Customer တွေ ငွေပေးချေဖို့နောက်ကျတာကို ဖြေရှင်းနည်း ၆ နည်း

Customer တွေ ငွေပေးချေဖို့နောက်ကျတာကို ဖြေရှင်းနည်း ၆ နည်း

0

ကျွန်တော်တို့ဟာ လုပ်ငန်းတစ်ခုလုပ်ပြီဆိုတာနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေကလည်း ရှိလာရပါတယ်။ လုပ်ငန်းလည်ပတ်ဖို့ဆိုတာ ဝန်ထမ်းတွေနဲ့ပဲမလုံလောက်ပါဘူး။ ငွေကြေးအခန်းကဏ္ဍဟာလည်း အရေးကြီးပါသေးတယ်။

ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့အလုပ်အပေါ်မှာ အခကြေးငွေပြန်ရမှ အဆင်ပြေမှာပါ။ လုပ်ငန်းကြီးတွေလုပ်နေတဲ့သူတွေဆိုရင်တော့ ငွေချေဖို့ကိစ္စတွေမှာ အမြဲအခက်ကြုံနေရတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါဆိုငွေကြေးအကြပ်အတည်းကြုံနေချိန် ဒါမှမဟုတ် ငွေပေးဖို့ကြန့်ကြာနေတာမျိုးတွေမဖြစ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်…

၁။ ဂရုစိုက်ပါ

ဒီသတ်မှတ်ချက်က အားလုံးအတွက်တော့မဟုတ်ပါဘူး။ သာမာန်ရိုးရိုးရှင်းရှင်းပုံစံမျိုးပါပဲ။ ဒီဟာတွေက တချို့ Customer တွေအတွက် သင့်ကိုယုံကြည်မှုရှိလာနိုင်သလို တချို့တွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ သင့်အလုပ်ကို ကျွမ်းကျင်လာတာနဲ့အမျှ ဘယ်သူအတွက်ဘာဆိုတာကိုလည်း သိလာပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံ့လဝရိယထားပါ။ သင့်လုပ်ငန်းအတွက်အခကြေးငွေမတိုးခင်မှာလည်း Customer အကြောင်းကို ကောင်းကောင်းသိထားရပါမယ်။ သူတို့လုပ်ငန်းရဲ့ငွေပေးချေပုံက ဘယ်လိုမျိုးတွေရှိထားတယ်ဆိုတာကို သိထားရပါမယ်။ ဘယ် Customer အတွက် ဘယ်အချိန်မှာ ငွေသိမ်းရမယ်ဆိုတာကို တိတိကျကျလေ့လာထားပြီး သတ်မှတ်ချက်တော့ရှိသင့်ပါတယ်။ သူတို့ရဲ့ ငွေပေးချေတဲ့ပုံစံ ဘယ်လိုမျိုးရှိသလဲဆိုတာကိုလည်း မေးရပါမယ်။ ဘယ် Customer ကမှာ တခြားငွေပေးချေတဲ့သူတွေနည်းတူ ငွေပေးချေပုံခြင်းမတူကြပါဘူး။

၂။ ရှင်းရှင်းလင်းလင်းလုပ်ပါ

သင့်ရဲ့ Policy ကို သင့်ရဲ့ Customer တွေက သေချာနားလည်နေပါစေ။ သင့်ရဲ့ငွေတောင်းခံတဲ့ပုံစံတစ်ခုဖန်တီးပြီး သေချာမြင်ရနိုင်တဲ့နေရာမှာဖော်ပြထားပါ။ Payment နောက်ကျတတ်တဲ့အကျိုးဆက်ကို လေ့လာပြီး သင့် Customer တွေနဲ့ သေချာစည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပါ။ အခန်းထဲက မထွက်ခွာမှီမှာလည်း ဒီအချက်တွေက ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပါ တစ်ခါတည်းညှိနှိုင်းပါ။ ဒါအပြင်ရှင်းလင်းပြတ်သားတဲ့ ငွေတောင်းခံလွှာကို အသုံးပြုပါ။ အချက်အလက်တွေအမြောက်အများနဲ့ စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ပဲ အဓိကအချက်တွေပါအောင်သာလုပ်ပါ။ အနည်းဆုံး ၃ ပတ်အတွင်း ငွေပေးချေဖို့ရက်စွဲကိုပါ ထည့်ရေးပါ။ ငွေတောင်းခံတဲ့အခါမှာလည်း ဒီရက်စွဲနဲ့ သင့်ရဲ့ ငွေတောင်းခံမှု Policy ကို အသုံးပြုပါ။

