အကြွေစောခဲ့တဲ့ အဗီချီ (Avicii)

အကြွေစောခဲ့တဲ့ အဗီချီ (Avicii)

0

EDM music ကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တော်တော်များကတော့ အဗီချီ (Avicii) ဆိုရင်မသိတဲ့သူ ခပ်ရှားရှားပါ။ အဗီချီဟာ သူ့ရဲ့ဂီတနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးကိုင်လှုပ် နိုင်ခဲ့သူတစ်ယောက်ပါ။ အခုတော့ အဗီချီ (Avicii) ဟာ သူအရမ်းမြတ်နိုးတဲ့ သံစဉ်တွေရဲ့ ဝေးရာကို သူထွက်သွားခဲ့ရပါပြီ။

အဗီချီကို ၁၉၈၉ မှာ ဆွီဒင်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ဆွီဒင်အမျိုးသမီးသရုပ်ဆောင် အန်ကီလီဒန်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အဗီချီ (Avicii) ရဲ့ အမည်ရင်းက တင်ဘာဂ်လင်း ပဲဖြစ်ပါတယ်။ သူ့ရဲ့နုပညာနာမည်ဖြစ်တဲ့ အဗီချီ (Avicii) ဟာ ဗုဒ္ဓဘာသာမှာ ငရဲရဲ့အောက်ဆုံးအဆင့်ဖြစ်တဲ့ သက္ကတစကားလုံး အဝီစိ Avici ကိုယူပြီးအဆုံးမှာ “i” ကိုထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။ အဗီချီ (Avicii) ဟာ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့ဂီတကို ပရိတ်သတ်အား ချပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ “Levels” ဆိုတဲ့ သီချင်းထွက်ခဲ့ပါတယ်။ ဒီ “Levels” သီချင်းဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆွီဒင်မှာ နံပါတ်တစ်ချိတ်ခဲ့ရုံသာမက U.S Billboard Dance Club Song Chart မှာလည်း “Levels” သီးချင်းနဲ့ အောင်မြင်မှု level တစ်ခုရောက်ခဲ့ပါတယ်။ ၂၀၁၂ မှာ DJ/music producer တစ်ဦးဖြစ်တဲ့ David Guetta နဲ့ Collab လုပ်ပြီးထုတ်ဝေခဲ့တဲ့ “Sunshine” ဆိုတဲ့ သီချင်းကလည်း Grammy စရင်းမှာလျာထားခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ “True” ဆိုတဲ့ Studio Albumn ကိုထုတ်ဝေ ဖြန့်ချီခဲ့ပါတယ်။ True Albumn ထဲမှာပါဝင်တဲ့ Wake me up” ဆိုတဲ့သီချင်းကလည်း နိုင်ငံတကာ music chart တွေမှာ နံပါတ်တစ်ချိတ်ခဲ့ပြီး Billboard Hot 100 Songs list မှာလည်း နံပါတ် (၄) နေရာအထိ နေရာယူခဲ့ပါတယ်။ သူ့ရဲ့ပြောင်မြောက်တဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိတ်သတ်တွေ တစ်စတစ်စ တိုးပွားလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ကျန်းမာရေးပြဿနာတွေခံစားနေရတဲ့အပြင် အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ပန်ကရိယအင်္ဂါကျည်းမြောင်းတဲ့ ဝေဒနာတစ်ခုပါ ထပ်ခံစားရပါတယ်။ အဲ့ဒါကြောင့် အနုပညာအလုပ်တွေကို ခေတ္တနားခဲ့ပြီး သူ့ရဲ့ သည်းခြေအိတ်နဲ့ အူအတတ်ကို ဖယ်ရှားခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုတော့ အချို့ပရိတ်သတ်တွေကတော့ သိနေကြတာပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ သူ့ရဲ့ ဒုတိယ Albumn တစ်ချပ်ဖြစ်တဲ့ “Stories” ကိုထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု အနုပညာစွမ်းရည်တွေကြောင့် ပရိတ်သတ်အခိုင်အမာရရှိပြီး EDM Festival တွေရဲ့ စံနမူနာပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာပဲ ဆွီဒင်မင်းသား ကားဖိလစ်နဲ့ ကြင်ယာတော် ဆိုဖီယာတို့ရဲ့ မင်္ဂလာပွဲမှာ DJ အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဗီချီ (Avicii) ဟာ မျက်မှောက်ခေတ် ဆွီဒင်ရဲ့ အအောင်မြင်ဆုံး ဂီတပညာရှင်အဖြစ် ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven ကပြောခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အဗီချီ (Avicii) ဟာကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့ Tour တွေလှည့်လည်ဖျော်ဖြေမှုတွေကို ရပ်နားတော့မယ်လို့ပြောခဲ့ပါတယ်။ ၂၀၁၇ မှာတော့ Rita Ora နဲ့ Collab လုပ်ပြီး “Lonely Together” ဆိုတဲ့ သီချင်းကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ ဒီသီချင်းဟာလည်း နိုင်ငံတကာ music chart တွေမှာ အချိန်အတော်ကြာ နေရာယူနိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာပဲ သူ့ရဲ့ Website မှာ စာတိုလေးတစ်ခုကို ရေးတင်ခဲ့ပါတယ်…။ “ကျွန်တော်တို့အားလုံး ဘယ်အရာတွေကကိုယ့်ဘဝအတွက် အရေးကြီးဆုံးလည်းဆိုတာသိနိုင်တဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေရဲ့ နေရာတစ်နေရာကို ရောက်နေကြပြီ။ ကျွန်တော်အတွက်တော့ ဂီတအနုပညာကို ဖန်တီးခြင်းပဲဗျ။ ကျွန်တော့်ကို အဲ့အရာတွေလုပ်ပြီး မွေးဖွားလာခဲ့တယ် သူ့ကြောင့်ပဲ အသက်ဆက်ရှင်နေရတာပေါ့ဗျာ…။ လွန်ခဲ့တဲ့နှစ်က ကျွန်တော်အနားယူမှုတွေနဲ့ပတ်သတ်ပြီး လူတော်တော်များများက ကျွန်တော့်ကို အဲ့တာတွေနဲ့ပတ်သတ်ပြီး ထင်ကြေးပေးခဲ့ကြတယ်။ ဒါပေမယ့် ဘဝနိဂုံးက Avicii သို့မဟုတ် ကျွန်တော့်ရဲ့ ဂီတဖန်တီးမှုတွေ အဆုံးသတ်ဖို့ မဆိုလိုခဲ့ပါဘူး။ ဒါကြောင့် အနားယူနေမယ့်အစား အရာအားလုံးကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ Studio နေရာလေးကို ကျွန်တော်သွားခဲ့ပါပြီ။ နောက်တစ်ဆင့်အနေနဲ့က ပရိတ်သတ်တွေအပေါ် ကျွန်တော့်ရဲ့ ဂီတဖန်တီးမှုကို ဘယ်လောက်ခုန်မင်မှုရှိတယ်ဆိုတာကို ပြောပြပါလိမ့်မယ်။ အသစ်သစ်သော တစ်ခုခုရဲ့တခုခုရဲ့ ပမာဏအစပဲ ဖြစ်ပါတော့မယ်။ ကျွန်တော့်ကိုလည်း ဆက်ပြီးအားပေးနေမယ်လို့ မျှော်လင့်မိပါတယ်” ရေးသားခဲ့ပါတယ်။

