သူငယ်ချင်းတွေ အိမ်မှာစုပြီး Chill ကြမယ်

သူငယ်ချင်းတွေ အိမ်မှာစုပြီး Chill ကြမယ်

0

အကင်စားမယ်၊ ကော့တေး စပ်ပြီး ဖျော်သောက်ကြမယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ကော့တေး ဖျော်စပ်နည်း တင်ပေးမယ်ဗျာ။ သစ်သီးစုံကော့တေး ဖျော်စပ်ဖို့ဆို နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး နဲ့ ကိုယ်ကြိုက်ရာ အသီးတွေလိုတယ်နော်။ အသီးစုံများရင် ပိုသောက်လို့ကောင်းတာပေါ့။

နောက်တော့ အစေ့ပါတဲ့ အသီးတွေဆိုရင် အစေ့ထုတ်ထားရမယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ပုံအဆင့်ဆင့်တွေကတော့ –

(၁) အသီးတွေကိုရေသေချာဆေးပြီး ဇလုံကြီးကြီးထဲ ထည့်ထားပေး။
(၂) Voka တစ်လုံး
(၃) စပါကလင် (ဒါမှမဟုတ်) ဆိုဒါ ပုလင်း (လိုသလောက်မှန်းဝယ်ပါ)

ကဲပြီးရင်တော့ အသီးတွေထဲကို အရသာစိမ့်ဝင်အောင် ဖရဲသီးကို Blender နဲ့
မွှေပေးရပါမယ်။ ပြီးရင်တော့ စတော်ဘယ်ရီတစ်ဝက်ပါထည့်မွှေပေးပါ။ ကျန်တဲ့အသီးတွေနဲ့ စတော်ဘယ်ရီတစ်ဝက်ကို အတုံးအသေးအနေတော် လှီးထားရပါမယ်။ အကုန်ပြီးရင်တော့ မွှေထားတဲ့အသီးအရည်ထဲကို Voka အရင်လောင်းထည့်လိုက်ပါ။ နောက်တစ်ဆင့်ကျမှ အားလုံးလောင်းထည့်ပြီး စပါကလင် (ဒါမှမဟုတ်) ဆိုဒါလောင်းထည့်ပါ။ ပြီးရင် ရောသမွမွှေပြီးတာနဲ့ အရသာမြည်းစမ်းလို့ရပါပြီ။ အလှပုံစံလုပ်ပြီး ဆိုင်တွေ Bar တွေမှာရောက်နေသလို ခံစားချက်မျိုးနဲ့ သောက်ချင်ရင်တော့ အုန်းသီးအလုံးလိုက် အခွံ့၊ ဖရဲသီးကို ခွက်ပုံစံအခွံ့လုပ်ပြီး အလှပြင်ဆင် သောက်သုံးလို့လည်းရပါတယ်ဗျာ။ အခုဆိုရင် သူငယ်ချင်းတွေအားလုံး ပျော်ပျော်ပါးပါးနဲ့ အိမ်မှာပဲ အေးဆေးစကားပြော ကော့တေးလေး သောက်လို့ရပြီဆိုတော့ အခုပဲ ဟဲလိုခေါ်ပြီး လူစုလိုက်တော့လေ။

*** Voka နေရာမှာ အရက်၊ဆိုဂျူ ကိုယ်ကြိုက်ရာထည့်ပေးလို့ရပါတယ်။ ***

Leave a Reply