Champions League မဲခွဲပွဲအပြီး အကောင်းဆုံးပွဲများကို ချဉ်းကပ်ကြည့်ခြင်း

Champions League မဲခွဲပွဲအပြီး အကောင်းဆုံးပွဲများကို ချဉ်းကပ်ကြည့်ခြင်း

0

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီရဲ့ Champions League မဲခွဲပွဲကိုတော့ မနေ့က ပြင်သစ်နိုင်ငံ Monaco မြို့မှာကျင်းပခဲ့ပါတယ်။ မဲခွဲပွဲအပြီးမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်းမယ့်အသင်းတွေ Group တစ်ခုထဲကျရောက်နေခဲ့သလို၊ တချို့အင်အားကြီးအသင်းတွေကလည်း Group ချောင်နေပါတယ်။ Road to Madrid လို့ခေါ်တဲ့ ဒီနှစ်အတွက် Champions League နောက်ဆုံးဗိုလ်လုပ်ပွဲကိုတော့ Madrid မြို့ရဲ့ Estadio Metropolitano အားကစားကွင်းကြီးမှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

ဒီနှစ်အတွက် မဲခွဲရာမှာ Champions League ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်သလို လက်ရှိချန်ပီယံ Real Madrid အသင်း နဲ့ ဒုတိယအအောင်မြင်ဆုံး အသင်း ၃ သင်းဖြစ်တဲ့  Barcelona, Liverpool, Bayern Munchen တို့မှာ Liverpool အသင်းသာလျှင် Group ကြပ်ထဲရောက်နေပါတယ်။ မနှစ်က Final ကန်ထားတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ Real နဲ့ Liverpool တို့ကတော့ Group ပွဲစဉ် ၁ ကို အိမ်ကွင်းတွေမှာ စတင်ယှဉ်ပြိုင်ရမှာပါ။ Champions League ရဲ့ ဘယ်အသင်းမဆို စွမ်းစွမ်းတမံကြိုးစားရုန်းကန်ကြပေ့မည်လည်း အကောင်းဆုံးဖြစ်လာနိုင်မယ့် ထိပ်တိုက်တွေ့ဆုံမှုပွဲတွေကို ချဉ်းကပ်ကြည့်ရအောင်…

၁။ Real Madrid Vs Roma

လက်ရှိချန်ပီယံ Real ကတော့ Group G မှာ Roma, CSKA Moskva, Plzen အသင်းတို့နဲ့အတူကျရာက်နေပြီး ချောင်နေပါတယ်။ ဒါပေမယ့်လည်း စက်တင်ဘာလ ၂၀ ကြာသာပတေးနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှာ Roma အသင်းနဲ့ အိမ်ကွင်း Bernabeu မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါလို့ ဒီနှစ်သင်းပွဲကလည်း ပြိုင်ဆိုင်မှုပြင်းထန်လာဦးမှာပါ။ Real အသင်းက La Liga ၂ ပွဲကစားပြီး နှစ်ပွဲလုံးအနိုင်ရထားပြီး Barcelona အသင်းနဲ့အမှတ်တူ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ အဓိကကစားသမား C-Ronaldo ကို လက်လွှတ်ဆုံးရှုံးထားရပေမယ့်လည်း ခြေစွမ်းကထင်သလောက် နည်းပြသစ်လက်ထက်မှာထင်သလောက် မယိမ်းယိုင်ဘူးဆိုတာကို ပြသထားနိုင်ပါတယ်။ Roma အသင်းကတော့ Serie A ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့  အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့လို့ ခြေစွမ်းက မတည်မငြိမ်ဖြစ်နေပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၀ ကြိမ်မှာ Real က ၆ ကြိမ်နိုင်ပြီး Roma က ၃ ကြိမ်နိုင် ၁ ပွဲသရေကျထားပါတယ်။ သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင်လည်း Real က ၁၀ ပွဲမှာ ၁၉ ဂိုးသွင်းယူထားနိုင်သလို Roma ကလည်း ၉ ဂိုးသွင်းယူထားနိုင်လို့ မခေဘူးဆိုရပါမယ်။ Roma မနှစ်က Quarter မှာ Barcelona အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့သလို Livepool ကိုလည်း Semi မှာ နှောက်ယှက်ထားနိုင်ပါတယ်။ လက်ရှိချန်ပီယံဆိုတဲ့ ခြေစွမ်းနဲ့ယှဉ်ပြိုင်မယ့် Real နဲ့ အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ Roma အသင်းတို့ရဲ့ ပွဲစဉ်ဟာလည်း ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်လာမှာပါ။

