Valentine’s Day

Valentine’s Day

0

Valentine’s day ဆိုတာ မေတ္တာတရားတွေကို ဖော်ကြူးပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်းတွေကြားကမေတ္တာအရိပ်အယောင်တွေ၊ လေးစားမှုတွေကို ထုတ်ဖော်ခွင့်ရှိတဲ့ပွဲနေ့တစ်ခုပါ။

နှစ်တိုင်း Valentine’s day ရောက်တဲ့နေ့ဆို လူတွေက သူတို့ချစ်ရတဲ့သူ၊  မိသားစု၊ သူငယ်ချင်းတွေကို အဝေးမှာ ရောက်နေရင်ပဲဖြစ်ဖြစ်၊ အနီးမှာရှိနေရင်ပဲဖြစ်ဖြစ် အမှတ်တရပန်းစည်းတွေ၊ Valentine’s day Card တွေပို့ပြီး အမှတ်တရပြုလုပ်လေ့ရှိကြပါတယ်။ တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာတွေက ဒီနေ့မှာ ပိုပြီးပွင့်ပွင့်လင်းလင်းပြသကြတာမဟုတ်လား။

Valentine’s day ဆိုတာ Catholic ဘုန်းကြီး Saint Valentine ကို အစွဲပြုပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ၃ ရာစုလောက်က Rome မှာရှိနေခဲ့တဲ့ St Valentine ရဲ့ ပုံပြင်တွေအများအပြားကအခုထိတိုင် တင်ကျန်နေစဲဖြစ်ပါတယ်။ Rome ဘုရင် Claudius II က တိုင်းပြည်အတွင်းက အိမ်ထောင်သည်တွေကို စစ်မှုထမ်းဖို့ မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်တွေကို စစ်မှုထမ်းစေပါတယ်။ ဒါကို Saint Valentine က တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက်ကနေ စစ်မှုထမ်းသူလူငယ်တွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ ဒါကို Claudius II က သိရှိပြီး Saint ကို ကွက်မျက်ခဲ့ပါတယ်။ နောက်ထပ်အကြောင်းတစ်ခုက အကျဉ်းထောင်ထဲက ခရစ်ယာန်အကျဉ်းသားတွေကို လွတ်မြောက်အောင် ကြိုးပမ်းမှုကြောင့်လို့ ဆိုကြပါသေးတယ်။ အမှန်တရားကတော့ ဘယ်ဟာဆိုတာ တိတိကျကျမပြောနိုင်ကြပါဘူး။

Valentine’s day ဟာ Saint Valentine တွေ အသတ်ခံရပြီးနောက် ဂုဏ်ပြုပြီး သတ်မှတ်ခဲ့တဲ့နေ့လို့တော့ အားလုံးက လက်ခံထားကြပါတယ်။ နိုင်ငံတကာမှာတော့ ဒီနေ့ရောက်ပြီဆို သူတို့တွေရဲ့ မေတ္တာတရားကို ဖော်ညွှန်းပြီး အမှတ်တရတွေကို ဖန်းတီးပေးတတ်ကြပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ အယူအဆတွေဟာ လွဲမှားနေတုန်းပါပဲ။ သူများနိုင်ငံတွေမှာ Valentine’s day ဆို ချစ်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေကိုအချိန်ပေးပြီး နူးနူးညံ့ညံ့ပျော်ရွှင်ဖို့ ကြိုးစားနေချိန်မှာ ကျွန်တော်တို့နိုင်ငံကလူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ FA က RS တွေကို လှောင်ပြောင် Troll ကြ၊ RS တွေကလည်း Single တွေကို ပြန်နှိမ်လိုက်လုပ်နေကြပါတယ်။ Valentine ဆိုတာ ချစ်သူတွေပဲ ပျော်ခွင့်ရှိတဲ့နေ့မဟုတ်ဘူးဆိုတာတော့ သူတို့သိပုံမရပါဘူး။ တချို့ဆို အချစ်သူရဲကောင်းကြီးတွေလုပ်ပြီး အချစ်ဓားပြတိုက်ဖို့ ကြံစည်ကောင်းကြံစည်နေလောက်ပါပြီ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေကတော့ မဖြစ်သင့်တာတွေဖြစ်ကုန်တာပါပဲ။ ဆိုတော့ကျွန်တော်တို့တွေဟာ Valentine’s day မှာ မေတ္တာတရားကို ထုတ်ဖော်ပြပြီး နူးညံ့စွာဖြတ်သန်းကြမလား၊ အချစ်နယ်ကျွံပြီး မဖြစ်သင့်တာတွေကို လက်ယက်ခေါ်မလား။ ဘယ်လိုပဲဖြစ်ဖြစ် Valentine’s day ကို ရိုးရိုးသားသားလေးပဲ ဖြတ်သန်းစေချင်တယ်။

Leave a Reply