မီးခိုးမွှန်တာ သက်သာစေနည်း

မီးခိုးမွှန်တာ သက်သာစေနည်း

0

မီးခိုးနံ့တွေဟာ ပျံ့လွယ်တဲ့အတွက် မီးခိုးနံ့တွေကို မရှုရှိုက်မိအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဥပမာ-အမှိုက်ပုံမီးလောင်တာ၊ မီးရှို့တာတွေဆိုရင် အဲဒီမှ ထွက်လာတဲ့ မီးခိုးနံ့တွေကို ရှောင်ရှားဖို့လိုပါတယ်။ အမှိုက်ပုံတွေထဲမှာ ဓာတုပစ္စည်းတွေအပြင် မျိုးစုံသော လူတွေကိုဒုက္ခပေးနိုင်တဲ့ အရာတွေပါဝင်တာကြောင့် အဲ့ဒီမီးခိုးတွေထဲဟာ အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ်။

မီးခိုးတွေထဲဟာ ပျံ့လွင့်လွယ်တဲ့အတွက် အိမ်တွေထဲထိပါ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ မီးခိုးငွေ့တွေ အိမ်ထဲဝင်လို့ မီးခိုးမွှန်တာ သက်သာစေမယ့်နည်းလမ်းတွေကို Digital Rockstar ကြီးကြိုတင်ရှောင်ရှားလို့ရအောင် ညွှန်ပြပေးလိုက်ပါတယ်။

–  အဝတ်ပေါ်ကို သံပုရာသီးကိုထက်ခြမ်းခွဲအရည်ကုန်ညစ်ပြီး ဆားအနည်းငယ် ထည့်မွှေပါ။ ပြီးရင် အဝတ်ကို ရေဆွတ်ပါ။ ရေဆွတ်ထားတဲ့ အဝတ်ကို အိမ်ရဲ့ ပြတင်းပေါက် တံခါးပေါက်တွေမှာ လှန်းပေးပါ။ ( အဝတ်တွေဟာ ချည်ထည်ပါးပါးလေးတွေဆို ပိုကောင်းပါတယ် )

–  သံပုရာသီး၊ ရှောက်သီးတွေကို လေးစိပ် စိပ်ပြီး အိမ်ရဲ့ လေဝင်ပေါက်တွေမှာ ထားပါ။

–  ကိုယ်အိပ်မယ့် အိပ်ယာဘေးနားမှာ သံပုရာသီးကို ထက်ဝက်ခြမ်း ပြီးရင် ထက်ဝက်ခြမ်းထားတဲ့ သုံပုရာသီးပေါ်မှာ လေညှင်းပွင့် . စိုက်ပြီး အိပ်ယာဘေးမှာ ထားအိပ်ပါ။

–  ရေအိုးတွေ၊ ရေသန့်ဘူးတွေထဲကို ပူတီနာရွက်အနည်းငယ်ထည့်ပြီး သောက်ပါ။

–  မီးခိုးငွေ့နဲ့ အနီးပတ်ဝန်းကျင်မှာ နေတဲ့လူတွေကတော့ မီးခိုးငွေ့တွေကို ပိုရှုရှိုက်နိုင်ရနိုင်ရတဲ့အတွက် နာနတ်သီးများများ စားပေးပါ။

အပေါ်က အချက်လေးတွေပြုလုပ်ပြီး မီးခိုးမွှန်ခြင်းမှ သက်သာစေကာ ကျန်းကျန်းမာမာ နေနိုင်ကြပါစေ။

Leave a Reply