ငါးအရိုးစူးရင် ဘယ်လိုဖယ်ရှားမလဲ?

ငါးအရိုးစူးရင် ဘယ်လိုဖယ်ရှားမလဲ?

0

ငါးဟင်းစားရင်း ငါးရိုးမျိုချမိလို့ လည်ချောင်းမှာစူးသွားတာကို အင်မတန်မှ ဖြစ်ထောင့်ဖြစ်ခဲကြုံဖူးကြပါလိမ့်မယ်။ ခိုးလုခုလုနဲ့တော်တော်ခံစားရခက်ပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ တတ်ကျွမ်းသလို လုပ်ကြည့်ပေမယ့် အဆင်မပြေတာကိုလည်း ကြုံဖူးကြမှာပါ။ ဒါကြောင့်လွယ်ကူပြီး ထိရောက်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်…

၁။ Marshmallows

Marshmallows လို့ပြောလိုက်လို့ သင့်စိတ်ထဲထူးဆန်းနေပါလိမ့်မယ်။ ဒါပေသိ ဒီစေးကပ်တဲ့ Marshmallow မုန့်က သင့်လည်ချောင်းမှာစူးနေတဲ့ အရိုးကို ကျသွားဖို့ ကူညီပေးနိုင်ပါတယ်။ Marshmallow မုန့်ကို ညက်အောင်ဝါးပြီး အကုန်လုံးကို တပြိုင်ထဲမျိုချလိုက်ပါ။ ဒီမုန့်က စေးကပ်တာကြောင့် မျိုချလိုက်ရင် လည်ချောင်းကအရိုးကို ကပ်ပြီး ဗိုက်ထဲဆွဲချသွားပါလိမ့်မယ်။

၂။ သံလွင်ဆီ

သံလွင်ဆီကတော့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ လည်ချောင်းမှာအရိုးဆူးနေရင် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းမျိုချလိုက်ပါ။ သံလွင်ဆီမျိုချလိုက်ရင် လည်ချောင်းနံရံတွေကို ချောမွေ့သွားစေမှာဖြစ်ပြီး ဆူးနေတဲ့အရိုးကိုလည်း ချောမွေ့သွားစေပါလိမ့်မယ်။ အဲ့ဒီအခါကျမှ ချောင်းဟန့်လိုက်မယ်ဆိုရင် အရိုးကလည်းချောင်းထဲကနေ အလွယ်တကူ ကျသွားပါလိမ့်မယ်။

၃။ ချောင်းဟန့်ကြည့်ပါ

တစ်ခါတစ်လေအရိုးစူးတဲ့အခါ ချောင်းဟန့်ရုံနဲ့ အလွယ်တကူကျနိုင်ပါတယ်။ ခပ်ပြင်းပြင်းလေး ချောင်းဟန့်လိုက်မယ်ဆိုရင် လည်ချောင်းရဲ့တုန်ခါမှုကြောင့် အရိုးကကျသွားမှာ ဖြစ်ပါတယ်။

၎။ ငှက်ပျောသီး

တစ်ချို့လူတွေကတော့ ငှက်ပျောသီးနဲ့ အရိုးကျသွားအောင်လုပ်ကြပါတယ်။ ငှက်ပျောသီးနဲ့ Marshmallow လိုနည်းအတိုင်းလုပ်မယ်ဆိုရင် အရိုးအလွယ်တကူကြသွားမှာပါ။ ငှက်ပျောသီးကို ကြီးကြီးကိုက်ပြီး မျိုချလိုက်မယ်ဆို လည်ချောင်းမှာဆူးနေတဲ့ အရိုးကငှက်ပျောသီးနဲ့ကပ်ပါပြီး ကျသွားပါလိမ့်မယ်။

၅။ ပေါင်မုန့်နဲ့ရေ

ပေါင်မုန့်ကို ရေစိမ်ပြီး မျိုချရင် အရိုးကျတဲ့နည်းလမ်းလည်းရှိပါတယ်။ ပေါင်မုန့်ကို ရေထဲခဏစိမ်ပြီး စိမ်ထားတဲ့အပိုင်းကို ကြီးကြီးကိုက်ပြီး မျိုချလိုက်ပါ။ ဒီနည်းလမ်းက ရေစိမ်ထားတဲ့ပေါင်မုန့် အလေးချိန်နဲ့ စူးနေတဲ့ အရိုးကို ဆွဲချသွားတဲ့ နည်းလမ်းပါ။

