Chelsea ကို ဂိုးပြတ်သွင်းပြီး အနိုင်ယူခဲ့တဲ့ Man City

Chelsea ကို ဂိုးပြတ်သွင်းပြီး အနိုင်ယူခဲ့တဲ့ Man City

0

မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Super Sunday ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ဖို့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ စောင့်ကြည့်ခြင်းကိုခံရပေမယ့် ထင်ထားသလိုပွဲကောင်းတစ်ပွဲတော့မဖြစ်ခဲ့ပါဘူး။

Chelsea အသင်းဟာ ဂိုးစောစောစီးစီးပေးလိုက်ရပြီးနောက်မှာ ဆက်တိုက်ဆိုသလိုပဲ Man City ရဲ့ ဖိအားပေးမှုအောက်မှာ အမှားတွေများပြီး နားလည်မှုတွေလွှဲခဲ့ရပါတယ်။ ၂၄ မိနစ်အတွင်း ၄ ဂိုးသွင်းယူခံရပြီးနောက်မှာတော့ Chelsea ကစားကွက်က သိသိသာသာပျက်စီးသွားခဲ့ပြီး Man City အသင်းရဲ့ စိတ်ကြိုက်ချယ်လှယ်မှုတွေကို ခံရပါတော့တယ်။ ဂိုးကန်သွင်းမှု ၁၂ ကြိမ်မှာ တစ်ကြိမ်သာလျှင် ဂိုးရဖို့ နီးစပ်ခဲ့တာဟာ တော်တော်လေးအခြေအနေဆိုးရွားတဲ့ အခြေအနေပါ။

ဒီနိုင်ပွဲကြောင့် Man City အသင်းက Liverpool အသင်းထက် တစ်ပွဲပိုကစားပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁ နေရာမှာ နေရာယူထားပါပြီ။ Man City ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ အထူးချီးကျူးရမှာက တိုက်စစ်မှုး Aguero ပါပဲ။ ပထမဆုံးရရှိလာတဲ့ အပိုင်အခွင့်အရေးကို လွဲချော်ပြီးနောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို Hat-tricks သွင်းပြီးပြသခဲ့ပါတယ်။ ဒီနှစ်ရာသီအတွက်တော့ ဒုတိယမြောက် Hat-tricks ဖြစ်ခဲ့သလို England လက်ရွေးစင်ဟောင်း Alan Shearer ရဲ့ ၁၁ ကြိမ်သွင်းယူစံချိန်ကိုပါ လိုက်မှီသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနှစ်ရရှိခဲ့တဲ့ Hat-tricks နှစ်ကြိမ်က အသင်းကြီးနှစ်သင်းဖြစ်တဲ့ Arsenal, Chelsea အသင်းကို သွင်းယူခဲ့တာဖြစ်လို့ တကယ့်ကို စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါပဲ။

Leave a Reply