ကလေးငယ်တွေ ပျော်ပျော် ရွှင်ရွှင် အိပ်ယာဝင်စေမည့် နည်းလမ်းများ

ကလေးငယ်တွေ ပျော်ပျော် ရွှင်ရွှင် အိပ်ယာဝင်စေမည့် နည်းလမ်းများ

0

လမ်းလျှောက်တတ်စ ကလေးငယ်တွေကို အိပ်ယာဝင်ဖို့ ပြုလုပ်ရတာဟာ အတွေ့ အကြုံမရှိသေးတဲ့ မိဘတိုင်း အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါ။ ဒီစာကို ဖတ်နေရပြီဆိုရင်တော့ အဲ့လောက်ကြီး စိတ်ပူဖို့ မလိုတော့ပါဘူး။ သင့်ရဲ့ ကလေးငယ်တွေကို အိပ်ယာဝင်ဖို့၊ ကောင်းကောင်း အိပ်ပျော်စေဖို့ နည်းလမ်းတွေ ရှိပြီးသားပါ။

၁။ စောစော အနားယူခိုင်းပါ။ သင့်ခလေးငယ်ရဲ့ အိပ်ယာဝင်ချိန် မတိုင်ခင် ၁ နာရီ အလိုလောက်မှာ သင့်ကလေး ငယ်ရဲ့ ပြေးလွှားဆော့ ကစားမှုတွေနဲ့ သွက်သွက်လက်လက် ဖြစ်နေမှုတွေကို ဖြေးဖြေးစီလျှော့ချ ပေးပါ။ ပြေးလွှား ဆော့ကစားပြီး သွက်လက်နေတဲ့ ကလေး ငယ်တစ်ယောက်ကို ချက်ချက် အိပ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၂။ ညအိပ်ခါနီး အချိန်တိုင်း တူညီတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ပေးပါ။ နည်းနည်း ပိုရှင်းအောင် ပြောရရင်တော့ မအိပ်ခင်မှာ သင့်ကလေးငယ်တွက် မျက်နှာသစ်ပေးခြင်း၊ သွားတိုက်ပေးခြင်း၊ ညအိပ်ဝတ်စုံ ဝတ်ပေးခြင်း နဲ့ ပုံပြင်ဖတ်ပြခင်း အစရှိတာတွေကို နေ့တိုင်းလုပ်ပေးပြီး သင့်ကလေးငယ်ကို အိပ်ချိန်တိုင်း လွယ်လွယ် ကူကူ အိပ်ပျော်အောင် သင်ကြားပေးနိုင်ပါတယ်။

၃။ သင့်ကလေးရဲ့ ပုံမှန်အိပ်ချိန်ကို လက်ခံပါ။ တစ်ချို့ ကလေးငယ်တွေဟာ အစောကြီး အိပ်ရာ ဝင်တတ်သလို တစ်ချို့ဟာလဲ နောက်ကျမှ အိပ်ရာဝင်တတ်ပါတယ်။ သူတို့ရဲ့ ပုံမှန် အိပ်ချိန် မှာပဲ သာသာ ယာယာ အိပ်ပျော်အောင် ပြုလုပ်သင့်ပါတယ်။

၎။ သင့်ကလေးငယ်ရဲ့ ငယ်အိပ်ယာကို ကလေးငယ် နှစ်သက်တဲ့ ပုံစံနဲ့ အိပ်ချင်စဖွယ် ပြင်ဆင်ထားပါ။ ရိုးရှင်းတဲ့ နည်းလမ်းလေး ဆိုပေမယ့် ကလေးငယ်တွေဟာ အိပ်ယာဝင်ရမှာကို ကြောက်နေတာ ဘယ်တော့ မှ မဖြစ်တော့ ပါဘူး။

၅။ အိပ်ချိန်နဲ့ နည်းကအပ်တဲ့ ညနေခင်း အချိန်မျိုးတွေမှာ သင့်ကလေးငယ်ကို တစ်ရေး မအိပ်ပါစေနဲ့။ လူကြီးတွေလိုပဲ ကလေးငယ်တွေဟာ မျက်စိကြောင်ပြီး ညဘက်မှာ မအိပ်ပဲ ဖြစ်တတ်ပါတယ်။

၆။ အိပ်ယာက နိုးရင် စားရမယ်ဆိုတဲ့ မုန့်တစ်ခုခုကို လက်ထဲကိုင်ထားစေပြီး အိပ်စေခြင်းဟာလဲ အိပ်ယာ ဝင်ရမှာ ကြောက်တတ်တဲ့တစ်ချို့ ကလေးငယ်တွေတွက် အလွန် အသုံးဝင်ပါတယ်။

၇။ အိပ်ချိန်မှာ ပျော်ပျော် ရွှင်ရွှင် အိပ်နိုင်စေဖို့ နေ့လည်ခင်းမှာ သင့်ကလေးငယ်တွက် လေကောင်း လေသန့် ရအောင် ဂရုစိုက်ဖို့ လိုပါတယ်။ နေရောင်ထဲမှာ ပြေးလွှား ဆော့ကစား နိုင်ဖို့လဲ ကူညီပေးသင့်ပါတယ်။

Leave a Reply