လေဆိပ်မှာ သောင်တင်နေတဲ့ Syrian ဒုက္ခသည်

လေဆိပ်မှာ သောင်တင်နေတဲ့ Syrian ဒုက္ခသည်

0

Syrian ဒုက္ခသည် Hassan al-Kontar က Kuala Lumpur နိုင်ငံတကာလေဆိပ်မှာ မတ်လကတည်းက သောင်တင်နေပါတယ်။ သူကတော့ Malaysia ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်ရဖို့ အတွက် Twitter ကနေ တစ်ကမ္ဘာလုံးကို တောင်းဆိုနေတဲ့သူဖြစ်ပါတယ်။

Hassan ကတော့ Kuala Lumpur နိုင်ငံတကာလေဆိပ်မှာ ရက်ပေါင်းအတော်ကြာ ခိုလှုံနေခဲ့သူဖြစ်ပါတယ်။ သူရဲ့အချိန်တွေကိုတော့ စာဖတ်ရင်ဖတ် မဖတ်တဲ့အခါလည်း သူအိပ်ယာပေါ်မှာပဲ အချိန်ကုန်နေရပါတယ်။ Air Asia က သူကို တစ်နေ့ အစားအစာသုံးနပ်စာပေးပြီး ကူညီတာလေးနဲ့ အသက်ဆက်နေရသူပါ။ သူရဲ့ပြဿနာကတော့ ၂၀၁၁ နောက်ပိုင်း UAE မှာ နေထိုင်အလုပ်လုပ်ရင်း စတင်ခဲ့တာဖြစ်ပါတယ်။ Syrian စစ်ပွဲစတင်တော့ သူကစစ်ပွဲတွေကို မယုံကြည်တာကြောင့် စစ်တိုက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့်သူက Syrian အစိုးရရဲ့ အလိုတော်ရှိနေသူတစ်ဖြစ်လာပါတော့တယ်။ ဒါကြောင့်လဲ UAE ကနေ Syrian ကို နှင်ထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူဟာ Syrian ကိုသွားဖို့ ငြင်းဆန်ခဲ့ပြီး တခြားနေရာတစ်ခုကို ပို့ဖို့အတွက် အပြင်းအထန်တောင်းဆိုခဲ့တာကြောင့် အခု Malaysia ကို ရှိနေခဲ့ရတာပါ။ Malaysia ဆိုတာကလည်း Syrian က လူတွေကို Visa ထုတ်ပေးတာ အနည်းဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာကြောင့် သူဟာဒီနိုင်ငံမှာ ခိုလှုံခွင့်မရခဲ့ပါဘူး။

Malaysia မှာ သုံးလအကြာနေပြီးနောက် သူရဲ့အချိန်အနည်းငယ်အတွင်းမှ သူဟာတခြားဘယ်နိုင်ငံတွေမှာ နေလို့ရမလဲဆိုတဲ့ အဖြေကိုရှာဖွေခဲ့ပါတယ်။ Syrian နိုင်ငံသားကို Visa မလိုပဲလက်ခံတဲ့ Cambodia နိုင်ငံမှာ ခိုလှုံခွင့်အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကို Cambodia က လက်မခံခဲ့ပြန်ပါဘူး။ သူက Syrians ကနေ Ecuador ကို Visa မလို့ပဲ ဝင်ရောက်နိုင်မယ့် လက်မှတ်တစ်စောင်ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Kuala Lumpur လေဆိပ်က သူကိုမခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် သူရဲ့ပိုက်ဆံတွေ ဆုံးရှုံးသွားပြီး လေဆိပ်မှာသောင်တင်နေတဲ့သူကို မြင်တွေ့ရနိုင်ပါတယ်။ သူ့ဟာ ဘယ်မှာမှခိုလှုံခွင်မရတောင်ကြောင့် လေဆိပ်မှာပဲ အမှန်တကယ်သောင်တင်နေရပါတယ်။

Hassan Al Kontar

Hassan က သူဘဝအကြောင့်ကို လေဆိပ်မှာ ရိုက်ကူးပြီး နိုင်ငံရေးခိုလှုံခွင့်ရဖို့ Social media အသုံးပြုပြီး ကြိုးပမ်းခဲ့တာပါ။ ပုံမှန်ဆိုရင်သူက စိတ်ကျဝေဒနာကို ကူညီတိုက်ထုတ်ပေးမယ့် အကောင်းမြင်စိတ်ရှိသူတစ်ဦးပါ။ သူကအခုဆိုရင်တော့ လူတွေအားလုံးကို နားလည်သဘောပေါက်သွားပြီး သူဟာ Syrian နိုင်ငံသားတစ်ဦးဖြစ်တာနဲ့ သူရဲ့ခိုလှုံခွင့် ကြိုးပမ်မှုတွေ ပယ်ချခံရတာကိုလည်း ဒေါသဖြစ်နေရပါပြီ။ ၂၀၁၁ ကနေစပြီး သူ့ဘဝဟာ ကံဆိုးမိုးမှောင်ကျလို့ Syrian ထွက်ခဲ့ရတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ခဲ့ရတာပါ။ သူရဲ့ကြိုးပမ်းမှုကို Canadian အစိုးရက ခွင့်ပြုခဲ့ပြီး အကြိမ် ၁၇၀၀၀ ကျော်လက်မှတ်ထိုးခဲ့ပေမယ့် Kuala Lumpur မှာရှိတဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့အစည်း UN ကတော့ Canadian အစိုးရရဲ့ ခွင့်ပြုချက်ကို တာဝန်ယူခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် “ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တွေဘယ်မှာများ အလုပ်လုပ်နေကြပါလိမ့်” ဆိုပြီး လူတွေအားလုံးကို မေးခွန်းထုတ်ခဲ့ပါတယ်။

Leave a Reply