Mid-Autumn ခေါ် လမုန့် ပွဲတော်

Mid-Autumn ခေါ် လမုန့် ပွဲတော်

0

ဟိုးရှေ့ခေတ်ကတည်းက အာရှအရှေ့ပိုင်းမှာ ရိုးရာစပါးရိတ်သိမ်းပွဲကို ဆောင်းရာသီရဲ့ ပထမလပြည့်နေတွေမှာ ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ ပြက္ခဒိန်အပေါ်အခြေခံပြီး Mid-Autumn ပွဲနဲ့ စပါးရိတ်သိမ်းပွဲကို အချိန်ကိုက်ကျင်းပကြပါတယ်။

လူအများကတော့ အလုပ်တွေခဏရပ်ပြီး မိသားစုနဲ့အတူ လက်ဆွဲမီးအိမ်တွေကိုင်ပြီး အပြင်လျောက်လည်တာ၊ လမုန့်တွေလုပ်ပြီး မိသားစုစုံညီစားကြတာ၊ ပြီးတော့ ကောင်းကင်က ကြယ်တွေကို မိသားစုကြည့်ကြတာမျိုးတွေပြုလုပ်ကြပါတယ်။

Mid-Autunm ပွဲဆိုတာဘာလဲ?

ဒီပွဲတော်ကတော့ တရုတ်ပြည်မှာ 618-907 CE လောက်ကတည်းက Moon Festival, Harvest Moon Festival, the mid-autumn ဆိုပြိး နာမည်အမျိုးမျိုးနဲ့ လူသိများတဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့တာပါ။ ဒီပွဲက Gregorian ပြက္ခဒိန်အရတော့ ရက်အတိအကျမရှိပဲ အရှေ့အာရှရဲ့ Lunar ပြက္ခဒိန်ရဲ့ ၈ လပိုင်းအလယ် ၁၅ ရက်နေ့လောက် အားလပ်ရက်ကိုရွေးပြီး ကျင်းပကြပါတယ်။ ဒီပွဲကို ဆောင်းရာသီရဲ့ ပထမဆုံးလပြည့်တဲ့နေ့နဲ့ အချိန်ကိုက်ကျင်းပတာဖြစ်လို့ ဒီနေ့ ၂၄ ရက်နေ့ကတော့ ဆောင်းရာသီရဲ့ပထမဆုံး လပြည့်ညဖြစ်နေပါတယ်။

ဒီအားလပ်ရက်ပွဲတော်ကတော့ တရုတ်လနတ်သမီး Chang’e နဲ့ ဆက်စပ်နေပါတယ်။ ဒဏ္ဍာရီတွေအရတော့ Chang’e ရဲ့ အသက်ရှည်ဆေးက လပေါ်ကိုတက်သွားတယ်လို့ ဆိုထားကြပါတယ်။ သူမက ကျောက်စိမ်းယုန်နဲ့ သစ်ခုတ်သမားနောက်ကို လိုက်သွားတာဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ဒီပွဲတော်ကိုတော့ စပါးရိတ်သိမ်းတဲ့အခါအထွက်နှုန်းတိုးစေဖို့ အယူအဆနဲ့ သစ်သီး၊ ဝိုင်၊ လမုန့်တွေနဲ့ ပူဇော်ဆုတောင်းကြတာဖြစ်ပါတယ်။

ဘယ်နေရာတွေမှာ ကျင်းပကြလဲ?

အဓိကကျင်းပတဲ့ နေရာတွေကတော့ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်မှာ ကျင်းပကြပါတယ်။ ဒီနေရာဒေသအများအပြားကို US နဲ့ ဥရောပက လူတွေကလည်း ကောင်းချီးပေးဖို့ လာရောက်ကြပါတယ်။

ဗီယက်နမ်မှာဆိုရင်တော့ Trung Thu လို့အသိများပြီး ကလေးတွေနဲ့ဆော့တာ၊ မျက်နှာဖုံးတပ်ပြီး မီးအိမ်တွေကိုင်ပြီး စီတန်းလှည့်လည်တာမျိုးတွေလုပ်ကြပါတယ်။

ကိုရီးယားမှာဆိုရင်တော့ Chuseok လို့ အသိများပြီး လူအင်အားတောင့်တဲ့ အဖွဲ့အစည်းတွေက အမွေဆက်ခံထားကြတာပါ။ သူတို့တွေက ဒီအချိန်ဆို သူတို့ရဲ့ဇာတိချက်ကြွေနေရာကို ပြန်လာကြပြီး အဘိုးအဘွားတွေရဲ့ အုတ်ဂူတွေကိုသွားပြီး ပူဇော်ပသကြပါတယ်။

ဘယ်လိုကျင်းပကြသလဲ?

လူတော်တော်များများကတော့ ဒီပွဲတော်မှာ လမုန့်လုပ်ကြတာများပါတယ်။ မုန့်နှစ်ကောင်းကောင်းနဲ့ မုန့်လုပ်ပြီး လက်ဖက်ရည်နဲ့ တွဲပြီး စားသောက်ကြပါတယ်။ ဒီမုန့်ကိုတော့ ကြာပန်းအနံ နဲ့ ဆားဘဲဥအနှစ်တွေ ရောပြီးပြုလုပ်ကြပါတယ်။ တခြားပါဝင်တဲ့ ပစ္စည်းကတော့ ပဲနီလေး ဒါမှမဟုတ် စိမ့်တဲ့အရသာရှိတဲ့ အသီးအနှံ၊ အစေ့တွေလည်းထည့်ပြီးလုပ်ကြပါသေးတယ်။

Leave a Reply