Social Media တွေ အသုံးမပြုတော့ရင် သင်ဘာဖြစ် လာမလဲ

Social Media တွေ အသုံးမပြုတော့ရင် သင်ဘာဖြစ် လာမလဲ

0

ယနေ့ခေတ် ကိုက social media ခေတ်… facebook လေးမသုံးရရင်ကို ခေတ်မမှီသလို ခံစားရတဲ့ ခေတ်။ ဒီလို ခေတ်မျိုးထဲမှာ social media တွေမသုံးတော့ ဘူးဆို သင်ဘာဖြစ် လာနိုင်လဲ…

၁. သင့်ရဲ့ လုပ်ရည် ကိုင်ရည်တွေ တိုးတတ်လာပါမယ်။ အရင်လိုမျိုး သင်အလုပ်လုပ်နေတဲ့ အချိန် သင့်ရဲ့ ဘေးဘက် စီက မြည်တတ်တဲ့ notification တွေကို သင်ဂရုစိုက်စရာ မလိုတော့ ပါဘူး။ Social Media ပေါ်က ဆက်သွယ်တတ်တဲ့ သင့်သူငယ်ချင်းတွေကိုလဲ ပြန်ပြောစရာ မလိုတော့လို့ သင့်ရဲ့ လုပ်ကိုင်ရည်က ပိုမိုတိုးတတ် လာပြီး ပိုမို မြန်ဆန်လာ ပါလိမ့်မယ်။

၂. သင့်ရဲ့ တိမ်မြုတ်နေတဲ့ ပျော်ရွှင်စရာ ဝါသနာ တစ်ခု ပြန်ပေါ်လာပါလိမ့်မယ်။ Social Media အသုံးပြုနေတုန်း ဆိုရင် သာဟာ အားလပ်တဲ့ အချိန် ဒါမှမဟုတ် ပျင်းနေတတ်တဲ့ အချိန်မျိုးတွေမှာ Social Media အသုံးပြုပြီး အချိန်ဖြုန်းတတ်မှာ အမှန်ပါပဲ။ Social Media ကို အသုံးမပြုတော့ဘူး ဆိုရင်တော့ သင်ဟာ အားလပ်တဲ့ အချိန်တွေမှာ သင်စိတ်ပျော်ရွှင်မယ့် သူဝါသနာ ပါရာ တစ်ခုခုကို လုပ်ဆောင် မိမှာပါ။

၃. သင့်စိတ်တွေ က တစ်ခုခုကို မျှော်လင့် နေသလို ဒါမှမဟုတ် တော်င့တ နေသလို ခံစားရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ social media ကိုရင်ဖွင့်စရာ နေရာ ဒါမှမဟုတ် စိတ်ထွက်ပေါက် တစ်ခု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ အတွက် သုံးပြုခဲ့ကြလို့လဲ ဖြစ်ပါတယ်။

၎. သင့်စိတ်တွေ တစ်ဖြည်းဖြည်း ပေါ့ပါးလာပါမယ်။ Social Media ဆိုတာ သင့်နားမှာ ၂၄ နာရီ အမြဲရှိနေတတ်ပါတယ်။ သင့်ရဲ့ timeline မှာ ဘာတွေလာရေး သွားကြမလဲ… ဒါမှမဟုတ် သင့်ရဲ့ newsfeed မှာဘာတွေ အသစ်တတ်နေမလဲလို့ စိတ်ဝင်စား ရမှုတွေ လျှော့နည်းလာပြီး သင့်စိတ်ဟာ ပေါ့ပါး လာပါလိမ့်မယ်။

၅. သင့်ဘဝ ကိုသင်ကျေနပ်ပြီး ပျော်ရွှင်လာလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ လူတော်တော် များများဟာ Social Media ပေါ်မှာ ပျော်ရွှင်စရာတွေကိုပဲ မျှဝေလိမ့် ရှိပါတယ်။ လူတိုင်းရဲ့ လက်တွေ့ ဘဝမှာတော့ ပျော်ရွှင်စရာတွေ အမြဲ ပြည့်နေတာ မဟုတ်ဘူးဆိုတာ သင်လဲ သိပြီးသားပါ။ ဒါပေမယ့် သင့်သူငယ်ချင်းတွေ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပျော်ရွှင်စရာ အကြောင်းတွေပဲ မြင်လာရတဲ့ အခါ သင့်ကိုယ်သင် အသုံမကျသူလို့ ခံစား လာရတတ်ပါတယ်။

၆. သင့်ရဲ့ အိပ်ချိန်တွေ ပိုရလာပါတယ်။ အရင်ကလို အိပ်ရာထဲမှာ ဖုန်းနဲ့ social media မသုံးတော့ တဲ့အတွက် အရင်ထက် ပိုပြီးစောစော အိပ်ပျော်လာပါတယ်။ ဒါကြောင့်လဲ သင့်အိပ်ချိန်တွေ ပိုရလာပြီး ပိုပြီး အိပ်ရေးဝလာမှာပါ။

၇. Social Media ကြောင့်သူငယ်ချင်းသစ်တွေ မိတ်ဆွေသစ်တွေ တိုးပွားလာသလို သူငယ်ချင်းဟောင်းတွေနဲ့လဲ အဆက်အသွယ် အမြဲ ရှိစေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် Social Media တွေကို သင်မသုံးတော့တဲ့ အခါ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောဖို့ အခွင့် အရေးတွေ ပေါ်လာ ပါလိမ့်မယ်။

Leave a Reply