယ်။ အပြာရောင်အခြေခံတဲ့နှုတ်ခမ်းနီဆိုတာ
တေလာဆွ(စ်) ဆိုးတဲ့ အနီရောင်၊ ပန်းရောင်အနု၊ ကြက်သွေးရောင်၊ ခရမ်းပုတ်ရောင်တို့ကို ပြောတာပါနော်။

(၆) ဆံပင်တွေကလည်း ဖွာလန်ကျဲကွာ!

ဒါဆို အရိုးရှင်းဆုံးနည်းပြောပါမယ်နော်။ Hair Spray တစ်ခုကို ဆီထွက်နေတဲ့ ဆံပင်အရင်းပိုင်းကို ဖြန်းပေးပါ၊ အရက်ပြန်ပါတဲ့ Hair Spray တွေဟာ သင့်ခေါင်းမလျှော်ရသေးလို့ ဆီကပ်နေတဲ့ဆံပင်ကို ခြောက်သွေ့စေပါတယ်။ ဖြန်းပြီးရင်တော့ Brush လေးနဲ့ ပြန်ဖြီးပေးနော်။

ပျိုမေတို့ အားလုံးလှပနိုင်ကြပါစေ။

 

Leave a Reply