စိတ်နာသွားနိုင်တဲ့ အချက် (၅) ချက်

စိတ်နာသွားနိုင်တဲ့ အချက် (၅) ချက်

0

ချစ်သူနှစ်ယောက် ချစ်လျှက်နဲ့ ကွဲသွား နိုင်ပါတယ်။ ချစ်သူနှစ်ယောက် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ ရှေ့ဆက်ခရီး ဆက်ပြီး နှစ်ယောက်ပေါင်း တစ်ဘဝကို တည်ဆောက်ဖို့ ရည်ရွယ်ထား ကြသူတွေပါ။ တစ်ချို့ ကိစ္စလေးတွေဟာ သင်သတိမထားမိပေမယ့် သင့်ချစ်သူ ကောင်မလေးတွက်တော့ အမြဲမှတ်မိပြီး စိတ်နာစရာလေးတွေ ဖြစ်သွားနိုင်ပါတယ်။ ကဲ… ဘယ်လို အချက်တွေကို ပြင်ဆင်ပြီး ချစ်သူကောင်မလေး အနားက ထွက်မသွားလုပ်ရမလဲ ဆိုတာ ဖတ်လိုက်ရအောင်…

၁။ စာပြန်မပို့မိခြင်း
သင့်ချစ်သူ ကောင်မလေး ပို့တဲ့ စာတွေကို ပြန်ဖြစ်အောင် ပြန်ပါ။ သင့်ကို သူမချစ်ရင် ဘယ်လို အကြောင်းအရာမှ သင့်စီကို ပို့နေမှာ မဟုတ်ပါဘူး။ အလုပ်ရှုပ်နေလို့ စာမပြန်ဖြစ်ရင်တောင် အလုပ်ရှုပ်နေကြောင်း ပြန်ပြောသင့်ပါတယ်။ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် သင့်ချစ်သူ ကောင်မလေး စိတ်ထဲမှာ ဆူးတစ်ခု အနေနဲ့ ဖြစ်သွားနိုင်ပါတယ်။

၂။ အရေးကြီးနေ့များကို မေ့နေခြင်း
မိန်းကလေးတွေဟာ သူတို့ ချစ်သူနဲ့ တူတူ ဖြတ်သန်းခဲ့တဲ့ နေ့တွေကို အမြဲမှတ်မိနေတတ်ပါတယ်။ အမှတ်တရ ပိုရှိတဲ့ နေ့မျိုးဆိုရင် ပြန်တွေးတောရင်းနဲ့ ပျော်ရွှင်နေတတ်တဲ့ အထိပါပဲ။ (ဥပမာ။ သင့်ကို အဖြေပေးတဲ့နေ့၊ ပထမဆုံး အနမ်းပေးတဲ့ နေ့) ဒီတော့ သင်တို့ ၂ ယောက်ကြားက အရေးကြီးတဲ့ နေ့ဆွဲတွေကို မှတ်မှတ်ရရ ထားပြီး လက်ဆောင် ဝယ်ပေးတာမျိုး ပြုလုပ် သင့်ပါတယ်။ အနည်းဆုံးတော့ မှတ်မိနေသေးကြောင်း ပြောပြသင့်ပါတယ်။

၃။ အခြားလူများနဲ့ အရမ်းရောနှောခြင်း
သင့်ချစ်သူ ကောင်မလေးက သင့်ကို သူထက်ပိုခင်ရတဲ့လူ ချစ်ရတဲ့လူ ရှိမှာ မလိုလားပါဘူး။ မိန်းကလေးတွေနဲ့မှ မဟုတ်ပဲ ယောင်္ကျားလေး အချင်းချင်းတောင် သူ့ထက် ပိုခင်ရင် မကြိုက်တတ်ကြပါဘူး။ သူတို့သာ သင့်ရဲ့ နံပါတ် ၁ ဖြစ်ချင်ကြတာပါ။ သင်ဟာ သင့်ချစ်သူ ကောင်မလေးရဲ့ တစ်ဘဝလုံး လက်တွဲဖော် ဖြစ်လာမှာလေ သင်ဟာ သူ့တွက်ပဲ ဖြစ်သင့်တာပေါ့။

၎။ အခြားလူများနှင့် နှိုင်းယှဉ်ခြင်း
ဘယ်သူ ကတော့ သူ့ထက် ဟင်းချက်ပိုတော်ကြောင်း၊ ဘယ်သူ ဝတ်ထားတဲ့ အထာက သူ့ထက်ပိုလှကြောင်း အစရှိတဲ့ အကြောင်းအရာများကို သူများနဲ့ ဘယ်တော့မှ သွားမနှိုင်းလိုက်ပါနဲ့။ သင်ကိုယ်တိုင်လဲ သူ့ကို အခြားလူတွေထက် ပိုချစ်လို့ ရွေးခြယ်ခဲ့တာပဲ။ နားလည်မှု ပေးပြီး လိုအပ်ချက်တွေကို သင်ကိုယ်တိုင် ပြင်ယူလို့ရပါတယ်။

၅။ မလိမ်ပါနဲ့
ဒါကတော့ ရှင်းရှင်းလေးပါ။ လိမ်ညာတာဟာ အချိန်တန်ရင် ပေါ်လာတာပါပဲ။ အလိမ်အညာကို မိန်းကလေးတွေက ပိုပြီး ဖော်ထုတ် နိုင်ပါတယ်။ ဒီတော့ မလိမ်မိပစေနဲ့။

ဒီအချက် ၅ ချက်ကို သင်ဟာ လုပ်မိထားပြီ ဆိုရင်တော့ အမြန်ဆုံး ပြုပြင်သင့်ပါပြီ။ သင့်ချစ်သူ ကောင်မလေးမှာလဲ သင့်ကို စိတ်နာစရာတွေ ရှိနေပါပြီ။ အချိန်ပေးပြီး သင့်ချစ်သူ ကောင်မလေးရင်ထဲက ဆူးကို သင့်ရဲ့ နွေးထွေးမှုတွေနဲ့ နှုတ်ယူနိုင်အောင် ကြိုးစားပါ။

ဒီအချက်တွေထဲက အနည်းငယ်ကို လုပ်မိထားပြီ ဒါမှမဟုတ် မလုပ်ရသေးဘူး ဆိုရင်တော့ ဒါကို ဖတ်ပြီး သင်နဲ့ သင့်ချစ်သူကောင်မလေး ကြားမှာ အတားအဆီးတွေ မရှိအောင် ကာကွယ် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Leave a Reply