၃။ ယဉ်ကျေးပါ

သင့်ရဲ့ငွေတောင်းခံလွှာမှာ “ကျေးဇူးပြုပြီး” “ကျေးဇူးတင်ပါတယ်” ဒီလိုစာသားမျိုးလေးတွေ ထည့်သင့်တယ်ဆိုတာကိုလည်း သိထားပါ။ ဒီလိုစာသားလေးတွေထည့်ခြင်းအားဖြင့် သင့်ကိုငွေပေးချေဖို့ ၅ ရာခိုင်နှုန်းလောက်ပိုသေချာစေနိုင်ပါတယ်။ ဒီလိုယဉ်ကျေးပျူငှာတဲ့ အသုံးနှုန်းမျိုးတွေကိုလည်း ရေရှည်သွားစွဲသွားသင့်ပါတယ်။ သင့်ရဲ့ငွေတောင်းခံလွှာထဲမှာ အပေါင်းအသင်းဆန်ဆန်နွေးထွေးတဲ့ စာသားတွေလည်းပါရပါမယ်။ ဒါတွေကလည်း ငွေပေးချေဖို့ နောက်မကျစေဖို့အတွက် အသုံးဝင်ပါတယ်။ ဒီလိုဖော်ရွေပျူငှာခြင်းက သင့်ရဲ့ Customer တွေဆီကနေ သင့်အပေါ်အကောင်းမြင်စေတဲ့ ဆက်ဆံရေးမျိုးရရှိနိုင်ပြီး ငွေပေးချေဖို့ကို သင့်ကိုဦးစားပေးစဉ်းစားမှာလည်း ဖြစ်ပါတယ်။

၎။ အဆင်ပြေအောင်လုပ်ပါ

လူတွေက တစ်ခုခုလုပ်တော့မယ်ဆို လွယ်လွယ်ကူကူနဲ့ အဆင်ပြေသွားတာမျိုးကို ပိုပြီးကြိုက်ကြပါတယ်။ ဒါကလည်း သင့် Customer က လက်ခံယုံကြည်ပြီး ငွေမြန်မြန်ချေဖို့အတွက်ပါပဲ။ Online ကနေ ငွေပေးချေလို့ရအောင်လုပ်ထားမယ်ဆိုရင်လည်း သင့် Customer တွေအတွက် ငွေပေးချေဖို့ အဆင်ပြေလွယ်ကူစေပြီး သင်လည်းအချိန်ကုန်သက်သာစေပါတယ်။

၅။ အလျော့အတင်းရှိပါ

သင့်ရဲ့ Customer တွေ ငွေကြေးအခက်အခဲဖြစ်တဲ့အချိန်ရှိတဲ့အခါမှာလည်း သင့်ရဲ့ Policy ကို အနည်းငယ်ပြောင်းလဲပေးသင့်ပါတယ်။ ဒီလိုအချိန်မျိုးတွေက ကျွန်ုပ်တို့မှာလည်းရှိတတ်ပါတယ်။ အလုပ်လုပ်ရတာတစ်ခါတစ်ရံအဆင်ပြေပေမယ့်လည်း သူတို့မှာ ငွေကြေးကြပ်တည်းသွားတဲ့အခါမျိုးတွေလည်း ရှိမှာပါ။ ပုံမှန်အခြေအနေမဟုတ်တဲ့ ငွေပေးချေဖို့ ကြန့်ကြာနေတဲ့အခါ အဆုံးအဖြတ်ပေးဖို့ ရှေ့နေလည်းရှိသင့်ပါတယ်။ လုံးကနဲ့မပေးနိုင်တဲ့အခါ အဆင်ပြေစေဖို့ အရစ်ကျပေးတဲ့အစီအစဉ်မျိုးတွေလည်း ထားရှိသင့်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့ Policy တွေကို တစ်သမတ်တည်းမထားပဲ အပြောင်းအလဲလေးတော့ ရှိနေသင့်ပါတယ်။

၆။ တစ်သမတ်တည်းဖြစ်ပါစေ

သင့်သတ်မှတ်ချက်တွေမှာ လူတွေက အမြဲလိုအပ်ချက်တွေရှိနေမယ်ဆိုတာကိုလည်း သတိရပါ။ ကျွန်ုပ်တို့က အလုပ်များတဲ့သူတွေဆိုတော့ ဘယ်သူမဆို လွယ်လွယ်အထစ်အငေါ့လေးတွေရနိုင်ပြီး လွယ်လွယ်မေ့သွားတတ်ပါတယ်။ ဒါပေမယ့် ဒါကိုဂရုစိုက်မနေပါနဲ့။ ဘယ် Customer ကမှာ Invoice တွေ၊ Receive တွေကို ပျောက်သွားရလောက်အောင်ထိ နမော်နမဲ့မနိုင်ကြတာမတွေ့ဖူးသေးပါဘူး။ သူတို့က မျက်နှာသာပေးတာ၊ သတိပေးတာတွေလုပ်ပါ။ ငွေပေးချေရမယ့်ရက်မရောက်ခင်မှာ သူတို့ဆီက ငွေလက်ခံတစ်ခုခုမရခဲ့ဘူး၊ အပေါင်းအသင်းဆန်ဆန် Email, စာပို့ပြီး သတိပေးသင့်တာမျိုးပါ။

Leave a Reply