စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၆) ကား

စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် (၆) ကား

0

လာမယ့် ရုံးပိတ်ရက်မှာ အနားလည်း ယူရင်း လေ့လာစရာတွေကိုလဲ လေ့လာ ပြီးသား ဖြစ်သွား နိုင်ဖို့ စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် ၆ ကားကို ရွေးချယ်ပေးလိုက်ပါတယ်။

Thanks You For Smoke

Marketing အကြောင်း စိတ်ဝင်စားတဲ့ သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါ။ Tobacco နဲ့ cigarette industry ရဲ့ ခက်ခဲတဲ့ အကြောင်းကိုလဲ လေ့လာခွင့် ရမှာဖြစ်ပြီး Public Relation အရေး ပါပုံတွေ, ပြဿနာတွေကို အဆင်ပြေအောင် ညှိနှိုင်းနိုင်မှုတွေ နဲ့ သတင်းအချက် အလက်နဲ့ ပေါင်းသင်း ဆက်ဆံရေးတွေဟာ ဘယ်လောက် အရေးပါလဲ လေ့လာ နိုင်ပါတယ်။

The Devil Wears Prada

ဒီကားဟာ သင့်စိတ်ကူးထဲက ရှိနေတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ စိတ်ဓါတ်ခွန်အား ပေးနိုင်ပါတယ်။ မမျှတတဲ့ လောကကြီးမှာ အခက်အခဲတွေထဲက ဘယ်လို ရုန်းထွက်ရပုံ နဲ့ အလုပ်အကိုင် အသစ်မှာ ဖြစ်ပေါ်တဲ့ အခက်အခဲတွေကို ဖြေရှင်းပုံ၊ သင့်ရဲ့ brand ကိုပိုကောင်းအောင် လုပ်ပုံ၊ ရောင်းချချင်း အတတ်ပညာနဲ့ media တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေကို အသုံးချပုံတွေကို အဓိက အသားပေးထားတဲ့ ဇာတ်လမ်းပါ။

How To Get Ahead In Advertising

Marketing အကြောင်း စိတ်မဝင်စားဘူး သိဖို့လဲမလိုဘူးဆိုတဲ့ လူတွေတောင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါ။ ဒီဇာတ်လမ်းထဲမှာ သင့်တွက် အနည်းဆုံး အနေနဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနည်းတွေ လေ့လာ နိုင်မှာပါ။ ဒီကားရဲ့ အဓိက အသားပေး အကြောင်း အရာတွေက ဘယ်လို ကြော်ငြာသင့် တာတွေ၊ သင့်ရဲ့ brand ကို လူတွေ လက်ခံအောင် ဘယ်လို လုပ်မယ် ဆိုတာတွေ လေ့လာ နိုင်ပါတယ်။

Lord of War

ဒီကားမှာ NicolasCage ဟာ လက်နက်မှောင်ခို ရောင်းဝယ်မှုကနေ ချမ်းသာလာခဲ့ သူပါ။ ဒီကားမှာ Action ခန်း မိုက်မိုက်လေးတွေကို ခံစားရ တဲ့အပြင် သင့် အတွက် လေ့လာမှု အနေနဲ့ ပြဿနာတိုင်းကို စနစ်တကျ ဖြေရှင်းမှုတွေ၊ ဖောက်သည်တွေရဲ့ သစ္စာရှိမှုကို ထိန်းသိမ်းထားနိုင်မှုတွေ၊ တင်းမာတဲ့ အခြေအနေတွေမှာ ပြေလည်အောင် ညှိနှိုင်း နိုင်မှုတွေ နဲ့ ကာလံဒေသံပေါ် မူတည်ပြီး အတွေးအမြင်ကို ပြောင်းလဲ အသုံးချနိုင်မှုတွေကို လေ့လာ နိုင်ပါတယ်။

Catch Me If You Can

ဒီကားနာမည်ကို ကြားတာနဲ့ Leonardo ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေကို ပြေးမြင်မိမှာ သေချာပါတယ်။ ဒီကားကို စွန့်ဦး တည်ထွင် လုပ်ငန်းရှင်တိုင်း ကြည့်သင့် ပါတယ်။ ဒီကားမှာ ပါဝင်တဲ့ အခက် အခဲတွေကို ဖြေရှင်းသွားပုံ၊ တည်ထွင် ကြံစမှု၊ ငွေဝင်နိုင်တဲ့ နေရာတွေကို မြင်တတ်တဲ့ စီးပွားရေး မျက်စိရှင်မှုနဲ့ ကိုယ့်စကားကို တစ်ဖက်သား အပြည့်အဝ ထောက်ခံအောင် ယုံကြည်အောင် ပြောဆို နိုင်မှုတွေကို လေ့လာနိုင်ပါတယ်။

Leave a Reply