၂။ Liverpool Vs Paris (PSG)

ဒီနှစ်သင်းလုံးက မရဏ Group C ထဲကျရောက်နေပြီး Liverpool, Paris, Napoli, Crvena Zvezda တို့ပါဝင်ပါတယ်။ Crevena zvezda တစ်သင်းသာလျှင် အသင်းငယ်ဖြစ်နေပြီး ကျန် ၃ သင်းလုံးက League ကိုယ်စီမှာ ကစားပြီးသမျှပွဲတွေကို အနိုင်ယူထားပြီး အကောင်းဆုံးခြေစွမ်းတွေရှိနေပါတယ်။ မနှစ်က Champions ဗိုလ်လုပွဲမှာ ဂိုးသမားအမှားတွေကြောင့် ဒုတိယနဲ့သာကျေနပ်ခဲ့ရတယ် Liverpool က ဒီနှစ်မှာတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ လူစာရင်းကိုပိုင်ဆိုင်ထားနေပါတယ်။ မနှစ်ကအမှားတွေများခဲ့တဲ့ ဂိုးသမားနေရာအတွက်ကိုပါ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူထားပြီး ဒီနှစ်မှာ အကောင်းဆုံးပြင်ဆင်ထားနိုင်ပါတယ်။ Paris ကလည်း အကောင်းဆုံးအနေအထားနဲ့ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပြီး Monaco အသင်းရဲ့လူငယ်ကစားသမားကိုလည်း Mbappe ကို အမိအရခေါ်ယူထားနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာလည်း ၁ ပွဲစီအနိုင်ယူထားပြီး Liverpool အသင်းက တွေ့ဆုံမှု ၂ ကြိမ်မှာ ၂ ဂိုးသွင်းယူထားနိုင်သလို Paris အသင်းကတော့ ၃ ဂိုးသွင်းယူထားနိုင်ပါတယ်။ ဒီနှစ်သင်းကတော့ စက်တင်ဘာ ၁၉ ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီမိနစ် ၃၀ မှာ Liverpool အသင်းရဲ့ အိမ်ကွင်း Anfield ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ အကောင်းဆုံးလူစာရင်းနဲ့ ခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုကလည်း ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။

၃။ Dortmund Vs Atletico

ဒီနှစ်သင်းကလည်း Group A ရဲ့ အုပ်စုကြပ်ထဲမှာရှိနေပြီး Atletico, Dortmund, Monaco, Club Brugge တို့ပါဝင်ပါတယ်။ ဒီ Group မှာဆိုရင် Atletico, Dortmund, Monaco တို့က ခြေရည်တူအဆင့်မှာရှိနေပြီး Club Brugge အသင်းတစ်သင်းသာ အနည်းငယ်နိမ့်နေပါတယ်။ ဒီနှစ်သင်းက Group ပွဲစဉ် ၃ မှာ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း ထိပ်တိုက်တွေ့ဆုံမှုတွေအရ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ  Dortmund အသင်းက ၂ ပွဲနိုင် ၄ ဂိုးသွင်းယူထားနိုင်ပြီး Atletico အသင်းက ၁ ပွဲနိုင် ၃ ဂိုးသွင်းယူထားပါတယ်။ ၁ ပွဲသရေကျထားတာလည်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင် Dortmund အသင်းက တစ်ပွဲကစားထားပြီး ဂိုးပြတ်နိုင်ပွဲနဲ့အတူ Bundesliga ရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။ Atletico အသင်းကတော့ La Liga နှစ်ပွဲကစားထားပြီး ၁ ပွဲနိုင် ၁ ပွဲသရေကျထားလို့ အဆင့် ၉ နေရာမှာရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ခြေစွမ်းက လက်ရှိမှာ မတိမ်းမယိမ်းဖြစ်နေသလို လူစာရင်းကလည်း မျှပါတယ်။ သူတို့အသင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုကို အောက်တိုဘာလ ၂၅ ကြာသာပတေးနေ့ နံနက် ၁ နာရီမိနစ် ၃၀  မှာ Dortmund အသင်းရဲ့ အိမ်ကွင်း BVB Stadion Dortmund မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

