ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အံဖွယ်တောကြီးများ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အံဖွယ်တောကြီးများ

0

ကမ္ဘာပေါ်မှာ ခရီးသွားရတာကို မနှစ်သက်တဲ့လူဆိုတာ ခပ်ရှားရှားရယ်ပါ။ ခရီးထွက်မယ်လို့ တိုင်ပင်လိုက်တာနဲ့ ဘယ်သွားမယ် ဘယ်လိုသွားမလဲ စသည်ဖြင့်တက်ကြွနေကြတဲ့သူတွေကြီးပါပဲ။ တစ်ချို့ကလည်း တောင်တန်းတွေဆီသွားရတာကြိုက်တယ်၊ တစ်ချို့ကခရီးကြမ်းလမ်းလျောက်ရတာကြိုက်ကြတယ်၊ တစ်ချို့လည်းအေးမြတဲ့ဒေသတွေ၊ ကမ်းခြေတွေကိုပဲရွေးချယ်တတ်ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ခရီးသွားနေရာတွေအများကြီးထဲကမှ တောလည်ရတာမျိုးကိုရော စဉ်းစားကြည့်ဖူးလား။ အလည်တစ်ခေါက် အရောက်သွားချင်တယ်ဆိုရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ကမ္ဘာပေါ်က အံသြစရာတောတွေကို လေ့လာကြည့်ရအောင်ဗျာ…

The Jungles of Borneo

Borneo ကျွန်းမှာရှိတဲ့ ကမ္ဘာ့တတိယအကြီးဆုံး တောပါ။ ကျွန်းတစ်ကျွန်းလုံးနီးပါး တောအုပ်ဖြစ်နေပါတယ်။ မလေးရှားကမ်းရိုးတန်းဒေသမှာရှိတဲ့ ကမ္ဘာပေါ်မှာတစ်ခုတည်းသောရှိတဲ့ မျောက်မျိုးစိတ်မျိုးစုံလေ့လာလို့ရမယ့် တောအုပ်ပါ။

The Brazilian Amazon

Amazon တောကတော့ ကမ္ဘာပေါ်မှာရှိတဲ့တောတွေထဲကမှ လူသိအများဆုံးတောတစ်ခုပါ။ မယုံကြည်နိုင်လောက်အောင်ပဲ ဇီဝမျိုးစိပ်ကွဲပေါင်း ၁၀၀၀၀ ကျော်ကိုနေ့တိုင်းရှာဖွေတွေ့ရှိနေပါတယ်။ တောအုပ်ရဲ့အကျယ်အဝန်းက နိုင်ငံ ၉ နိုင်ငံကိုလွှမ်းခြုံထားပြီး Brazil ဘက်မှာ ဧရိယာပိုများပါတယ်။

The Jungles of Kipling

အိန္ဒိယရဲ့ နာမည်ကျော်တောတစ်ခုပါ။ စာရေးဆရာ Rudyard Kipling ရေးသားခဲ့သည့် the Jungle Book စာအုပ်ထဲက တောပါ။ စာရေးဆရာရဲ့အမည်ကို အစွဲပြုပြီး တောအုပ်ကို နာမည်ပေးခဲ့ပုံရပါတယ်။ ကမ္ဘာအကြီးဆုံးကျားကို ထိန်းသိမ်းထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Sinharaja Forest Reserve

Jungle Book ဖြစ်ပေါ်စေတဲ့ နောက်ထပ်တောတစ်ခုကတော့ သီရိလင်္ကာမှာရှိတဲ့ Sinharaja တောပါ။ ဒီတောထဲမှာဆိုရင် ပဟေဠိဆန်တဲ့လက္ခဏာနဲ့ စိတ်ဝင်စားစရာအချက်တွေရှိနေပါတယ်။ ရှေးကျတဲ့တည်ဆောက်ပုံနဲ့ အပူပိုင်းသစ်ပင်ပန်းမန်များကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Tarzan’s Africa

