Gym မသွားခင် သိထားရမယ့် အချက် (၉) ချက်

Gym မသွားခင် သိထားရမယ့် အချက် (၉) ချက်

0

Gym သွားဆော့တဲ့အခါ အခက်အခဲရှိတတ်ကြပါတယ်။ သင်တန်းမှာအဆင်မပြေတာ၊ ကိုယ်ကိုဂရုမစိုက်တာမျိုးစတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ ဒီတော့ Gym တစ်ခုမှာသွားဆော့တဲ့အခါ ဘာတွေ လိုအပ်တယ်ဆိုတာကိုတော့ နည်းနည်း လေ့လာထားဖို့တော့ လိုအပ်ပါတယ်။ ဒီတော့ Gym သွားဆော့တဲ့အခါ အခက်အခဲမရှိရလေအောင် Digital Rockstar အဖွဲ့သားတွေက ဖော်ပြပေးလိုက်ပါတယ်။

၁။ Gym အကြောင်းအနည်းငယ်သိထားရပါမယ်။
Gym မှာ Member တစ်ယောက်ဖြစ်သွားပြီဆိုရင် ပုံမှန်အားဖြင့်တော့ တစ်ပတ်အတွင်း လေ့ကျင့်ဖော်တစ်ဦးရရှိဖို့ ကြိုးစားရပါမယ်။ ဒါမှ Gym မှာရှိတတ်တဲ့ အလေ့အထတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ လူနေမှုပုံစံတွေ သိလာနိုင်မှာပါ။ ဒီတော့မှ မှန်မှန်ကန်ကန်နဲ့ လေ့ကျင့်ဆော့ကစားနိုင်မယ်မဟုတ်လား။ ပြီးရင်တော့ ဘာတွေစားရမလဲ၊ Calories တွက်ချက်မှုတွေ၊ ညဘက်အပြင်ထွက်ပြီး သောက်စားပျော်ပါးမှုတွေနည်းအောင် စတာတွေကိုအစီအစဉ်ချရပါမယ်။ ကူညီဖေးမမှုမရှိ၊ နွေးထွေးမှုမရှိတဲ့ Gym မှာတော့ ဆက်နေဖို့မသင့်တော်ပါဘူး။

၂။ သင့်တစ်ဦးတည်းကိုပဲ ဦးစားပေးသင်မှာမဟုတ်ပါဘူး။
ဒီလိုဆို သင်နဲ့လေ့ကျင့်ချိန်တူပြီး လေ့ကျင့်ခန်းတူတဲ့သူတစ်ဦးရဲ့ လေ့ကျင့်ပုံတွေကိုစောင့်ကြည့်လေ့လာပါ။ ပြီးရင်တော့ အဲဒီလူနဲ့ ရင်နှီးအောင်စကားပြောကြည့်ပါ။ လေ့ကျင့်ခန်းအကြောင်းတွေ၊ Gym ဆော့ရင်းခင်ရတဲ့ ဘော်ဒါဖြစ်ကြောင်း၊ Gym ပြင်ပက နေထိုင်မှုပုံစံတွေ စတာတွေကိုလေ့လာသင်ယူပါ။ ဒါပေမယ့် သင့်ရဲ့အကြောင်းကိုတော့ ခရေစေ့တွင်းကျမပြောမိပါစေနဲ့။

၃။ ကိုယ့်ထက် senior ကျတဲ့ သူတွေဆီက ဗဟုသုတရှာပါ။
သူတို့က လူတစ်ယောက်ကို ဘယ်လိုစည်းရုံးရမလဲသိပြီးသားပါ။ အသစ်ရောက်လာတဲ့သူကို ကောင်းမွန်စွာကစားနိုင်ဖို့အတွက် ကူညီပေးတတ်ကြပါတယ်။ အလေ့အကျင့်ကောင်းတွေကို မျှဝေတတ်ကြတယ်။ ဒါဟာသင့်အတွက် ကြီးမားတဲ့ဆုလာဒ်တစ်ခုပါပဲ။