www.sportskeeda.com

၎။ Man. United Vs Juventus

နောက်ထပ် Group ပွဲစဉ် ၃ ပွဲစဉ်တွေထဲကမှ United အသင်းနဲ့ Juventus အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ကလည်း ရေပန်းစားနေခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ Group H မှာဆိုရင် Juventus, Man. United, Valencia, Young Boys အသင်းတို့ပါဝင်နေပြီး Young Boys အသင်းကတော့ ထည့်တွက်စရာမလိုတဲ့အသင်းပါ။ Valencia အသင်းကသာ ဒုက္ခပေးနိုင်တယ်ဆိုပေမယ့်လည်း လာလီဂါမှာပျားတုတ်နေလို့ ထင်သလောက်တော့ မဖြစ်နိုင်ပါဘူး။ Juventus အသင်းကတော့ လက်ရှိမှာ Real ရဲ့အဓိကစားသမား C-Ronaldo ကို ခေါ်ယူထားနိုင်သလို Serie A မှာလည်း ရလဒ်ကောင်းတွေပိုင်ဆိုင်ပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ United အသင်းကတော့ ရာသီအစတွေမှာ ရလဒ်တွေဆက်တိုက်ဆိုးဝါးနေခဲ့သလို ၃ ပွဲကစားပြီး ၁ ပွဲသာအနိုင်ရထားလို့ Premier League အဆင့် ၁၃ မှာရောက်နေပါတယ်။ အသင်းဟောင်း United နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် C-Ronaldo ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကလည်း အံသြဖွယ်ရာကောင်းလောက်အောင်ပဲ ညီနေခဲ့ပါတယ်။ ထိပ်တွေ့ဆုံမှု ၁၂ ကြိမ်မှာ ၅ ပွဲစီနိုင် ၂ ပွဲသရေနဲ့ ၁၅ ဂိုးသွင်းသွင်းယူထားနိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးပရိတ်သတ်အများဆုံး United အသင်းနဲ့ ဘောလုံးပရိတ်သတ်အများဆုံးကစားသမား C-Ronaldo ပါဝင်နေတဲ့ Juventus အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ တစ်ကမ္ဘာလုံးရဲ့ဘောလုံးပရိတ်သတ်တွေ စိတ်ဝင်စားဆုံးပွဲတစ်ပွဲဖြစ်လာမှာပါ။ ဒီနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုကိုတော့ အောက်တိုဘာ ၂၄ ဗုဒ္ဓဟူးနေ့ နံနက် ၁နာရီမိနစ် ၃၀မှာ United ရဲ့ အိမ်ကွင်း Old Trafford မှာ ယှဉ်ပြိုင်ကစားကြရမှာပါ။တခြားအသင်းကြီးတွေရဲ့ပွဲစဉ်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပေမယ့် ဘောလုံးပရိတ်သတ်တွေ စိတ်အဝင်စားဆုံး ပွဲစဉ်လေးပွဲကိုသာ ရွေးချယ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ 

Leave a Reply