အဗီချီ (Avicii) ဟာ “Wake Me Up, Levels, Hey Brother, The Day, Waiting For Love, You Make Me, Friend Of Mine, Lonely Together, Broken Arrows, Addicted To You, The Nights,Felling Good, Without You” စတဲ့ သီချင်းတွေနဲ့ ပရိတ်သတ်အားပေးမှုတွေ တစ်ခနဲရခဲပြီး အောင်မြင်မှုသရဖူ ဆောင်နိုင်ခဲ့ပါတယ်။ အဗီချီ (Avicii) ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း Night Club မှထိပ်တန်းအသံလွှင့်ဌာန ၄၀ အထိ ပင်မရေစီးကြောင်းမှ ခွဲထွက်ပြီး အီလက်ထရွန်နစ်ဂီတအဖြစ် တိုးတက်ပြောင်းလဲအောင် ထိုးဖောက်ကျော်လွှားခဲ့တဲ့ ပထမဆုံး DJ များထဲမှတစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ColdPlay အဖွဲ့ရဲ့ ကမ္ဘာတစ်ဝန်း အောင်မြင်ကျော်ကြားခဲ့တဲ့ “A Sky Full Of Stars” သီးချင်းကို စီစဉ်ထုတ်လုပ်ခဲ့ပါတယ်။ ပေါ့ပ်ဘုရင်မ မက်ဒေါနားရဲ့ Albumn ထုတ်လုပ်မှုမှာလည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။ အခြားသော နာမည်ကြီးအနုပညာရှင်တွေနဲ့လည်း Collab များလည်းပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ Ep Albumn Avicii (01) ဟာ Top Dance/Electronic albumn အတွက် Billboard Music Award မှာ ဇကာတင်ရွေးချယ်ခံထားရပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဗီချီ(Avicii) ဟာ အခုဆိုရင် သူအရမ်းချစ်တဲ့ ဂီတနဲ့ သူ့ကို အရမ်းချစ်တဲ့ ပရိတ်သတ်တွေကို ထားသွားခဲ့ရပါပြီ။ ဧပြီလ ၂၀ ရက် သောကြာနေ့ နေ့လည်အစောပိုင်းမှာ Oman နိုင်ငံ Muscat မြို့မှာ ဆုံးပါးခဲ့ပါတယ်။ သေဆုံးတဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၂၈ နှစ်သာရှိပါသေးတယ်။ အခုဆိုရင် နိုင်ငံအသီးသီးက DJ တွေ၊ အနုပညာရှင်တွေ၊ ပရိတ်သတ်တွေက သူ့အတွက် အောက်မေ့သတိရစာတွေ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ကြပါတယ်။ သူမရှိတော့ပေမယ့် သူဖန်တီးခဲ့တဲ့ ဂီတ သံစဉ်တွေက ကမ္ဘာအဝှမ်းမှာ ရှင်သန်ကျန်ရစ်နေစဲပါ။

Leave a Reply