စိတ်သွားတိုင်း ကိုယ်ပါဖို့ (၁၈+)

စိတ်သွားတိုင်း ကိုယ်ပါဖို့ (၁၈+)

0

လိင်ကိစ္စမဆောင်ရွက်မှီ
၁။ ကောင်းကောင်းအနားယူထားပါ။ သုတ်လွှတ်မြန်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြောင့်ပါ။ ကာမစွမ်းဆောင်ရည်မပြည့်ဝတာကို တခြားနည်းလမ်းပြောင်းပြီး မိမိစိတ်ဆန္ဒပြည့်ဝအောင် မဖန်းတည်း ပဲမနေပါနဲ့။ ယုံကြည်ချက်ထားပါ၊ ကိုယ့်ကိုယ်ကိုလေးစားပါ၊ ကြောက်ရွံသံသယစိတ်တွေက သင်နှင့်သင့်ရဲ့အဖော် နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်တိုင်းမကျတာတွေ၊ ငြူစူတာတွေဖြစ်စေနိုင်ပါတယ်။

၂။ ကိုယ်ကိုတိုင်လေ့ကျင့်ပါ။ “ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသလိုသဘာဝအတိုင်းတစ်ကိုယ်ရည်အာသာဖြေခြင်းက ကျန်းမာရေးအတွက် အထောက်အပံဖြစ်ပါတယ်။ မှန်မှန်ကန်ကန်ပြုလုပ်မယ်ဆို သက်လုံကောင်းလာစေနိုင်ပြီး အချိန်မတန်မှီ သုတ်လွှတ်စောတာကိုပါတားဆီးနိုင်မယ့်အပြင် စိတ်ဖိစီးမှုနှင့်စိုးရိမ်စိတ်တွေကိုပါ သက်သာရာရစေနိုင်ပါတယ်။ ဒီနည်းလမ်းက ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်ပြီး လိင်ကိစ္စဆောင်ရွက်တဲ့အခါ အကောင်းဆုံးဖြစ်လာစေနိုင်မှာပါ။

၃။ ဖြစ်နိုင်လျှင် ပုံမှန်လိင်ဆက်ဆံအဖော်ရှာပါ။ သင့်ရဲ့ဘဝလက်တွဲဖော်နဲ့သာ ဒီလိုကိစ္စမျိုးကိုဆောင်ရွက်တာအကောင်းဆုံးပါပဲ။ ဒါဟာအိပ်ယာထက်မှာ သင်ရဲ့စွမ်းဆောင်ရည်တိုးတက်လာဖို့ အလွန်ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီလိုဆိုသင်ဟာသူတစ်ယောက်တည်းနဲ့ လိင်ကိစ္စဆောင်ရွက်ဖို့ယုံကြည်မှုရှိလာသလိုခံစားရမှာပါ။

၎။ အကာအကွယ်သုံးပါ။ “မိုးရေစိုချင်လို့ မိုးရေထွက်ချိုးတာ ဘာလို့မိုးကာဝတ်ရမလဲ” ဆိုတဲ့အတွေးတွေကအရမ်းကိုမှားယွင်းပါတယ်။ အကာအကွယ်သုံးတာဟာ သားစက်ခြားဖို့အတွက်အသုံးဝင်သလို လိင်မှတဆင့်ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သဘာဝအတိုင်းခံစားရစေမယ့် အကာအကွယ်ပစ္စည်းတွေလဲပေါ်နေပါပြီ။

၅။ ဆေးလိပ်၊ အရက်နဲ့မူးယစ်ဆေးဝါတွေ ဖြတ်လိုက်ပါ။ ဒီအရာတွေက သင့်ရဲ့အိပ်ယာထက်က စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၆။ ဆေးဝါးကောင်းတွေမှီဝဲပါ။ သင်ရဲ့ပတ်ဝန်းကျင်မှာ အိမ်ထောင်ရေးသုခပြည့်ဝအောင် ကူညီပေးနိုင်တဲ့ ဆေးဝါးကောင်းတွေရှိပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး သောက်သုံးတာကတော့အကောင်းဆုံးပါပဲ။ TV ကြော်ငြာတွေမှာလဲ မကြာခဏလာနေတာသတိပြီးကြည့်ကြည့်ပါ။

