DC အနေနဲ့ Marvel ကိုဘယ်တော့မှမကျော်တတ်နိုင်တဲ့ အချက် (၄) ချက်

DC အနေနဲ့ Marvel ကိုဘယ်တော့မှမကျော်တတ်နိုင်တဲ့ အချက် (၄) ချက်

1

ကျွန်တော်တို့ လူလတ်ပိုင်းတွေအပြင် 1990 နဲ့ 2000 ကြားလောက်မှာ မွေးတဲ့လူငယ်တွေအတွက်တော့ ငယ်စဉ်က အပျင်းပြေပွတ်စရာ ဖုန်းမရှိသေးပါဘူး။ 2000 ခုနှစ်ကို လေးငါးနှစ် ကျော်လာတဲ့အချိန်မှာတော့ ရပ်ကွက်တွေမှာ တီဗီတွေ၊ DVD စက်တွေကိုယ်စီရှိလာပါတယ်။ အခွေဆိုင်တွေမှိုလိုပေါက်လာပြီ်း နိုင်ငံခြားအခွေရော မြန်မာအခွေရော ထိုဆိုင်တွေမှာ ကျွန်တော်တို့အစုံအလင်ငှားလို့ရပါတယ်။

ထိုအချိန်ကထွက်တဲ့ နိုင်ငံခြား Super Hero ဇာတ်ကားတွေကတော့ ကျွန်တော်တို့အသည်းကျော်ပါပဲ။ အခွေတိုင်းကိုငှားကြည့် ၀ယ်ကြည့်ခဲ့ပါတယ်။ ကျောင်းသုံးစာအုပ်တွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေကအစ Super Hero ပုံတွေနဲ့ရှိနေမှခေတ်မှီတယ်လို့ခံစားခဲ့ရပါတယ်။

ထိုဟာလေးတွေကို မိဘက မ၀ယ်ပေးရင်လည်း မအိပ်နိုင်မစားနိုင်အိမ်ကို ဆန္ဒတွေလည်းပြဖူးပါတယ်။ ကျွန်တော်ကလေးဘ၀လောက်ထဲက Dc က hero တွေထက် Marvel က Hero တွေကို ပိုပြီးကြိုက်နှစ်သက်ခဲ့ပါတယ်။ နည်းနည်းစဉ်းစားတွေးခေါ်တတ်တဲ့အချိန်နဲ့ Internet တွေ မြန်နှုန်းမြင့်ခေတ်စားလာတဲ့အချိန် တိုက်ဆိုင်သွားတဲ့အခါမှာတော့ ကျွန်တော် Marvel နဲ့ Dc အကြောင်းတွေကို အသေးစိတ်လေ့လာခဲ့ပါတယ်။ အခွေဟောင်းတွေအပြင် ရုံတင်သမျှ Hero ကားတွေကိုလည်း မလွတ်တမ်းပြန်ကြည့်ခဲ့ပါတယ်။ ထိုချိန်မှာတော့ Marvel က Dc ထက်ဘာတွေပိုသာသလဲဆိုတာ ကျွန်တော်ပြတ်ပြတ်သားသားကြီးတွေ့လိုက်ရပါတယ်။ ဘာတွေဘယ်လို Dc မှာ လိုအပ်ချက်တွေရှိတယ်ဆိုတာ Digital Rockstar ပရိသတ်ကြီးကိုပြန်လည်ဖောက်သည်ချချင်ပါတယ်။

