အသည်းကွဲရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သလဲ?

အသည်းကွဲရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သလဲ?

0

အသည်းကွဲတယ်ဆိုတာ တုန်လှုပ်ဖို့ကောင်းပြီး ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ အသည်းကွဲပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊ ယုံကြည်မှုပျောက်ဆုံးတာတွေ၊ ထိခိုက်နာကျင်တဲ့ စကားလုံးတွေစတဲ့ ရလာဒ်တွေ အများကြီးပါပဲ။ ပိုပြီး သိထားသင့်တာက အသည်းကွဲရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာပါပဲ။

(၁) ကိုယ့်ကိုယ်ကို ယုံမှားသံသယဖြစ်ခြင်း။

အသည်းကွဲဖူးသူတိုင်းကြုံဖူးကျမှာပါ။ ကိုယ့်ကိုယ်ကို မေးခွန်းတွေအထပ်ထပ်မေးမိတယ်ဆိုတာ။ ဒါဟာသင့်ကိုယ်ပိုင် ယုံကြည်မှုတွေပျောက်ဆုံးနေပြီး အရာရာကို ယုံမှားသံသယဖြစ်နေတာပါ။

(၂) ကြွက်တတ်ခြင်း

စိတ်ဖိစီးမှု မြင့်တက်လာတာနဲ့အမျှ ကြွက်တတ်နိုင်ချေ ပိုများလာလေပါပဲ။ အသည်းကွဲခြင်းရဲ့ စိတ်ဆင်းရဲမှုဒူက္ခတွေဆိုတာ မလွဲမသေခံစားရမှာချည်းပါပဲ။ သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုကတော့ သင့်ကိုပိုပြီး ခံရခက်စေပါတယ်။

(၃) ရုပ်ပိုင်းဆိုင်ရာနာကျင်မှု။

အသည်းကွဲပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေပါ ပါလာတတ်ပါတယ်။ ဗိုက်အောင့်တာတို့၊ ခေါင်းမူးတာအပြင် တခြားနာကျင်မှုတွေပါခံစားရနိုင်ပါတယ်။ အသည်းကွဲတာကို ကျိတ်ခံဖို့ဖိအားပေးလေလေ သင့်ခန္ဓာကိုယ်နေရာအနှံ့မှာ နာကျင်မှုတွေများလာလေပါပဲ။

(၄) ဆံပင်ကျွတ်ခြင်း။

စိတ်ဖိအားတွေများလာတာနဲ့အမျှ မူမမှန်တဲ့ ဆံပင်ကျွတ်ခြင်းတွေ ကြုံရနိုင်ပါတယ်။

(၅) ကိုယ်ခံစွမ်းအားကျဆင်းခြင်း။

အသည်းကွဲတဲ့ကာလတစ်လျှောက် သင့်ရဲ့စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေ ကျဆင်းလာပါတယ်။ဒါကြောင့်ပဲ သင်ဟာ ရောဂါပိုးမွှားနဲ့ ကူးစက်ရောဂါတွေ ကျရောက်ဖို့ ပိုမိုလွယ်ကူသွားမှာပါ။ အသည်းကွဲခြင်းကယူဆောင်လာတဲ့ စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့ခန္ဓာကိုယ်ခုခံနိုင်စွမ်းကို အားနည်းစေပါတယ်။

(၆) ရာသီစက်ဝန်းနောက်ကျခြင်း။

ပြင်းထန်စွာစိတ်ဖိစီးမှု ခံစားရခြင်းကသင့်ရဲ့ ရာသီစက်ဝန်းကို နောက်ကျစေနိုင်ကြောင်း လေ့လာမှုတွေ့ရှိမှုတွေက သက်သေပြုထားပါတယ်။

(၇) စိတ်ဝင်စားမှုလျော့ကျခြင်း။

အရင်ကစိတ်ဝင်တစားလုပ်ခဲ့တဲ့အရာတွေဟာ ရုတ်ချည်းဆိုသလို သင့်အတွက်အဓိပ္ပါယ်မဲ့ပြီး ဆက်မလုပ်ချင်တဲ့ စိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ သင်စိတ်ဝင်စားမှုလျော့ကျနေပါပြီ။

(၈) အာရုံထိခိုက်လွယ်မှုမြင့်တက်ခြင်း။

အပြုသဘောမဆောင်တဲ့ ကိစ္စသေးသေးလေးတွေကအစ သင်ရှောင်ထွက်ပြေးချင်နေပြီဆိုရင် သေချာပါတယ် သင့်ရဲ့ နှလုံးသားက ဆတ်ဆတ်ထိမခံနိုင်တော့ဘဲ စိတ်ဖိစီးမှုတွေ ထပ်မရချင်တော့လို့ပါ။

(၉) မူမမှန်သော အစားစားချင်စိတ်ဖြစ်ပေါ်ခြင်း။

သင်ကြုံဖူးမှာပါ..တချို့တွေအသည်းကွဲရင် အစားနဲ့ဖြေဖျောက်သလို၊ တချို့ကျတော့လည်းဘာမှစားချင်စိတ်မရှိပါဘူး။ ဒါကတော့ သင်ဘယ်လိုလူမျိုးလည်းဆိုတဲ့အပေါ် မူတည်ပါတယ်။

(၁၀) နှလုံးခုန်နှေးကွေးသွားခြင်း။

လေ့လာမှုတွေအရ အသည်းကွဲခြင်းကဲ့သို့သော စိတ်ထိခိုက်စရာ အတွေ့အကြုံတွေက သင့်ရဲ့နှလုံးကိုနှေးကွေးသွားစေပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့သွေးလည်ပတ်မှုစနစ်က စိတ်သိပ်မချရတော့သလို နှလုံးခုန်နှုန်းလည်း နှေးနေနိုင်ပါတယ်။ ဒီလိုခံစားရပြီဆို ဆရာဝန်ဆီ သွားတာအကောင်းဆုံးပါပဲ။

ကဲ… ခုဆိုရင်အသည်းကွဲခြင်းကြောင့် ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုဖော်ပြပေးပြီးပြီဆိုတော့ Digital Rockstar ပရိတ်သတ်ကြီးလည်း အသည်းမကွဲဘဲအမြဲပျော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply