ရေခဲသေတ္တာကို စနစ်တကျ ထိန်းသိမ်းမယ်

ရေခဲသေတ္တာကို စနစ်တကျ ထိန်းသိမ်းမယ်

0

လူတော်တော်များများက ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်တဲ့အခါ အစားအစာတွေကို အပြင်ထုတ်ပြီး ရေခဲသေတ္တာထဲက ကရိယာတန်ဆာပလာတွေမှာခဲနေတဲ့ ရေခဲတွေကို ဖယ်ရှားတတ်ကြပါတယ်။

ဒီရေခဲတွေကိုဖယ်ရှားလိုက်တာ အကောင်းဆုံးဆိုပေမယ့်လည်း ဒါတွေကိုဖယ်ရှားရုံနဲ့ ပြီးမသွားပါဘူး။ ငွေကုန်ကြေးကျလည်းသက်သာစေမယ့် အကောင်းဆုံးသန့်ရှင်းထိန်းသိမ်းနည်းကတော့ ရေခဲသေတ္တာရဲ့ကရိယာတန်ဆာပလာတွေကို သေချာသန့်ရှင်းပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ ညစ်ပေနေတဲ့ အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ရေခဲသေတ္တာအတွင်းပိုင်းအခန်းတွေကို ဘယ်လိုလွယ်လွယ်ကူကူသန့်ရှင်းရေးလုပ်မလဲဆိုတာ လေ့လာကြည့်ရအောင်…

ဒီရေခဲတွေကိုဖယ်ရှားလိုက်တာ အကောင်းဆုံးဆိုပေမယ့်လည်း ဒါတွေကိုဖယ်ရှားရုံနဲ့ ပြီးမသွားပါဘူး။ ငွေကုန်ကြေးကျလည်းသက်သာစေမယ့် အကောင်းဆုံးသန့်ရှင်းထိန်းသိမ်းနည်းကတော့ ရေခဲသေတ္တာရဲ့ကရိယာတန်ဆာပလာတွေကို သေချာသန့်ရှင်းပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ ညစ်ပေနေတဲ့ အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ရေခဲသေတ္တာအတွင်းပိုင်းအခန်းတွေကို ဘယ်လိုလွယ်လွယ်ကူကူသန့်ရှင်းရေးလုပ်မလဲဆိုတာ လေ့လာကြည့်ရအောင်…

၁။ ရေခဲသေတ္တာ မီးပလပ်ဖြုတ်လိုက်ပါ။

ရေခဲသေတ္တာထဲက ကရိယာတန်ဆာပလာတွေဖြုတ်ပြီး ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပြီးတဲ့အချိန်ထိ မီးပလပ်ကို ဖြုတ်ထားပါ။ ဒါကရေခဲသေတ္တာထဲမှာ ခဲနေတဲ့ရေခဲတွေကို ဖယ်ရှားတဲ့နေရင်း ထိခိုက်မှုမဖြစ်အောင်နဲ့ ဓာတ်မလိုက်အောင် ကာကွယ်ပေးတဲ့ သဘောပါပဲ။ ကရိယာတန်ဆာပလာတွေ ဒါမှမဟုတ် သင်အိမ်ကြမ်းပြင်တွေအပျက်အစီးမရှိအောင်၊ အစွန်းအထင်တွေမဖြစ်အောင် အရင်လုပ်သင့်ပါတယ်။ ကရိယာတွေကို သတင်းစာစက္ကူပေါ်မှာတင်ထားတာ၊ အဝတ်စုတ်တစ်ခုခုပေါ်မှာတင်ထားသင့်ပါတယ်။

၂။ အပြင်ကိုထုတ်လိုက်တဲ့အစားအစာစာရင်းလုပ်ထားပါ။

အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ ထိန်းသိမ်းထားတာကောင်းတယ်ဆိုပေ့မယ် တစ်ချို့အစားအစာတွေကတော့ လအတော်ကြာထားလို့မကောင်းပါဘူး။ အခုရေခဲသေတ္တာထဲမှာရှိတဲ့ ပစ္စည်းတွေကို စာရင်းလုပ်လိုက်ပါ။ ပြီးရင်တော့ အေးခဲထားတဲ့အစားအသောက်တွေကို ရေခဲသေတ္တာထဲကထုတ်လိုက်ပါ။ ပြီးရင်တံဆိပ်နာမည်တွေ၊ ကုန်ဆုံးရက်တွေကို ချရေးလိုက်ပါ။ အစားအစာတစ်ခုချင်းစီကို ကြည့်ပြီးအနံ့ခံပြီး ပျက်စီးမှုရှိနေတဲ့ အစားအစာတွေကိုတော့ ဖယ်ထုတ်လိုက်ပါ။

အေးခဲနေတဲ့အစားအစာတွေပျက်စီးကြောင်းသိစေရန်

  • ပုံမှန်မဟုတ်တဲ့ အရောင်အဆင်းနဲ့မြင်ရရင်
  • ပုပ်သိုးနေသလိုအနံ့ဆိုးထုတ်နေရင်
  • ဘူးနဲ့ထည့်ထားတဲ့အစားအသောက်တွေဆို အပေါ်မှာရေခဲလွှာတစ်ခုဖြစ်နေရင်
  • စားသောက်ဖို့ ရက်လွန်သွားရင်

အေးခဲထားရတဲ့ အစားအသောက်တွေကို ပလပ်စတစ်အိတ် သို့မဟုတ် ဘူးတွေနဲ့ထည်ပြီးထိန်းသိမ်းပါ။ ဒီလိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့် သင့်ရေခဲသေတ္တာကို ခဏခဏသန့်ရှင်းရေးလုပ်ရခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပြီးလို့ အစားအစာတွေကို နေရာပြန်ချတဲ့အခါမှလည်း သေချာနေရချလို့ရပါတယ်။

အေးခဲထားရတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲဘယ်လောက်ထိန်းသိမ်းနိုင်မလဲ?

