AR နည်းပညာသုံး Google Map ကို စတင်စမ်းသပ်

AR နည်းပညာသုံး Google Map ကို စတင်စမ်းသပ်

0

မနှစ်က ကျင်းပခဲ့တဲ့ Google I/O developer’s conference မှာ ထုတ်ပြခဲ့တဲ့ AR နည်းပညာ အသုံးပြုထားတဲ့ Google Map ကို ခုဆိုရင် အချို့ user တွေကို စတင် အသုံးပြုခွင့် ပေးထားပြီး စမ်းသပ် နေပါပြီ။

အသုံးပြုသူရဲ့ ဖုန်း screen ပေါ်မှာ အချိန်နှင့် တစ်ပြေးညီ မြေပုံအညွှန်းကို ဖော်ပြပေးနေမှာပါ။ Google glass မှာတော့ ဖုန်းအသုံးပြု စရာမလိုပဲ ဖော်ပြပေးမယ်လို့လဲ ပြောထားပါသေးတယ်။

Google map street view က data တွေကို ယူပြီး သင်သွားလို့တဲ့ နေရာကို ညွှန်ပြပေးတဲ့ ပုံစံမျိုးလို့လဲ စမ်းသပ် အသုံးပြုခွင့် ရသူတွေက ပြောပြထားကြပါတယ်။ သင်သွားလိုတဲ့ နေရာကို pin လုပ်လိုက်ရင် လမ်းညွှန်မျှား အကြီးကြီးတွေနဲ့ သင့်ကို ညွှန်ပြပေးမှာပါ။

Leave a Reply