ဆာအဲလက်စ်ဖာဂူဆန် (သို့မဟုတ်) ယူနိုက်တတ်ကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့သူ

ဆာအဲလက်စ်ဖာဂူဆန် (သို့မဟုတ်) ယူနိုက်တတ်ကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့သူ

0

အင်္ဂလန်မြေမှာအောင်မြင်မူတွေဆောင်းနိုင်ခဲ့သူ၊ ဘောလုံးလောကခေတ်ဟောင်းကနေ မော်ဒန်ခေတ်သို့ပြောင်းလဲချိန်မှာ အကောင်းဆုံးတိုက်ပွဲဝင်ခဲ့သူ၊ နည်းစနစ်ကြွယ်ဝပြီး ပွဲကိုအလှည့်အပြောင်းများစွာလုပ်နိုင်တဲ့နည်းပြတစ်ယောက်ကိုပြောပါဆိုရင် အဲလက်စ်ကိုဘဲပြောရမှာဖြစ်ပါတယ်။ အမြဲလိုလိုပီကေ၀ါးနေတတ်ပြီး အေးဆေးတည်ငြိမ်လွန်းတဲ့သူ့မျက်နှာဟာ ယူနိုက်တက်ပရိသတ်တွေသာမက တခြားအသင်းပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်လွန်းပါတယ်။

ဘောလုံးမျိုးဆက်များစွာကို အသင်းမှာပြုစုပျိုးထောင်နိုင်ခဲ့ပြီး ဘက်ဟမ်း၊ ရော်နယ်ဒိုအစရှိတဲ့ ကြယ်ပွင့်အများအပြားကိုပြုစုပိျုးထောင်ပေးနိုင်သူဖြစ်ပါတယ်။ အများနှင့်မတူ တမူထူးခြားလွန်းတဲ့ သူရဲ့ဘောလုံးဗျုဟာတွေကြောင့် ယူနိုက်တက်ပရိသတ်တွေရင်ထဲမှာ အမြဲလိုနေရာတစ်ခုယူထားနိုင်သူဖြစ်ပါတယ်။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်တွေအထိတိုက်ပွဲဝင်စိတ်ရှိအောင် အသင်းသားတွေကို သရဲနီစိတ်ဓာတ် မွေးမြုပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူအနေနဲ့ ယူနိုက်တက်နဲ့အောင်မြင်မူတွေများစွာယူနိုင်ခဲ့ပြီး (၂၀၁၃) ခုနှစ်မှာတော့ အသက်အရွယ်ကြီးမြင့်လာမူကြောင့် ဘောလုံးလောကမှအနားယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဆာအဲလက်စ်ဇန်ဒါးချက်ပ်မန်း(အဲလက်စ်) ခေါ်ဖာဂူဆန်ကိုတော့ (၁၉၄၁)၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် Glasgowမြို့ Govan မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စကာ့တလန်လူမျိုးတစ်ယောက်ဖြစ်ပြီး ဘောလုံးသမားဟောင်းတစ်ယောက်လည်းဖြစ်တဲ့သူဟာ ကစားသမားဘ၀မှာ Queen’s Park, St. Johnstone, Dunfermline Athletic, Rangers,Falkirk, Ayr United အစရှိသောအသင်းတွေမှာ ကစားခဲ့ပြီး ပွဲပေါင်း (၃၂၇) ပွဲမှာ ဂိုးပေါင်း (၁၆၇) ဂိုး အထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘ၀မှာလည်း တိုက်စစ်မှူးနေရာမှာကစားခဲ့ပြီး အထိုက်အလျှောက်တော့ အောင်မြင်တယ်လို့ပြောရမှာဖြစ်ပါတယ်။

(၁၉၇၄) မှာတော့ East Stirlingshire အသင်းကိုစတင်နည်းပြအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိုနောက်မှာတော့ St Mirren , အဘာဒင်း, စကော့တလန်အမျိုးသားအသင်းတို့မှာ နည်းပြအဖြစ်တာဝန်ထမ်းခဲ့ပါတယ်။ (၁၉၈၆) ကနေ (၂၀၁၃) အတွင်းမှာတော့ ယူနိုက်တက်တစ်သင်းထဲမှာတင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်္ဂလန်ဘောလုံးလောကတွင် သက်တမ်းအရှည်ဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြလောကတွင်သမိုင်းတွင်လောက်အောင် အောင်မြင်ခဲ့ပြီး ဘောလုံးရပ်ဝန်းမှာတော့ အားလုံးရဲ့အားကျခြင်းကို အပြည်အ၀ခံရတာဖြစ်ပါတယ်။

ဗြိတိန်မှာ ဆုဖလားများစွာယူနိုင်ခဲ့တဲ့နည်းပြတစ်ဦးအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့တဲ့သူဟာ တစ်လတာ အကောင်းဆုံးနည်းပြဆုကိုလည်း မရေတွက်နိုင်အောင်ရယူထားတာလဲဖြစ်ပါတယ်။ သူရဲ့ အပြောင်မြောက်ဆုံးစွမ်းဆောင်ရည်တွေကြောင့် (၁၉၉၉) ခုနှစ်မှာ အဲလီဇဘတ် (၂) ဘုရင်မကြီးမှ နိုက်ဘွဲ့ အဖြစ်သူကောင်းပြုခဲ့ပါတယ်။ ဖာဂီအနားယူပြီးနောက်ပိုင်း ယူနိုက်တက်အခြေအနေကတော့ အနည်းငယ် ဆိုးရွားသွားခဲ့ပြီးယခုလက်ရှိနည်းပြမော်ရင်ညိုလက်ထက်မှာမှ အသင်းက အနည်းငယ်ပြန်လည်တည်ငြိမ်ခဲ့ရတာဖြစ်ပါတယ်။

ဖာဂူဆန်ခေတ်ကိုမှီတဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ယူနိုက်တက်နဲ့ ဖာဂီက တစ်သားထဲဖြစ်နေတာလည်းဖြစ်ပါတယ်။ ဖာဂီဟာအနားယူသွားပေမဲ့လည်း ယူနိုက်တက်ပွဲတွေကိုအမြဲလိုလို လာကြည့်နေတက်တာဖြစ်ပါတယ်။ သူကတော့ ဘောလုံးလောကကိုအကောင်းဆုံးဦးဆောင်ခဲ့ပြီး ကျွန်တော်တို့ကို ယူနိက်တက်ပရိသက်ဖြစ်လာအောင်အကောင်းဆုံးဆွဲဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply