နည်းပညာလောကမှမာနရှင် Apple ၏ ထူးခြားချက်များ

နည်းပညာလောကမှမာနရှင် Apple ၏ ထူးခြားချက်များ

0

နာမည်ကျော် Apple ကုမ္ပဏီကိုတော့ လူတိုင်းသိနိုင်လိမ့်မည်ထင်ပါတယ်။ အများနှင့်မတူတဲ့ Patform တစ်ခုမှာ လျောက်လှမ်းနေတဲ့ Apple ကို နည်းပညာလောကမှ မာနရှင်မလေးလို့ တင်စားလိုက်ချင်ပါတယ်။ 1976 ခုနှစ် ဧပြီလတစ်ရက်နေ့မှာ ကမ္ဘာကျော်လာမည့် apple ကို Steve Job, Steve Wozniak, and Ronald Wayne တို့ကစတင်မျိုးစေ့ချ စိုက်ပျိုးခဲ့ပါတယ်။ Apple ရဲ့ထူးခြားချက်တွေက နည်းပညာလောကကို ဘယ်လိုဦးဆောင်ခဲ့လည်းဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Apple ကုမ္ပဏီ၏တန်ဖိုးက (2015) ခုနှစ်မှာ ဒေါ်လာ (၇၀၀) ဘီလီယံအထိရှိလာပါတယ်။ ဒီစာရင်းဟာ Search engine ဘီလူးကြီးဖြစ်သည့် Google ထက်တောင် နှာတစ်ဖျားသာပြီး တန်ဖိုးကြီးသွားခဲ့ပါတယ်။

(၂) ကျွန်တော်တို့ User တွေအမြင်မှာ Apple နဲ့ Samsung ဟာ မဟာပြိုင်ဘက်တွေလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ Apple တချို့ထုတ်ကုန်တွေရဲ့ retina skin တွေကို Samsung က ထုတ်လုပ်ပေးနေရတာပါ။ ဒါ့အပြင် Iphone 6s ရဲ့ memory chip ကိုလည်း samsung ဆီမှ ၀ယ်ယူသုံးစွဲရတာပါ။

(၃) Apple ၏ Stock ရှယ်ယာတန်ဖိုးဟာ (၂၀၁၄) ခုနှစ်မှာ တစ်ယူနစ်ကို ဒေါ်လာ (၆၄၅) ကနေ (၆၉၄) အတွင်းရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

(၄) Apple ကွန်ပျုတာတစ်လုံး၏တန်ဖိုးဟာ (၂၀၁၃) ခုနှစ်လောက်တုန်းက ဒေါ်လာ (၃၈၇၀၀၀) လောက်ရှိခဲ့ဖူးပါတယ်။

(၅) Apple ရဲ့ပထမဆုံးရှယ်ယာကိုတော့ ဒီဇင်ဘာ (၁၂) ရက် (၁၉၈၀) မှာစတင်ရောင်းချခဲ့ပါတယ်။

(၆) ပထမဆုံးရှယ်ယာရောင်းရငွေကိုတော့ Macintosh and Lisa တို့ထုတ်လုပ်ရာမှာ အသုံးချခဲ့ပါတယ်။

(၇) တရုတ်သည် Apple ၏ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်ပါတယ်။

(၈) Apple ၏ခေါင်းကိုင်ဖခင်ဖြစ်တဲ့ Steve Job ဟာသူ့အသက်(၃၀) အရွယ်မှာ Apple မှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

(၉) Apple ကတော်တော်လျို့ဝှက်သည့် ကုမ္ပဏီတစ်ခုပါ။ သူတို့စီမံကိန်းတွေကို အတုအပကိစ္စတွေနှင့်တွဲပြီး လုပ်ဆောင်တတ်ကြပါတယ်။ Apple မှာသတင်းပေါက်ကြားရိုးထုံးစံမရှိခဲ့ပါဘူး။

(၁၀) Apple ဟာသူတို့ကွန်ပျုတာကို စတင်ထုတ်လုပ်တဲ့အချိန်တုန်းက ကွန်ပျုတာတစ်လုံး၏ကုန်ကျငွေဟာ ဒေါ်လာ ၆၆၆ လောက်အထိရှိပါတယ်။

(၁၁) Apple အတုရောင်းချတဲ့စတိုးဆိုင်တွေဟာ တရုတ်ပြည်အမြောက်အများမှာရှိပါတယ်။

(၁၂) Apple ၏ CEO ဖြစ်တဲ့ Tim Cook ဟာ (၂၀၁၄) ခုနှစ်ကဒေါ်လာ ၇ ဘီလီယံရှာနိုင်ခဲ့ပါတယ်။

(၁၃) Apple ရဲ့မူလလက်ဟောင်းတံဆိပ်ကိုတော့ Ronald Wayne ကရေးဆွဲခဲ့တာဖြစ်ပါတယ်။

(၁၄) လူတော်တော်များများက Apple ၏ Co founder ဖြစ်တဲ့ Ronald Wayne ကိုမေ့လျော့နေပါတယ်။ သူရဲ့ပိုင်ဆိုင်မှု ရှယ်ယာက Apple နုစဉ်က (၈၀၀) ဒေါ်လာအထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၀) ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပါတယ်။

(၁၅) Apple ၏ ၀င်ငွေဟာအီကွေဒေါ၊ လစ်ဗျား၊ အီရက်တို့၏ GDP ထက်ပိုများပါတယ်။

အထက်ပါအချက်အလက်တွေကတော့ မာနရှင်မလေး Apple ရဲ့ထူးခြားဆန်းပြားလှတဲ့အချက်တွေဖြစ်ပါတယ်။

Leave a Reply