၁၉၀၀ အစောပိုင်းက Edgar Rice ရေးသားခဲ့တဲ့ တာဇံဇာတ်လမ်းက အာဖရိကအနောက်ဖက်ကမ်းရိုးတောတန်းကို မှီငြမ်းရေးသားထားတာပါ။ ဒီတောထဲမှဆို Gorilla မျောက်တွေကိုလေ့လာလို့ရပါတယ်။

The Wild Jungles of Papua New Guinea

စိတ်ဝင်စားစရာကောင်းတဲ့ မျိုးစိတ်ကွဲပေါင်းတစ်ရာကျော်လောက်ရှိတဲ့ တောပါ။ တခြားနေရာတွေထပ်ကို သားပိုက်ကောင်တွေရဲ့ ဇာတိလို့ပြောလို့ရတဲ့ တစ်ခုတည်းသောတောတစ်ခုပါ။ ရှေးကျတဲ့သဘာဝအလှအပတွေနဲ့ သမိုင်းချစ်သူတို့ရဲ့ လေ့လာဖို့အကောင်းဆုံးနေရာတစ်ခုပါ။

Christmas Island’s Crazy Wildlife

ဒီကျွန်းရဲ့ပုံစံက တခြားဂြိုလ်ပုံနဲ့တူပါတယ်။ ကျွန်းပေါ်မှာတော့ အနီရောင်ဂဏာန်း နဲ့ အုန်းခွံပုံစံဂဏာန်း(အကြီးဆုံးဂဏာန်းမျိုးစိတ်များထဲမှတစ်ခု) တွေသန်း ၄၀ ကျော်လောက်ရှိပါတယ်။ ဒီကျွန်းကတော့ အင်ဒိုနီးရှားတောင်ပိုင်း Australian ပိုင်နက်ထဲမှာရှိပြီး လူသိများတဲ့ သားရဲတိရိစ္ဆာန်တွေနဲ့ သဘာဝအလှအပတွေရှိနေတဲ့ကျွန်းပါ။

Ancient Waipoua Forest

နယူးဇီလန်မြောက်ပိုင်းမှာရှိတဲ့ကျွန်းတစ်ကျွန်းပါ။ Waipoua က ကမ္ဘာရှေ့အကျဆုံးတောအုပ်တစ်ခုပါ။ ဒီတောထဲအလည်သွားမယ်ဆို ရှေးဟောင်းအမွေအနှစ်တွေ၊ ကြောက်စရာကောင်းလောက်အောင်ကြီးမားတဲ့ Kauri သစ်ပင်ကြီးတွေ၊ ကြီးမားတဲ့ ပင်စည်တွေ၊ သစ်ပင်ရဲ့ထိပ်က ခြုံနွယ်ပိတ်ပေါင်းတွေကို တွေ့ရမှာပါ။ တီကောင်ဂူတွေရှိတာကိုမေ့ထားလို့မရသလို ခြုံနွယ်တွေကြောင့် နေပျောက်တွေကျနေတာကို မြင်ရတာက Neon မီးအလှကိုမြင်ရသလိုမျိုးခံစားရစေမှာပါ။

ဒီတောတွေအကြောင်းဖတ်ပြီး တောထဲခရီးသွားဖို့ စဉ်းစားမိသွားပြီဟုတ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သဘာဝတောတွေကိုအရင်းဆုံး သွားရောက်လေ့လာပြီးမှ တခြားနိုင်ငံကတောတွေကို သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။ ဒီတောတွေမှာသွားရောက်လည်ပတ်ရင် ကြုံရမယ့်အခက်အခဲက တခြားနေရာတွေသွားလို့ ကြုံရတဲ့အခက်အခဲတွေထက် အများကြီးပိုနိုင်လို့ပါ။

သွားရောက်လည်ပတ်မယ့် Digital Rockstar ပရိတ်သတ်ကြီးလည်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ခံစားနိုင်ပါစေဗျာ။

Leave a Reply