Avengers တွေထဲ ဘယ် Hero က Powerful ပိုဖြစ်သလဲ?

Avengers တွေထဲ ဘယ် Hero က Powerful ပိုဖြစ်သလဲ?

0

Super Heros တွေဟာ ရုပ်သေ Comic တွေထဲကနေ ရုပ်ရှင်ဖန်သားပြင်ကို ခုန်ထွက်လာကြာတာအပြိုင်အဆိုင်ပါပဲ။ ဒီကြားထဲကမှ ဘယ် Production ရဲ့ Hero ကတော့ ပိုအောင်မြင်တယ်၊ ဒီ Production ရဲ့ Hero ကတော့ Fail တယ် စသည်ဖြင့် အငြင်းအခုန်ဇာတ်လမ်းတွေကလည်း အတောမသတ်နိုင်ပါဘူး။

ဒီနိုင်ငံအတွက် နိုင်ငံခြားရုပ်ရှင်တွေဟာ တဖြည်းဖြည်း နေရာယူလာခဲ့ပြီဖြစ်လို့ Super Heros ရုပ်ရှင်တစ်ခါထွက်လာဖို့ကို စောင့်မျှော်ရတာလည်း လည်တိုင်တွေတောင်ရှည်တယ်။ ဒီတော့ Avenger ထဲက ဘယ် Hero က Powerful ပိုဖြစ်လည်း လေ့လာကြည့်ရအောင်…

၁၁။ Captain America

ဒုတိယကမ္ဘာ့စစ်အတွင်းမှာ ချူချာတဲ့ကောင်လေးအဖြစ်ကနေ Operation: Rebirth မှာ အစမ်းသပ်ခံဖို့ ရွေးချယ်ခံပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီပြောင်းလဲမှုနဲ့အတူ စစ်ပွဲတွေမှာ စွမ်းစွမ်းတမံတိုက်ခိုက်ရင်းနောက် Captain America ဖြစ်လာပါတော့တယ်။

၁၀. Luke Cage


Luke ရဲ့ Power ကတော့ Cap လို သန်မာတာပါပဲ။ သာမာန်လူထက်ပိုသန်မာပြီး ကျည်ဆံတိုးမပေါက်တဲ့ အရေပြားရှိပါတယ်။ Cap သေဆုံးသွားတဲ့အခါ Avenger အဖွဲ့ကို ဦးဆောင်မယ့်သူလည်းဖြစ်ပါတယ်။

၉. Ant-Man


Hank Pym ရဲ့ နည်းပညာတွေက Ant-Man နဲ့တော်တော်အသားကျခဲ့တယ်လို့ဆိုနိုင်ပါတယ်။ လိုရင်လိုသလို သေးနိုင်ကြီးနိုင်တဲ့ ဝတ်စုံကြီးရဲ့နည်းပညာနဲ့ တစ်ထပ်တည်းကျနေခဲ့သလို သူအတွက် Power တစ်ခုရထားသလိုပါပဲ။

၈. Vision


The Avengers: Age of Ultron မှာ Bruce Bunner နဲ့ Tony နည်းပညာနဲ့အတူ Jarvis AR, Ultron ရဲ့ Mind, Loki လက်နက်ကရတဲ့ Mind Stone စတာတွေပေါင်းပြီး Thor ရဲ့ လျှပ်စစ်ပေးလိုက်တဲ့အချိန်ဖြစ်လာတဲ့ Vision ဟာ ပေါ့သေးသေးတော့မဟုတ်ပါဘူး။ ပါတီမှာ ကိုယ်စီစွမ်းအားတွေသုံးပြီး Thor ရဲ့တူကို ဝိုင်းမကြပေမယ့် မမနိုင်ခဲ့ကြပါဘူး။ Vision က မပြလိုက်တဲ့အခါ ဟာခနဲ၊ ဟင်ခနဲ။ သူရဲ့ Power ကတော့ ကြည့်ဖူးတဲ့သူတိုင်းသိမှာပါ။

၇. Iron Man


Stark Industries အမွေဆက်ခံသူ Tony Stark က အဖမ်းခံရပြီး လွတ်မြောက်ဖို့ Suit တစ်ခုထွင်ပြီး ကြိုးစားလွတ်မြောက်ခဲ့ပါတယ်။ ဒီကနေနည်းပညာတွေကို တဆင့်ချင်းပြောင်းလဲပြီး MK တွေအမျိုးမျိုးတီထွင်ပြီး Avengers ရဲ့ အက္ခရာကျတဲ့ နေရာမှာရှိနေတဲ့သူတစ်ဦးပါ။

၆. Storm


X-Men အဖွဲ့မှာတောင် ရာသီဥတုတွေကို လိုသလိုပုံသွင်းပြီး ကြမ်းပြနေတဲ့ Storm က Avengers ထဲကိုသာရောက်သွားမယ်ဆိုရင်ရော ဘယ်လိုတွေများ ကြမ်းပြဦးမလဲ စောင့်ကြည့်သွားရပါမယ်။

၅. Captain Marvel


USAF ရဲ့ အရာရှိတစ်ဦးဖြစ်သူ Carol Danvers ကို သိပ္ပံပညာရှင် Dr. Walter Lawson က ဇီဝပြောင်းလဲမှုတွေပြုလုပ်ပေးလိုက်တဲ့အခါ ရရှိသွားတဲ့ Power ကလည်း တော်တော်လေးကြမ်းတမ်းမယ့် ပုံပါပဲ။ ရုပ်ရှင်ပိတ်ကားထက်မှာလည်း မကြာခင်မြင်တွေ့ရတော့မှာပါ။

၎. Doctor Strange


Manipulate Magic နဲ့ စကြာဝဠာစွမ်းအားတစ်မျိုးက သင်ယူတက်မြောက်ထားတဲ့ Dactor Strange က ဒီစွမ်းအားတွေ ဆုတ်ယုတ်မသွားအောင် Project လုပ်ပြီး Entities နဲ့ ဆက်သွယ်ပြီး ထာဝရတည်မြဲဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။

၃. Scarlet Witch


သူမရဲ့ အနီးတဝိုက်မှာ Hexes တွေဖန်တီးနိုင်ပြီး တိုက်ခိုက်နိုင်တဲ့ Scarlet Witch စွမ်းရည်ကလည်း အမြှင့်ဆုံးအနေအထားပါ။ Alternate Universe တစ်ခုကိုတောင် ဖန်တီးနိုင်စွမ်းရှိတဲ့ Power ကို ပိုင်ဆိုင်ထားပါတယ်။

၂. Thor


Thor ရဲ့ Physical power က Hulk ထက်နည်းနည်းပဲလျော့ပါတယ်။ Mjolnir ပိုင်ရှင်က Manipulation power လည်းရှိနေပါတယ်။

၁. Hulk


Averger ထဲမှာ အကြမ်းဆုံးကတော့ Hulk ပါ။ အကြမ်းဆုံးပါဆိုတဲ့ Thanos ကိုတောင် တစ်ယောက်ချင်းချရဲတဲ့သူဖြစ်ပြီး Averger တစ်ယောက်ချင်းစီတိုင်းသူကို နိုင်ဖို့ဆိုတာမလွယ်ပါဘူး။

Leave a Reply