သူမရဲ့ချစ်သူကို ချစ်နေသေးကြောင့် Instagrams မှာ ပြသနေတဲ့ Janica Nam Floresca

သူမရဲ့ချစ်သူကို ချစ်နေသေးကြောင့် Instagrams မှာ ပြသနေတဲ့ Janica Nam Floresca

0

နှစ်တွေဘယ်လောက်ပဲကြာနေပါစေ အချစ်တွေကတော့ ပြောင်းလဲမသွားဘူးဆိုတာ အပြင်မှာတကယ်ရှိပါတယ်။ ဖိလစ်ပိုင်တရုတ်မော်ဒယ် Janica Nam ကတော့ မတော်တဆရေနစ်သေဆုံးသွားတဲ့ သူမရဲ့ချစ်သူ အခုထိချစ်နေသေးကြောင်းကို သူမရဲ့ Instagram account မှာ အမှတ်တရလေးတွေကို တင်ပြီးပြသနေပါတယ်။

Janica ရဲ့ချစ်သူ Franco Hernandez က ဖီလစ်ပိုင် Dance group “Hashtags” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေဆုံးချိန်မှာတော့ အသက် ၂၆ နှစ်ရှိပါပြီ။ သူတို့တွေဟာ လှေစီးရင်း လှေပေါ်ကခုန်ချဖို့ လုပ်ဆောင်ခဲ့ကျရာမှာ အားကောင်းတဲ့ လှိုင်းရိုက်ချက်ကြောင့် အားလုံးကမ်းပေါ်ပြန်တင်သွားခဲ့ပါတယ်။

ကံဆိုးစွာနဲ့ပဲ Hernandez က သတိလစ်သွားခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့် ဆေးရုံရောက်ရှိချိန်မှာတော့ Harnandez က သေဆုံးနေပြီပဲဖြစ်ပါတယ်။ သူသေဆုံးတဲ့နေ့ကတော့ သူတို့အကအဖွဲ့ရဲ့ နှစ်နှစ်ပြည့်ဖြစ်နေပါတယ်။

Harnandez သေဆုံးသွားခဲ့ပေမယ့် Janica ကတော့ အခုချိန်ထိမေ့လို့မရသေးပဲ ချစ်နေသေးကြောင်းကို အတူရိုက်ခဲ့တဲ့ Relationship goals ပုံတွေ၊ အမှတ်တရဓာတ်ပုံတွေကို Instagram မှာတင်ပြီး ပြသနေတာပဲဖြစ်ပါတယ်။ သေဆုံးပြီးသွားတာတောင် Harnandez ရဲ့ အနီးအနားမှာပဲရှိနေခဲ့တဲ့ Janica ရဲ့ အချစ်ကတော့ လေးစားလောက်စရာကောင်းပါတယ်။

Leave a Reply