အထာကျကျ အရက်သောက်ကြမယ်

အထာကျကျ အရက်သောက်ကြမယ်

0

အရက်ကို ပျော်ပျော်မပျော်ပျော်သောက်တတ်ကြပေမယ့် သောက်တိုင်းလည်း မူး၊ မူးတိုင်းလည်း Hangover ဖြစ်နေတာပါပဲ။ ဖြေရင်းသောက်၊ သောက်လို့မူး၊ မူးလို့ဖြေနဲ့ပဲ လုံးလည်လိုက်နေလို့တော့မဖြစ်ချေဘူးလေ။ ဆိုတော့ သောက်လည်းသောက် ရှောင်လည်းရှောင်ဆို ဘာတွေလုပ်သင့်မလဲ သိထားသင့်ပါပြီး။ ဒီတော့ အရက်သောက်တော့သောက် ဒါမယ့်အထာကျကျသောက်တက်အောင် ကျွန်တော်ပြောပြပေးပါ့မယ်။

၁။ Congener များတဲ့ ယမကာကိုရှောင်ပါ

Ethanol ဆိုတာ ယမကာမှာ အဓိကပါဝင်တဲ့အရာတစ်ခုပါ။ Congener လည်းများစွာ ပါဝင်နေပါတယ်။ သကြားကို တဆေးနဲ့ ကစော်ဖောက်လိုက်တဲ့အခါ Ethanol ရပါတယ်။ ပြောရမယ်ဆို Congener ကောင်းကောင်းဖြစ်သွားတယ်ပေါ့ဗျာ။ Congener ဆိုတာ ဓာတုဗေဒအဆိပ်တွေပါပဲ။ သူထဲမှာ Menthanol, Isopentanol နဲ့ Acetone တို့ပါဝင်ပါတယ်။ Congener မြှင့်မားစွာပါဝင်တဲ့ ယမကာသောက်မိရင်တော့ ပြင်းပြင်းထန်ထအမူးလွန်စေပါလိမ့်မယ်။ လေ့လာတွေ့ရှိချက်အရတော့ Congener ထဲမှာ ပါဝင်တဲ့ Menthanol ကြောင့် အမူးလွန်တာဖြစ်ရတယ်လို့ ဆိုထားပါတယ်။ Congener အများအပြားပါဝင်တဲ့ ယမကာတွေမှာ Vodka, Gin, Rum ကတော့ Congener ပါဝင်မှု နည်းပါတယ်။ Vodka တိုင်းလိုလိုမှာဆိုရင်တော့  မပါဝင်သလောက်ပါပဲ။ စမ်းသပ်ချက်တစ်ခုအရ Whiskey သောတဲ့သူက Vodka သောက်တဲ့သူထက် အမူးလွန်စေတာကို တွေ့ရပါတယ်။

၂။ မနက်ခင်းမှာ မသောက်ပါနဲ့

ပုံမှန်အားဖြင့်တော့ တချို့ယမကာတွေထဲမှာ Congener ပါဝင်မှုရှိတယ်ဆိုတာ သိထားပြီးဖြစ်တာကြောင့် ယမကာအများကြီးသောက်မိရင် ဇီဝဖြစ်စဉ်ကို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ယုံကြည်ထားကြပါတယ်။ မနက်ခင်း ယမကာသောက်ပြီးနောက်မှာတော့ သင့်ခန္ဓာကိုယ်က Menthanol ကို Formaldehyde ကိုပြောင်းလဲသွားပါတယ်။ Formaldehyde ဆိုတာ အမူးလွန်တယ်ဆိုတာထက် မူးစေတဲ့ ဓာတ်တစ်မျိုးပါ။ မနက်ခင်းမှာပြီးမှ သောက်မယ်ဆိုရင်တော့ Formaldehyde ပြောင်းလဲသွားခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါမှမဟုတ် အမူးလွန်တာမဖြစ်ချင်ရင်တော့ သင့်ခန္ဓာကိုယ်က ချွေးထွက်တာ၊ အပေါ့သွားတာတွေလုပ်ရင်လည်း ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။ မနက်ခင်းအရက်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကိုတော့ သိထားရပါမယ်။

၃။ ရေများများသောက်ပါ

ယမကာဆိုတာ ဆီးရွှင်စေတဲ့ အရည်တစ်မျိုးပါ။ မကြာခဏအပေါ့သွားစေပါတယ်။ ဒါကြောင့်ရေဓာတ်ခမ်းခြောက်စေပါတယ်။ ရေဓာတ်ခမ်းခြောက်တာက အမူးလွန်စေတာကို အဓိကမဖြစ်စေပေမယ့်လို့ ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် အာခေါင်ခြောက်ခြင်းတွေကိုဖြစ်စေပါတယ်။ ရေဓာတ်မခမ်းခြောက်အောင်ရေများများသောက်ဖို့လိုပါတယ်။ ဒါကြောင့် ယမကာသောက်တော့မယ်ဆိုရင် ရေများများသောက်ထားသင့်ပြီး ယမကာသောက်ပြီးတဲ့အခါမှာလည်း ရေတစ်ခွက်လောက်သောက်ပြီးမှ အိပ်သင့်ပါတယ်။

၎။ အိပ်ရေးဝအောင်အိပ်ပါ

ယမကာသောက်ပြီးတဲ့အခါ ကောင်းစွာအိပ်ပျော်စေပါတယ်။ ကောင်းစွာအိပ်စက်နိုင်ဖို့လည်း ဖြစ်စေသလို အိပ်မပျော်တဲ့ဒဏ်ကိုလည်း ခံစားရနိုင်ပါတယ်။ အိပ်ရေးမဝရင်တော့ အရက်နာကျတာဖြစ်နိုင်သလို ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကြည်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ ယမကာအများကြီးသောက်ပြီးရင်တော့ ကောင်းကောင်းအိပ်စက်ပေးတာက သင့်ခန္ဓာကိုယ်ကို ကာကွယ်ရာရောက်ပါတယ်။

၅။ မနက်စာကိုကောင်းကောင်းစားပါ

အမူးလွန်တယ်ဆိုတာက တစ်ခါတစ်ရံ Hypoglycemia လိုခေါ်တဲ့ သွေးအတွင်းသကြားပမဏနည်းပါးသွားစေပါတယ်။ Hypoglycemia က အမူးလွန်စေတဲ့အဓိကအကြောင်းအရင်းမဟုတ်ပေမယ့်လည်း အားနည်းခြင်း၊ ခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် ယမကာသောက်ပြီးမနက်မှာတော့ အာဟာရရှိတဲ့ မနက်စာစားမယ် သောက်ပြီးညကတည်းက ကောင်းကောင်းစားထားမယ်ဆိုရင်တာ့ သွေးထဲက သကြားပမာဏကို ထိန်းထားပေးနိုင်ပါတယ်။

Leave a Reply