နာမည်ကြီး ကုမ္ပဏီ တံဆိပ်တွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်များ

နာမည်ကြီး ကုမ္ပဏီ တံဆိပ်တွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်များ

0

နာမည်ကြီး Brand တွေမှာ ကိုယ်ပိုင်တံဆိပ်တွေ အသီးသီးရှိကြပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်တံဆိပ်တွေကို တချို့ကလည်း Design အတွက် အခကြေးငွေ အကုန်အကျခံပြီးတော့ သေချာရေးဆွဲခိုင်းထားတာမျိုးပါ။ အနောက်နိုင်ငံက logo ဒီဇိုင်းတွေကတော့ တကယ်ကိုအသေးစိတ်ကျလွန်းတယ်ဆိုတာ ငြင်းလို့မရတဲ့အကြောင်းကို Digitalrockstar ပရိတ်သတ်ကြီးအတွက်ပြောပြပါမယ်။

Toyota
Toyota ဟာဆိုရင် ကားတွေကို ထုတ်လုပ်ပေးနေတဲ့ ဂျပန်ကားကုမ္ပဏီဆိုတာ လူတိုင်းသိလောက်မှာပါ။ သူတို့ ကုမ္ပဏီရဲ့ ကမ္ဘာလုံးပုံစံအဝိုင်းလေးကတော့ TOYOTA ဆိုတဲ့ စာလုံးတွေကို ပေါင်းစပ်ပြီး ဒီဇိုင်းဆွဲထားတာပါ။

Fedex

ဒီတံဆိပ်ကိုမြင်ရင် အမြန်ချောပို့လုပ်ငန်းဆိုတာသိလောက်မှာပါ။ အမြန်ချောပို့ကုမ္ပဏီတွေထဲက နာမည်ကြီးကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ သူရဲ့ Logo အရ E နဲ့ X ကြားမှာ မြှားလေးမြှပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်နှစ်ခုဖြစ်တဲ့ အကျိုးသက်ရောက်မှုရှိရမယ်၊ မြန်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပါ။

Tour De France

Tour De France ဆိုတာကတော့ရှင်းပါတယ်။ သက်တမ်း ၁၁၄ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ စက်ဘီးစီးပြိုင်ပွဲရဲ့ နာမည်ဖြစ်သလို Logo ကလည်း Tour De France ဆိုတဲ့ စာလုံးတွေနဲ့ပုံဖော်ထားပါတယ်။ ထူးခြားတာကတော့ တံဆိပ်ပုံဖော်တဲ့နေရာမှာ စက်ဘီးစီးပြိုင်ပွဲရဲ့ သင်္ကေတ စက်ဘီးပုံပါအောင်ဆွဲနိုင်တာပါပဲ။

Amazon

Amazon ဆိုတာ ကမ္ဘာ့ထိပ်သီး online shopping တစ်ခုပါ။ Amazon တံဆိပ်မှာထူးခြားတာက A ကနေ Z ကို မြှားအဝါလေးဆွဲထားတာက A နဲ့စတဲ့ ပစ္စည်းကနေ Z နဲ့စတဲ့ပစ္စည်းအထိကို Amazon က ရောင်းတယ်ဆိုတာကို ရည်းညွန်းထားတာပါ။ ဒါပေမယ့် Customer တွေကတော့ အပြုံးပုံလေးဖြစ်အောင် မြှားအကွေးလေးဆွဲထားတယ်လို့ အမှတ်မှားနေကြပါတယ်။

Baskin Robbin

Baskin Robbin ကတော့ ရေခဲမုန့်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူရဲ့တံဆိပ်မှာတော့ BR ဆိုတဲ့နေရာက ဒီအတိုင်းဆိုမသိသာပေမယ့် သေချာကြည့်ရင် ၃၁ ဆိုတဲ့ ဂဏန်းပါနေပါတယ်။ အဓိပ္ပါယ်ကတော့ အရသာ ၃၁ မျိုးထိ ထုတ်လုပ်တယ်ဆိုတာကို ပြောချင်တာပါ။

Pinterest

Pinterest တံဆိပ်ကတော့ အနီဝိုင်းထဲမှာ P စာလုံးပါနေတာပါ။ အဓိပ္ပါယ်ကတော့ ရုံးသုံးပင်အပ်လေးကိုပြထားတာပါ။ Pinterest မှာ ပင်အပ်လိုသေးသေးလေးကအစရှာလိုရတယ်ဆိုတာကို ရည်ရွယ်ထားပုံရပါတယ်။

Hyundai

Hyundai က ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးကားကုမ္ပဏီတစ်ခုပါ။ Hyundai တံဆိပ်ရဲ့ H စာလုံးအစောင်းက လူနှစ်ယောက်လက်ဆွဲနှုတ်ဆက်နေတာကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။

Leave a Reply