၎။ ရေချိုးခန်းမှာလဲ စိတ်ကိုလွတ်လပ်ပေါ့ပါးအောင်နေပါ။
Gym ရဲ့ ရေချိုးခန်းလိုနေရာမျိုးကတော့ တခြားနေရာတွေလို စည်းမျဉ်းပုံစံတွေ သတ်မှတ်ထားတာမျိုးမရှိတာကြောင့် အဆင်ပြေသလို ရေချိုးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ စိတ်လွတ်လပ် ပေါ့ပါးနိုင်စေဖို့အတွက် ရေချိုးသန့်စင်ဖို့အတွက် နေရာတစ်ခုပါပဲ။

၅။ သင့်ကိုလေ့ကျင့်သင်ကြားပေးတဲ့သူရဲ့ အပြုအမှုတွေကိုလေ့လာသင်ယူပါ။
Gym ခန်းမတော်တော်များများကတော့ သင်တန်းသားတစ်ယောက်နဲ့ ဆရာတစ်ဦးတွဲပြီး လေ့ကျင့်ပေးလေ့ရှိပါတယ်။ သင့်ရဲ့ ပထမရက်သတ္တပတ်ကို ဂရုတစိုက်နဲ့ကောင်းစွာ သင်ယူနိုင်ဖို့ အရေးကြီးပါတယ်။ နောက်အချိန်ကြာလာတဲ့အခါ အပေါင်းသင်းတွေများလာရင်တော့ ပုံမှန်အတိုင်းလွတ်လွတ်လပ်လပ် လေ့ကျင့်ဆော့ကစားနိုင်ပါပြီ။

၆။ ကြိုးကြိုးစားစားနဲ့ ဆုံးခန်းတိုင်အောင်လုပ်ပါ။
Gym ခန်းမရဲ့ တံခါးပေါက်ကဝင်လာကတည်းက အံသြစရာကောင်းလောက်တဲ့ပုံစံ ဖြစ်သွားအောင် လေ့ကျင့်ဆော့ကစားနိုင်ဖို့ စဉ်းစားထားပါ။ သင်ကိုယ်တိုင် သေခြာလေ့ကျင့်မှ သင်လိုချင်တဲ့ ပုံစံကို ရမှာပါ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ သင့်ကိုယ်စား မလေ့ကျင့်ပေး နိုင်ပါဘူး။

၇။ ဘယ် class မှာတက်မှဆိုတာမျိုးမရှိပါဘူး။
Gym ဆော့ဖို့အတွက်ကို အရမ်းနာမည်ကြီးပါတယ်ဆိုတဲ့ class မျိုးကိုရွေးချယ်စရာမလိုပါဘူး။ ဘယ် Gym ခန်းမမဆို အချိန်ဇယားပုံမှန်၊ လေ့ကျင့်ရေအစီအစဉ်ရှိပါတယ်။ သင်ကိုယ်တိုင်သင်တန်းဆရာရဲ့ လေ့ကျင့်သင်ကြားပေးပို့မှုကို ကောင်းစွာ လိုက်လုပ်နိုင်ရင်အဆင်ပြေပါတယ်။

၈။ ကိုယ်တိုင်လေ့ကျင့်ခြင်းနဲ့ ကျန်းမာရေးအသိတွေက မမှန်ကန်နိုင်ပါဘူး။
Gym ကို ပုံမှန်သွားပြီးလေ့ကျင့်သင်ကြားရပါမယ်။ ပုံမှန်မသွားဖြစ်ပဲ အိမ်မှပဲလေ့ကျင့်နေတာတွေက အမြဲတမ်းမမှန်ကန်နိုင်ပါဘူး။ Gym ဆော့ပြီးချိန်မှာ ပြုလုပ်ရမယ်အချက်တွေကလဲ သတ်မှတ်ချက်တွေရှိပါသေးတယ်။ ဒီတော့အတက်နိုင်ဆုံး Gym မှာပဲသွားရောက် လေ့ကျင့်သင့်ပါတယ်။

၉။ ဘာဝတ်ဝတ် ကိစ္စမရှိပါဘူး။
Gym မှာဝတ်ဖို့ အဝတ်အစားဆိုပြီး သတ်မှတ်ချက်မရှိတာကြောင့် ကိုယ်လက်လှုပ်ရှားမှုကို သက်တောင့်သက်သာဖြစ်စေမယ့် T-shirts လောက်ဆိုရင် အဆင်ပြေပါပြီ။

Leave a Reply