လိင်ကိစ္စဆောင်ရွက်နေစဉ်

၁။ အနမ်းချင်းဖလှယ်တာကနေစတင်ပါ။ ဒီအချက်က အိပ်ယာထက်ကကိစ္စဆောင်ရွက်ဖို့အတွက် အစပျိုးတာပါ။ အချိန်ကြာကြာအနမ်းချင်းဖလှယ်ပြီးရင် လိင်ကိစ္စဆောင်ရွက်ဖို့အတွက်စတင်လို့ရပါပြီ။ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့လက်တွဲဖော်က အနမ်းချင်းဖလှယ်ဖို့ကိုတောင် စိတ်မပါဘူးဆိုရင် ရှေ့ဆက်မတိုးတာအကောင်းဆုံးပါပဲ။

၂။ မကြာခဏပုံစံပြောင်းလဲပါ။ ဒီနည်းက အာရုံစူးစိုက်မှုကိုပြောင်းလဲနိုင်ပါတယ်။ ကွဲပြားခြားနာတဲ့ပုံစံတွေက စိတ်လှုပ်ရှားမှုတွေပေးစွမ်းနိုင်လို့ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်မှုအပြည့်အဝရစေမှာပါ။

၃။ ကိုယ့်ကိုကို အာရုံစိုက်နိုင်ဖို့ကြိုးစားပါ။ သင်လိင်ဆက်ဆံနေစဉ်အတွင်း အလွန်စိတ်လှုပ်ရှား နေရင် အလုပ်ကိစ္စ ဒါမှမဟုတ် ကျောင်းကိစ္စလိုမျိုး ဘာမှမဆီမဆိုင်တဲ့ကိစ္စတစ်ခုကို စဉ်းစားလိုက်ပြီး အာရုံလွှဲဖို့ကြိုးစားပါ။ အာရုံစူးစိုက်မှုလွှဲလိုက်ခြင်းက အနားယူဖို့ နဲ့ နှေးကွေးသွားဖို့ ကူညီပေးနိုင်ပါတယ်။

၎။ ဖြည်းဖြည်းမှန်မှန်နဲ့ အသက်ဝအောင်ရှူပါ။ လိင်ဆက်ဆံနေစဉ်အတွင်း အသက်ဖြည်းဖြည်းရှူပေးတာ လိင်ကိစ္စဆောင်ရွက်တာကိုကြာမြင့်စေဖို့ကူညီပေးပါတယ်။ အသက်ဝဝရှူနိုင်ဖို့ကြိုးစားပါ။ ဒီနည်းက တည်တည်ငြိမ်ငြိမ်နဲ့ ကာမသုခ ပြည့်ဝစေမှာပါ။

၅။ သင်ရဲ့အဖော်ကိုလဲ စိတ်တည်ငြိမ်နေပါစေ။ သင်ရဲ့အဖော် စိတ်ဖိအားကင်းပြီး တည်တည်ငြိမ်ငြိမ်ရှိနေတာကလည်း သင့်ကို စိတ်ကျေနပ်မှုအပြည့်အဝရစေမှာပါ။

အဓိကအချက်များ

  • ကိုယ့်ကိုကိုယ်အချိန်ယူပြီးပြင်ဆင်ပါ။
  • နမ်းရှုပ်ခြင်းကနေစတင်ပါ၊ ပုံစံမကြာခဏပြောင်းပါ။
  • စိတ်မလှုပ်ရှားပါနဲ့။
  • ဖြည်းဖြည်း မှန်မှန် အသက်ဝအောင်ရှူပါ။
  • သင့်ရဲ့ အဖော်ကိုလည်း အနားပေးပါ။

 

Leave a Reply