  • ဝက်သားဆား သို့မဟုတ် ဝက်အူချောင်းကို ၂ လ ထိန်းသိမ်းနိုင်ပါတယ်။
  • ချက်ပြုတ်ပြီးသား နဲ့ စားကြွင်းစားကျန်တွေကိုတော့ ၃၊ ၄ လ ထိန်းသိမ်းနိုင်ပါတယ်။
  • စွပ်ပြုတ်နှင့် ဟင်းရည်တွေကို ၂ လ ထိန်းသိမ်းနိုင်ပါတယ်။
  • အမဲသားကိုတော့ ၄ လ ထိန်းသိမ်းနိုင်ပါတယ်။
  • ကြက်သားကိုတော့ ၉ လ ထိန်းသိမ်းနိုင်ပါတယ်။
  • ချက်ပြုတ်ပြီးသား အမဲသား၊ ကြက်သားတွေကို ၄ လ ထိန်းသိမ်းနိုင်ပါတယ်။
  • အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ၁၂ ကနေ ၁၈ လထိ ထိန်းသိမ်းနိုင်ပါတယ်။

၃။ ရေခဲသေတ္တာထဲခဲနေထဲရေခဲတွေကိုအမြန်ဖယ်ရှားပါ။

စာရင်းလုပ်ထားတဲ့ အစားအသောက်အားလုံးကို ဖယ်ရှားပြီးရင် ရေခဲသေတ္တာထဲက ရေခဲတွေကို ဖယ်ရှားဖို့လိုပါတယ်။ ရေခဲသေတ္တာကို အဖုံးဖွင့်ထားတယ်ဆိုပေမယ့်လည်း ဒီရေခဲတွေအရည်ပျော်ဖို့ နာရီပေါင်းများစွာကြာနိုင်ပါတယ်။ အရည်ပျော်တာမြန်ချင်တယ်ဆိုရင်တော့ နည်းလမ်း ၂ မျိုးရှိပါတယ်။

၁. ရေနွေးကို အပူခံနိုင်တဲ့ဘူးအကြီးတစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲထားလိုက်ပါ။ ရေခဲသေတ္တာကို အဖုံးပြန်ပိတ်လိုက်ပြီး အပူငွေ့နဲ့ ရေခဲသေတ္တာထဲက ရေခဲတွေကို အရည်ဖျော်ဖို့လုပ်ပါ။ ခဲနေတဲ့ ရေခဲပမဏ၊ အချိန်ပေါ်မူတည်ပြီး ရေနွေးဘူးကို လဲပေးသင့်ပါတယ်။

၂. ဆံပင်အခြောက်ခံတဲ့ Dryer ကို အပူချိန်လျော့ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ရေခဲခဲနေတဲ့နေရာတွေကို အဓိကထားမှုတ်ပါ။ အရည်ပျော်သွားတဲ့ရေတွေကိုတော့ Dryer ထဲမဝင်ဖို့ သတိပြုသင့်ပါတယ်။

၎။ သန့်ရှင်းရေးလုပ်ပါ။

ရေခဲတွေအားလုံးအရည်ပျော်သွားပြီဆိုရင် ဒီရေတွေအားလုံးကို စစ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ပန်းကန်ဆေးဆပ်ပြာ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရည် အသုံးပြုပြီး ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပါ။ ဆပ်ပြာအနည်းငယ်၊ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါကို ရေနွေးနဲ့ရောပြီးဖျော်ပါ။ ပြီးရင်တော့အဝတ်စ၊ ပန်းကန်ဆေးရေမြုပ်ဖက်ကို အသုံးပြုပြီး ရေခဲသေတ္တာရဲ့အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပါ။ ပြီးရင်တောဒါတွေကို အဝတ်ခြောက်တစ်ခုခုနဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ခြောက်သွေ့အောင် လုပ်ပါ။

၅။ အစားအစာတွေပြန်ထည့်ပါ။

စောစောက တံဆိပ်တွေ၊ ကုန်ဆုံးရက်တွေလုပ်ထားပြီးသား အစားအသောက်တွေကို စနစ်တကျပြန်ထည့်ပါ။ ဒီလိုစနစ်တကျပြန်ထည့်မယ်ဆိုရင် နောက်တစ်ချိန်သန့်ရှင်းရေးပြန်လုပ်တဲ့အခါမှာ လွယ်ကူနေမှာဖြစ်ပြီး ဘယ်အစားအသောက်ကတော့ ဘယ်ရက်မှာ ရက်လွန်တော့မယ်ဆိုတာ ကြိုသိနေမှာဖြစ်လို့ ရေခဲသေတ္တာကို မလိုအပ်ပဲ မညစ်ပတ်စေနိုင်တော့ပါဘူး။ ဒီစာရင်းကိုလည်း ရေခဲသေတ္တာရဲ့အနီးအနားမှာ သေချာသိမ်းထားဖို့လိုပါတယ်။

Leave a Reply