Benedict Cumberbatch

Benedict Cumberbatch

0

Benedict Cumberbatch ဆို Marvels ကရိုက်ကူးတဲ့ Sherlock, Doctor Strange ဇာတ်ကောင်ကို လူတွေးပြေးမြင်မိကြပါလိမ့်မယ်။ English လူမျိုးမင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်၊ TV ၊ ပြဇာတ်နှင့် ရေဒီယိုတို့မှာ သရုပ်ဆောင်လုပ်နေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ Cumberbatch က Victoria University က ဘွဲ့ရယူထားနိုင်ပြီး London Acadamy မှာလည်း ဂီတနဲ့ပြဇာတ် အနုပညာသင်တန်းတတ်ရောက်ထားသူပါ။ ၂၀၀၅ ခုနှစ်ကစပြီး ပြဇာတ်ကရင်း အနုပညာလုပ်ငန်းတွေကိုစတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ William Shakespeare ပြဇာတ်ကို ကခဲ့ပါသေးတယ်။

ပြဇာတ်တွေလည်းကရင်းမှ ရုပ်သံဗီဒီယိုတွေလည်းအများအပြားရိုက်ကူးလာနိုင်ခဲ့ပြီး ၂၀၁၆ မှာ Doctor Strange ၊ ၂၀၁၇ မှာ Thor:Ragnarok ၊ ၂၀၁၈ မှာတော့ Avengers: Infinity War ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင် လူကြိုက်ပိုများလာခဲ့ပါတယ်။ အခုဆိုရင်သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Patrick Melrose ကို မကြာခင် ပရိတ်သတ်တွေအနေနဲ့ ခံစားကြည့်ရှုရတော့မှာပါ။

Cumberbatch ကို Timothy Carlto နဲ့ Wanda Ventham က London အနောက်ပိုင်း Hammersmith နှင့် Fulham မြို့ Queen Charlotte’s and Chelsea ဆေးရုံးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်သူက တော်ဝင်မြို့တော် Chelsea မှာ ကြီးပြင်းခဲ့ပါတယ်။ သူ့မှာ သူ့အမေအရင်အိမ်ထောင်နဲ့ ရထားတဲ့ Tracy Peacock ဆိုတဲ့ အစ်မတစ်ယောက်ရှိပါသေးတယ်။ သူအဘိုးကတော့ Royal Navy ရဲ့ officer တစ်ဦးဖြစ်တဲ့ Henry Carlton Cumberbatch ဖြစ်ပြီး ကမ္ဘာ့စစ်ပွဲနှစ်ပွဲလုံးမှာ ပါဝင်ခဲ့ဖူးသူပါ။ သူရဲ့အဘိုး(Henry Carlton Cumberbatch ရဲ့ဖခင်) Henry Arnold Cumberbatch ကလည်း British ကောင်စစ်ဝန်အဖြစ် Romania, Turkey နဲ့ Lebanon တို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးပါ။

ဒီလိုအရာရှိအသိုင်းအဝိုင်းဆွေကြီးမျိုးကြီးက မွေးဖွားခဲ့တဲ့ Benedict Cumberbatch က ပညာရေးမှာလည်း ခေသူတစ်ဦးမဟုတ်။ အသက်ရှစ်နှစ်အရွယ်မှာကတည်းက Brambletye ကျောင်းမှာ West Sussex ပညာသင်ကြားခဲ့ပြီး Harrow ကျောင်းမှာတော့ အနုပညာသင်ဆုရကျောင်းသားဖြစ်ခဲ့သူပါ။ Harrow ကျောင်းအုပ်ကြီးဖွဲ့စည်းထားတဲ့ Rattigan အဖွဲ့ရဲ့ Member တစ်ဦးဖြစ်ခဲ့သူပါ။ ကျောင်းပေါင်းများစွာမှာ Shakespearean ပြဇာတ်တွေလိုက်လံကပြဖျော်ဖြေရာမှာလည်း ပါဝင်ခဲ့ပြီး Cumberbatch ရဲ့ Drama ဆရာကသူ့ကို “The best schoolboy actor” လို့တောင် ခေါ်ခဲ့ရသူပါ။

အဘိုးတွေက အရာရှိတွေဖြစ်သော်ငြားလည်း အရာရှိသွေးတစက်ကလေးတောင်မပါပဲ အဖေနဲ့အမေဆီက အနုပညာသွေးတွေကသာ သူ့ခန္ဓာကိုယ်တယ် စီးဆင်းနေတယ်ထင်ရလောက်အောင် အနုပညာလုပ်ငန်းတွေကိုလုပ်နေသူပါ။ TV စီးရီးတွေအများအပြားရဲ့ ပင်တိုင်သရုပ်ဆောင်ဖြစ်ခဲ့သလို BBC ရေဒီယိုသတင်းဌာနမှာလည်း နှစ်အတော်ကြာအလုပ်ဝင်လုပ်ရင်း နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူတွေဆီကနေ ပညာဆည်းပူးခွင့်ရခဲ့ပါတယ်။ ဂီတပိုင်းမှာဆိုရင်လည်း ၂၀၁၆ စက်တင်ဘာလ ၂၈ ရက်နေ့က စင်ပေါ်မှာ Pink Floyd အဖွင့်ဝင်တစ်ဦးအဖြစ် Royal Albert ခန်းမမှာ Comfortably Numb သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။ ပြောမကုန်တဲ့ သူရဲ့အနုပညာလုပ်ငန်းတွေက အများအပြားကိုရှိနေပါတယ်။ အနုပညာလုပ်ငန်းတွေ အများအပြားလုပ်လို့ ပြောမကုန်တာမျိုးပဲမဟုတ်သလို ရရှိခဲ့တဲ့ဆုတွေကလည်း အများအပြားပါပဲ။

သူကတော့ Sophie Hunter ဆိုတဲ့ Opera ဒါရိုက်တာ တစ်ဦးနဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် သားနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ သူနဲ့ Sophie တို့က လက်မထပ်ခင်မှာ ၁၇ နှစ်တိုင်တိုင် သူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးနေခဲ့တာပါ။ ဒါဟာအင်မတန်ကိုမှ ရှားပါးတဲ့ ဆက်ဆံရေးမျိုးပါ။ အခုဆို သူဟာအသက်ရွယ်အားဖြင့် ၄၂ ရှိပြီဖြစ်သော်လည်း အနုပညာလုပ်ငန်းတွေကိုတော့ ကွက်စိပ်ကျကျလုပ်ကိုင်နေဆဲဖြစ်ပါတယ်။ Sherlock, Doctor Strange ဇာတ်ကောင်နဲ့ ပရိတ်သတ်အများအပြားရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို မကြာခင်မှာကြည့်ရှုရတော့မယ့် Patrick Melrose မှာလည်း ဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်အချစ်တွေကို သိမ်းပိုက်ဦးမလဲဆိုတာ့ စောင့်ကြည့်ရတော့မှာပါ။ အနုပညာလုပ်ငန်းတွေ အများအပြားလုပ်လို့ ပြောမကုန်တာမျိုးပဲမဟုတ်သလို ရရှိခဲ့တဲ့ဆုတွေကလည်း အများအပြားပါပဲ။

Leave a Reply