(၁) DC က hero တွေက ကျွန်တော်တို့ယုတ္တိကမ္ဘာနဲ့တော်တော်ကွဲလွဲနေတယ်။

Marvel က အဓိက hero တွေဖြစ်တဲ့ Ironman, Spiderman, Wolverine တို့က ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲ။ ကုသိုလ်ကံအကြောင်းတရားတွေနဲ့ တီထွင်နိုင်စွမ်းတွေမြင့်မားခဲ့လိုသာ Superhero တွေဖြစ်ခဲ့တာပါ။ ကဲဒါဆို DC ဘက်တစ်ချက်ကြည့်ရအောင်။ Superman, the Flash နဲ့ Aquaman အစရှိတဲ့ DC က hero တွေဟာ လူသာမန်တွေလိုမဟုတ်ပါဘူး။ သူတို့ရဲ့အစွမ်းသတ္တိတွေ ဗီဇတွေဟာ ကျွန်တော်တို့ကမ္ဘာနဲ့တော်တော်ကွဲထွက်သွားပြီး ဘယ်လိုမှကိုဆက်စပ်လို့မရဘဲ ဆီနဲ့ရေလို ကွာခြားနေတာပါ။ သူတို့ရဲ့တည်ဆောက်ထားတဲ့ ဇာတ်လမ်းသဘောထားအရလည်း ဘယ်အလုပ်အကိုင်မှမယ်မယ်ရရမရှိဘဲ Super hero ဖြစ်ဖို့အတွက်မွေးဖွားလာသလိုဖြစ်နေပါတယ်။ ဒါဟာ DC ရဲ့ အဓိက အားနည်းချက်ပါ။

(၂) Avanger က Justice League ထက်တော်တော်လေးကိုပိုကောင်းတယ်။

Avanger ထဲမှာက လူသားစစ်စစ်မဟုတ်တာဆိုလို့ Thor တစ်ယောက်ပဲပါရှိပါတယ်။ လက်တွေ့လောကမှာလည်း တချို့လူတွေက Thor ကိုနတ်ဘုရားလို့ယုံကြည်ထားကြပါတယ်။ Justice League မှာတော့ ကမ္ဘာကြီးနဲ့မျိုးရိုးဗီဇ မတူတဲ့ မိုးကျရွေကိုယ်ဖန်ဆန်း Hero တွေ အများအပြားပါဝင်နေတာလည်းဖြစ်ပါတယ်။

(၃) Dc Hero တွေက အသက်ခံရဖို့ပိုလွယ်တယ်။

Comic တချို့နဲ့ Movie အချို့မှာတော့ Marvel ရော Dc ရောက Hero တွေဟာဇာတ်သိမ်းမလှဘဲ အသက်ခံခဲ့ရတာတွေရှိပါတယ်။ ဒါပေမဲ့ Dc က Hero တွေကိုတော့ သတ်ရတာပိုလွယ်ကူပြီး သူတို့ဟာ စွမ်းအားအမြင့်ဆုံးဖြစ်အောင်ဖန်ဆင်းထားတဲ့ Hero တွေဆိုတာကိုတောင်မေ့မေ့သွားတတ်ပါတယ်။

(၄) Marvel က ဗီလိန်ဇာတ်ကောင်တွေထက် Hero ဇာတ်ကောင်တွေကို ပိုအသားပေးဖန်တီးတယ်။

Marvel လို့တစ်ယောက်ယောက်ကဆိုလိုက်တာနဲ့ ကျွန်တော်တို့အရင်ဆုံးပြေးမြင်မိမှာကတော့ Iron Man, Thor, Silver Surfer, Captain Marvel, the Hulk, Captain America, Wolverine, Professor X, Cyclops, Nicky Fury အစရှိတဲ့ hero တွေကိုပါပဲ။ DC လို့ဆိုတာနဲ့ DC ဖန်တွေပထမဆုံးမြင်တာက The Joker, Bane, Lex Luthor, General Zod, V အစရှိတဲ့ ဗီလိန်တွေပါပဲ။ သူတို့ DC ဟာ Super hero တွေကိုပရိသတ်စိတ်ဝင်စားအောင်Creative ပိုလုပ်ရမယ့်အစား ဗီလိန်တွေကိုပဲ မိကပ်တပြင်ပြင်နဲ့သနေတာဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေကတော့ Marvel က Dc ကိုဘယ်တော့မှမကျော်တဲ့ အချက်လေးချက်ဖြစ်ပါတယ်။ သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ…

1 Comment

Leave a Reply