ငေါင်းသတ္တဝါဆိုတာ တကယ်ရှိခဲ့သလား?

ငေါင်းသတ္တဝါဆိုတာ တကယ်ရှိခဲ့သလား?

0

မြန်မာ့သမိုင်းမှတ်တမ်းတွေမှာ ငေါင်းသတ္တဝါဆိုတာ ဒဏ္ဍာရီဆန်ဆန် ထူးဆန်းတဲ့ လူတူသတ္တဝါလို့ဆိုကြပါတယ်။ ငေါင်းသတ္တဝါကို ယုံတမ်းစကားတွေနဲ့ နာနာဘာဝတွေရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့လည်း ယုံကြည်နေကြပါသေးတယ်။ ငေါင်းက ငုံးလို၊ ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါပါတယ်။

လူနဲ့အနည်းငယ်ဆင်တူပြီး တောတွင်းမှာ ငေါင်းကို ပိုက်၊ ကျော့ စတာတွေနဲ့ ဖမ်းလို့မရနိုင်ပါဘူး။ ငှက်ပျောဖက်ခင်းပြီ ထောင်ဖမ်းရတာဖြစ်ပြီး ချော်လဲသွားမှ ဖမ်းနိုင်တယ်လို့ ဆိုကြပါတယ်။ ဂနန်းဘာသာစကားနဲ့ဆို စောက်ကွန်း(ခြေတစ်ချောင်းအကောင်) လိုလည်းခေါ်ကြပါတယ်။ ရှေးမြန်မာတိုင်းရင်းဆေးနည်းများမှာ ထိပ်ကပ်နာပျောက်ဆေးဖော်စပ်ရာတွင်လည်း ဒေါင်းရိုး၊ ငေါင်းရိုးတို့ပါဝင်ပါတယ်။ တိမ်သလ္လာပျောက်မျက်စဉ်းဆေးမှာလည်း ငေါင်းရိုးပါဝင်ဖော်စပ်ရတယ်လို့ ဆိုကြပါတယ်။

ငေါင်းသတ္တဝါက ခြေတစ်ချောင်းတည်းရှိတာကြောင့် ထောက်ပြီး လမ်းလျှောက်တတ်ပါတယ်။ ဦးခေါင်းနောက်စေ့နေရာမှာ အောက်ချင်းငှက်နှုတ်သီးလို အချွန်အတတ်ပါပြီး သစ်ပင်များပေါ်ကို လူတစ်ရပ်ကျော်အောင်ခုန်ပြီ ဒီအချွန်ကြီးနဲ့ ပေါက်ကာ ကြာကြာရပ်နေနိုင်ပါတယ်။ ခြေတစ်ချောင်းတည်းရှိပေမယ့် အပြေးအလွန်မြန်ပြီး ဒူးဆစ်ကွေးမရတာကြောင့် သစ်ပင်ကို မှီပြီး အိပ်စက်ရပါတယ်။ ဖနောင့်ပြောင်းပြန်လှည့်နေတဲ့ အနေအထားရှိပြီး လက်မောင်းများက အရမ်းသန်မာပါတယ်။ ခန္ဓာကိုယ်က ပြားချပ်တယ်လို့လည်း အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်ပါသည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” လို့တောင် ဆိုရိုးစကားရှိပါသေးတယ်။

ငေါင်းနဲ့ ပတ်သက်ပြီး အခိုင်လုံဆုံး အထောက်အထားတစ်ခုကတော့ ကုန်းဘောင်မင်းဆက် ရွှေတိုက်မှာ ထားရှိတဲ့ ရွှေနန်းစဉ်လက်သုံပုရပိုက်ဖြူပဲဖြစ်ပါတယ်။ ဒီပုရပိုက်ထဲမှာတော့ လူမျောက်ငရွှေမောင်၊ ကိန္နရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စတဲ့အကြောင်းအရာတွေနဲ့ အတူ ငေါင်းပုံများပါဝင်ပါတယ်။ ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့မြတ်စောညီနောင်ဘုရားမှာ ဖမ်းယူရရှိခဲ့ပါတယ်။ တောင်ငူမြို့ဝန်မှ ဆက်သတဲ့ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက်ပါပါတယ်။ လက်နှစ်ဖက်ကို အတောင်လို ဘေးနှစ်ဖက်ကို ဖြန့်ကားထားပါတယ်။ အမျိုးသမီးမျက်နှာလို မျက်နှာပုံစံရှိပြီး အသံက ငှက်သံလိုပါပဲ။ အသားမစားတဲ့ သတ္တဝါပါ။

ငေါင်းသတ္တဝါက လူနှင်တူသော သတ္တဝါဖြစ်ပြီ ဆံပင်အရမ်းကောင်းပါတယ်။ ငေါင်းရဲ့ဆံပင်ကို ဆံပင်အတုလုပ်ပါက ဆံပင်ကောင်းသည်ဟု ရှေးခေတ်အယူရှိတာကြောင့် အမျိုးသမီးများက ငေါင်းဆံပင်ကို ဆံပင်အတုပြုလုပ်လေ့ရှိကြပါတယ်။ ဒီငေါင်းသတ္တဝါက ခြေတဆက်လက်တဆက်ပဲရှိတာကြောင့် လူလိုကွေးလို့မရပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အပြေးအသန်ဆုံးခွေးတောင်လိုက်မမှီအောင် အပြေးသန်တယ်လို့ ဆိုကြပါတယ်။ ဒီကောင်တွေကိုဖမ်းချင်ရင်တော့ သူတို့ကျင်လည်ကျက်စားတဲ့ ပတ်ဝန်းကျင် တောင်စောင်းတစ်နေရာမှာ ဝါးဖက်(ဝါးပိုးဖက်)တွေခင်းထားပြီး ဖက်ခင်းထားတဲ့ တောင်စောင်းဘက်ကို မောင်းပြီး ဖက်ကိုနင်းမိလို့ ချော်လဲတဲ့အခါ တောင်အောက်ကို လိမ့်ကျသွားတော့မှ တောင်အောက်ကနေ စောင့်ဖမ်းရပါတယ်။ ဒီငေါင်းတွေက လဲကျနေရာမှ ထချင်ရင် သစ်ပင်ငယ်တွေဆဆီ လူးလှိမ့်သွားပြီး သစ်ပင်ငယ်တွေကို ကိုင်တွယ်ဆွဲယူထကြရပါတယ်။ ဒါကြောင့် သူတို့ ပြန်မထနိုင်ခင် အမိဖမ်းရပါတယ်။

ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက်ရွာများတွင် ငေါင်းကိုတွေ့ဖူးကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ မှတ်တမ်းကတော့ ၁၉၉၅ ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်က သစ်ခွဲကြောင်းမှာ လက်ညပ်နေတဲ့ ငေါင်းတစ်ကောင်အား ဖမ်းဆီးမိခဲ့ဖူးပါတယ်။ ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သူတို့က ယဉ်ပါးအောင်မွေးလို့မရပဲ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်က လူ ၁၀ နှစ်သားအရွယ်ခန့်ရှိပါတယ်။ “ငေါင်း…ငေါင်း” အော်တတ်တာကြောင့် ငေါင်းဟု ခေါ်တာလည်းဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းမှာ အများအပြားတွေ့ရတတ်ပြီ ယခုအခါမှာတော့ မရှိသလောက် ရှားသွားပြီဖြစ်ပါတယ်။

Leave a Reply