နွေမှသည် မိုးဆီသို့ဥတုရာသီ ကူးပြောင်းလာတာနဲ့အမျှ ကျန်းမာရေးအလှည့်အပြောင်းတွေကို လူတွေသာမက တိရစ္ဆာန်လေးတွေပါ ခံစားကြရပါတယ်။ ဒီလိုခံစားကြရတဲ့အထဲမှာမှ လူတွေရဲ့အသည်းကျော် ပါပီလေးတွေလည်း အပါအဝင်ပဲနော်။
ဒါကြောင့်ထားရာနေ၊ စေရာသွား၊ ကျွေးတာစားရတဲ့ သူတို့လေးတွေကို ရာသီအကူးအပြောင်းမှာ အမြဲကျန်းမာနေအောင် ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတာ လေ့လာကြည့်ရအောင်နော်။
၁။ အသားဓာတ်ပါတဲ့ အစားအစာတွေကျွေးပါ။
အဟာရပြည့်ဝပြီးကိုယ်ခံအားကောင်းအောင် အစားအစာတွေကို သေချာကျွေးသင့်ပါတယ်။ ဒီလိုကျွေးတဲ့အခါ အသားဓာတ်များများပါတဲ့ အစားအစာတွေကို ကျွေးရပါမယ်။
၂။ ရေစိုနေရင်ခြောက်အောင်သုတ်ပေးပါ။
မိုးရေစိုလို့ပဲဖြစ်ဖြစ်၊ ရေချိုးပေးထားလို့ပဲဖြစ်ဖြစ် ရေစိုနေရင်တော့ အမြန်ခြောက်အောင်သုတ်ပေးပါ။ ရေစိုတိုင်းထားမယ်ဆိုရင် အအေးပတ်ပြီး နေမကောင်းဖြစ်တတ်လို့ပါ။
၃။ နွေးထွေးတဲ့နေရာထိုင်ခင်းတစ်ခုစီစဉ်ပေးပါ။
အေးစိမ့်နေတဲ့ရာသီဖြစ်တာကြောင့် နွေးထွေးတဲ့နေရာမှာ နေခိုင်းဖို့အရေးကြီးပါတယ်။
၎။ Air-Con ခန်းထဲမှာအချိန်ကြာကြာနေခြင်းကိုတားမြစ်ပါ။
Air-Con ခန်းထဲမှာအချိန်ကြာကြာမထားသင့်ပါဘူး။ အခန်းထဲမှာနေခိုင်းထားမယ်ဆိုလျှင် Air-Con ကိုပိတ်ထားသင့်ပါတယ်။
၅။ နေရောင်အောက်မှာနေပါစေ။
နေရောင်ရလာတဲ့အခါမျိုးတွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို နေရောင်အောက်မှာနေခိုင်းပါ။ နေရောင်ထိတွေ့ခြင်းက ခန္ဓာကိုယ်မှာတွယ်ကပ်နေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ပါပီလေးတွေလည်း လန်းဆန်းလာပါလိမ့်မယ်။
၆။ အိမ်ထဲမှာသူတို့နဲ့အတူဆော့ကစားပေးပါ။
မိုးရွာနေတဲ့အချိန် အိမ်ထဲမှာသူတို့နဲ့ အတူဆော့ကစားပေးပါ။ အမြဲငြိမ်ကုပ်နေတာက သူတို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
၇။ လိုအပ်ရင်ကာကွယ်ဆေးထိုးပေးပါ။
နေမကောင်းဖြစ်မယ့် အရိပ်အယောင်မြင်ရင် ကာကွယ်ဆေးထိုးပေးပါ။
ဒီလိုမျိုးပြုလုပ်ပေးခြင်းဖြင့် အသည်းကျော်လေးတို့ရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ပေးလိုက်ကြပါဦးနော်။