၆။ ဆိုဒါ

နှစ်ရှည်လများ ကျန်းမာရေးလိုက်စားသူတွေကတော့ လည်ချောင်းထဲ အစာတစ်ခုခုတစ်နေရင် ကိုကာကိုလာ ဒါမှမဟုတ် တခြားအဖျော်ယမကာတွေအသုံးပြုပြီး ရှင်းထုတ်ကြပါတယ်။ ဆိုဒါသောက်လိုက်လို့ အစာအိမ်ထဲရောက်သွားရင် ဓာတ်ငွေ့တစ်မျိုး ပြန်ထွက်ပါတယ်။ ဒီဓာတ်ငွေ့ကတော့ အရိုးကို ပျက်ဆီးအောင် ပြုလုပ်ပေးနိုင်ပြီး အရိုးကျသွားဖို့ ကူညီပေးနိုင်ပါတယ်။

၇။ ရှာလကာရည်

ရှာလကာရည်က အက်စစ်ဓာတ်အရမ်းများတဲ့ အရည်တစ်မျိုးပါ။ ရှာလကာရှည်သောက်လိုက်မယ်ဆိုရင် ငါးအရိုးက ပျော့သွားပြီး အလွယ်တကူကျသွားဖို့ ကူညီပေးနိုင်ပါတယ်။ ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၁ ဇွန်းကို ရေတစ်ခွက်နဲ့ ရောဖျော်ပြီးသောက်ပါ။ ဒီနေရာမှာ သုံးမယ့် ရှာလကာရှည်ကတော့ Apple cider vinegar က အကောင်းဆုံးပါပဲ။

၈။ ပဲထောပတ်ပေါင်မုန့်

ပဲထောပတ်သုတ်ထားတဲ့ပေါင်မုန့်ကို မျိုချတာကလည်း အရိုးစူးတာကို ကျသွားဖို့ ကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ ပဲထောပတ်သုတ်ထားတဲ့ပေါင်မုန့်ကို ခပ်ကြီးကြီးကိုက်ဝါးပြီး ပေါင်မုန့်ကပါးစပ်မှာ မစိုစွတ်ခင်မျိုချလိုက်ပါ။ ပေါင်မုန့်ခြောက်ကပ်ကပ်ကြီး မျိုချရမှာဖြစ်တဲ့အတွက် မနင်အောင်အနားမှာ ရေတစ်ခွက်ရှိဖို့တော့လိုပါတယ်။ ဒါဆိုပေါင်မုန့်ခြောက်ကပ်ကပ်က အရိုးကို ကျသွားအောင် ကူညီပေးနိုင်ပါတယ်။

၉။ လည်ချောင်းအတွင်းကို ကုတ်ကြည့်ပါ

လူတွေက ငါးအရိုးစူးတာလောက်ကို ဆေးရုံးသွားရမယ်လို့ ထင်နေကြပါတယ်။ ငါးရိုးက အရမ်းချွန်နေတယ်ဆိုရင် လည်ချောင်းကို ကုတ်ခြစ်ပြီး ငါးအရိုးကျသွားအောင်လည်း လုပ်နိုင်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း ကိုယ်တိုင်ကုတ်ခြစ်ရုံနဲ့ အရိုးကအလွယ်တကူကျသွားနိုင်ပါတယ်။

၁၀။ သူငယ်ချင်းတွေဆီမှ အကူအညီတောင်းပါ

တစ်ချို့ငါးအရိုးတွေက Tonsils ဆိုတဲ့ ကလင်းတစ်မျိုးကြောင့် ဖယ်ရှားဖို့မလွယ်ကူပါဘူး။ ဓာတ်မီး၊ Popsicle stick နဲ့ မှေးညှပ်အသုံးပြုပြပြီး ဖယ်ရှာလို့ရပါတယ်။ မှေးညှပ်ကိုတော့ အနည်းငယ်ရှည်ပြီး ညှပ်လို့ရအောင် Popsicle Stick နဲ့ တွဲလိုက်ပါ။ ပြီးရင်တော့ သင့်သူငယ်ချင်းကို အကူအညီတောင်းပြီး ဓာတ်မီးနဲ့အရိုးရှိတဲ့ နေရာကို ရှာပြီး ဂရုတစိုက် မှေးညှပ်နဲ့ ဖယ်ရှားပေးဖို့ အကူအညီတောင်းလိုက်ပါ။

Leave a Reply